Sunday, June 12, 2011

မှားလို့မရဘူး

Tags: ရယ်စရာ ပေါ့ပေါ့ပါးပါး

ဟိုအရင်ကဆို အဲဒီအကိုတွေနဲ့ အတူနေခဲ့ကြတာပါ။ မတွေ့ရတာလည်း အတော်ကြာနေပြီ။ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းပြီး အလုပ်လုပ်ခဲ့ရတဲ့ အချိန်တွေကိုတော့ အမြဲအမှတ်ရနေဆဲပါ။

တစ်ခြားနေရာတွေမှာ အလုပ်လုပ်ကြတာတော့ ဘယ်လိုဆိုတာမသိဘူး။ မလေးရှားမှာက မလေးမလေးတွေ၊ မလေးတရုတ်မလေးတွေကတော့ အရမ်းလှနေကြတော့ ဒီမှာအလုပ်လုပ်တဲ့သူတွေ ကိုယ့်နိုင်ငံ၊ ကိုယ့်မြို့ကို ပြန်ကြရင် မျက်လုံးတွေ၊ အပြောအဆိုတွေကတော့ အတော်လေး ရိုင်းနေပြီး အစမှာတော့ သိပ်အဆင်ပြေမှာမဟုတ်ကြဘူးလို့တော့ ထင်ပါတယ်။

လွန်ခဲ့တဲ့ (၇) နှစ်လောက်က အလုပ်အတူလုပ်ခဲ့ကြတဲ့ ကိုကြီးတစ်ယောက် ပြောပြတာကို ပြန်စဉ်းစားမိပါတယ်။ အဲဒီအချိန်က ကျွန်တော်က မလေးမှာ ၂ နှစ်လောက်ရှိပြီ၊ သူက နှစ်အတော်ကြာနေပြီ ၁၀ နှစ်လောက်ဖြစ်ရောပေါ့။ သူလည်း နှစ်တွေသာကြာပေမယ့် တစ်ခါမှ အလည်မပြန်ခဲ့ရသေးပါ။

သူက အဲဒီအချိန်မှာ ခွင့်နဲ့ အလည်ပြန်သွားခဲ့ပါတယ်။ နောက် မြန်မာပြည်မှာ နားပြီး သူပြန်လာတော့ သူပြောပြတဲ့ အကြောင်းတွေ နားထောင်ရင်း ညီအစ်ကိုတွေ ရယ်လိုက်ကြတာ အူကိုနာရော။

သူက ဘာပြောလဲဆိုတော့...

"ငါလည်း ဟိုရောက်သွားရော လာကြိုတဲ့သူတွေကို လှမ်းကြည့်လိုက်တော့... ဟာ... ငါ့မိန်းမဘေးနားက စော်လေးက ငါ့ကို ရှိုးနေပါလားပေါ့။ နောက်မှ အဲဒါ ငါ့သမီးဖြစ်နေလို့ ဟ"

တဲ့...

အင်းးးးးး... မျက်လုံးတွေ... မျက်လုံးတွေ...

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ........


No comments:

Post a Comment