Thursday, August 22, 2013

ဘတက်ရိုး

ကျွန်တော်တို့ ရွာမှာ အသက်အရမ်းရှည်ပြီး ဘာသာရေးဝေရာဝစ္စတွေကို အမြဲလုပ်နေတဲ့ အဘဦးတက်ရိုး

ဆိုတာရှိတယ်။ သူက ကုသိုလ်ကောင်းမှုတွေကြောင့်ရော ကျန်းမာရေးဂရုစိုက်မှုကြောင့်ရော ခုထိတော့

အသက်ရှည်နေတုန်း၊ ကျန်းကျန်းမာမာရှိနေတုန်းပါပဲ။ အသက်ကတော့ တစ်ရာနီးပါးရှိလောက်ပြီ

ထင်တာပါပဲ...

နောက် ကျွန်တော့်ဦးလေး ဦးငွေဆိုတာကလည်း ရုပ်တည်ကြီးနဲ့ အင်မတန် နောက်တတ်စတတ်တာကလား။

ကျွန်တော်တို့ ငယ်ငယ်ကဆိုလျှင် ကျောင်းပိတ်ရက်ဆို အဘတက်ရိုးက ဘုန်းကြီးကျောင်းအတွက် အလှူခံ

ဖို့ ရွာဦးဘုရားမှာ မြက်တွေရှင်းဖို့ အိမ်ပေါက်စေ့ လိုက်ခေါ်တော့တာပါပဲ။ အားလုံးကလည်း အဘတက်ဆိုလျှင်

ချစ်ကြတာဆိုတော့ သူဘာပဲပြောပြော၊ ဆဲဆဲဆိုဆို ပျော်နေကြတာပါပဲ... ပြောမရရင်တော့ တောင်ဝှေးစာ

မိတာပေါ့။

တစ်နေ့ ကျောင်းသားတွေနဲ့ ဘုန်းကြီးကျောင်းအတွက် အလှူခံထွက်ကြရတာပေါ့။ အလှူခံထွက်ရင် အဘတက်

တို့က လူကြီးပီပီ ယုန်မင်း သီချင်းလေးနဲ့ ဖွင့်မှ သဘာဝကျတယ်ထင်နေတာပေါ့။ ဦးငွေတို့လို လူငယ်တွေ

ကျတော့ အဲဒီအချိန်မှာ ခေတ်စားနေတဲ့ ဟင်္သာတ ထွန်းရင်ရဲ့... "ဥသြ" သီချင်းလေးဖွင့်ပြီး အလှူခံနေတာပေါ့။

ခဏခဏ "ဥသြ..." ဆိုတော့ အဘတက်လည်း နားကြားပြင်းကတ်လာရော... အဲဒါနဲ့ စက်သမားဆီကို အဘတက်

ရောက်လာပြီး "ပေးစမ်း အဲဒီ ဥသြ အခွေ" ဆိုပြီး တောင်းပါလေရော။ ဒါနဲ့ သူ့အကြောင်းသိတဲ့ ကိုမြင့်သန်းက

အခွေစုတ်ကြီးတစ်ခုကို ပေးလိုက်တာပေါ့။

အဘတက်လည်း အခွေကိုရပြီးရော မြေကြီးမှာချပြီး ဖနောင့်နဲ့ပေါက်ပါလေရော.. တစ်စစီဖြစ်သွားရော။

စိတ်ချလက်ချနဲ့ တစ်ခြားတစ်နေရာမှာ ဩဇာလိုက်ပေးနေပါတော့တယ်။ အဲဒါနဲ့ မြစ်တစ်ဖက်ကမ်းကိုကူး

ဖို့လုပ်တော့ စက်သမားက လှေတစ်စီး၊ အဘတက်တို့အဖွဲ့က လှေတစ်စီးပေါ့။ အဲဒီအချိန်လည်း ကျရော

လာပါပြီ "ဥသြ..." သီချင်း။ ဒီကြားထဲ အဘတက်တို့ရဲ့လှေကို ကျော်ဖြတ်ခါနီးမှာ ဟိုဘက်လှေဆီက...

"ဟ... တက်ရိုးကြီး ကျိုးသွားပဟ" ဆိုပြီး လှော်တက်ပဲကျိုးသွားသလိုလိုနဲ့ အဘတက်ကို စသွားပါလေရော။

အဲဒီမှာတင် အဘတက်က... "ဟင်... လာပြန်ပြီ ^#@#$%% ဥသြ... လိုက်စမ်း အဲဒီလှေကို..." ဆိုပြီးပြောတော့

အဘတက်လှေမှာရှိတဲ့လူတွေက လှေကို ဟန်ပြလောက်ပဲ လှော်တာပေါ့။ အဘတက်တစ်ယောက်ပဲ

ကုန်းလှော်နေတော့ လှေက ဘယ်မှမီပါ့မလဲ... အဲဒီတော့ သူ့လူတွေကိုကြည့်ပြီး "မင်းတို့က ငှီးဖြစ်လို့ မလှော်တာ

လား" ဆိုပြီး ဆဲပါလေရော... လူငယ်တွေကလည်း အဘတက်စိတ်ဆိုးလေ၊ ပျော်လေ ဖြစ်နေတာပေါ့။

ကုန်းပေါ်လည်းရောက်ရော တောင်ဝှေးစာမိပါလေရော.. ဒါပေမယ့် အဘတက်ကို ဘယ်သူမှစိတ်မဆိုးကြပါဘူး။

အဲဒါနဲ့ တည်းခိုမယ့်အိမ်တစ်အိမ်နား မရောက်ခင်မှာ ကောင်မလေးတွေ အများကြီးရှိနေတာပေါ့။ အဲဒီအချိန်

လည်းကျရော ကောင်မလေးတွေအနား မရောက်ခင် ဦးငွေက အဘတက်အနားကိုလည်းရောက်ရော အသံအ

ကျယ်ကြီး လေလည်ပါလေရော။ သူက လေလည်ရုံရိုးရိုးမဟုတ်ဘူး။ သူလေလည်ပြီးတော့ ကောင်မလေးတွေ

ဝိုင်းကြည့်တဲ့အချိန်မှာ သူက အဘတက်ကို လှည့်ကြည့်ပြီး သူမဟုတ်သလိုလို လုပ်သွားတာပေါ့။ အဲဒီတော့

အဘတက်ခမျာ ခြေလှမ်းတွေမှားပြီး အိမ်ပေါ်လည်းရောက်ရော ဦးငွေကို လိုက်ရှာတော့တာပေါ့။

သူ့အကြောင်းကို သိနေတဲ့ ဦးငွေကလည်း ပုန်းနေတော့တာပေါ့... ဦးငွေကိုလည်း မတွေ့ရော အဘတက်

မိုးမွှန်အောင် ဆဲပေါလေရောပေါ့...

                               အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ.....


No comments:

Post a Comment