Saturday, May 17, 2014

ဥရုဝေလ မှအပြန်
















အဝေး ကကြည့်လိုက်လျှင် လူစုလူဝေး စုစုရုံးရုံး မြူနှင်းတွေကြားမသဲမကွဲ တစ်ခုခုကိုကြိုးစားပမ်းစား 
လုပ်နေပုံ ရသည်။ ဆရာဖြစ်ဟန်တူသူက တပည့်များ ကိုအခြေအနေကြည့်၍ကြီးကြပ်နေပုံ လူပုံက
တည်တည်တန့်တန့် မုတ်ဆိတ်ကျ ဉ်စွယ်နှင့် လက်ပိုက်ပြီးကြည့်နေပုံ များ တော်ရုံတန်ရုံ လူတွေ
ဒူးထောက်သွားလောက်အောင် ခန့်ငြားလှသည်။တပည့် တပန်းတွေပေါများသလောက် တော်ရုံတန်ရုံ
ပေါ့ပျက်ပျက်တပည့်မျိုး ကိုဆိုလျှင် လက်မခံ ခံယူချက်ပြင်းပြင်းဖြင့် ၀ီရိယရှိသော တပည့်မျိုးကိုသာ လက်
ခံလေ့ရှိ၏။ သူ၏အမည် က ဥရုဝေလ ကဿ ပ ..ထိုနယ်တစ်ဝိုက်တွင်တော့ ဆရာကြီး တစ်ပါး မသိသူ
မရှိ  ကန်တော့ စရာဦးဦးဖျားဖျား လေးတွေဆိုလျှင် အရှင် ကဿ     ပ ဆီ အရင်ရောက်သည့် ကန်တော့်ခံ
ပူဇော်ခံလူစားမျိုး..လက်ရွေးစဉ်တပည့် ငါးရာခြံရံလျှက် ထိုတောအုပ်ကို အပိုင်စားရထားသည်။

ဥရုဝေလ တောအုပ်၏အေးမြလှသောဆောင်းရာသီ အချိန် ရေထဲမှာ ခိုက်ခိုက်တုန်နေသော တပည့်တွေက
 ဆရာ၏နှုတ်မှ အသံကို နားစွင့်ရင်း ရေထဲငုတ်လိုက် မွန်းကြပ်လာတော့မှ ရေပေါ်မှာလေတစ်ဝရှူ သွင်း
လိုက် လုပ်နေကြ သည်။နေကိုမော့ကြည့်လိုက်ရင်း ဥရုဝေလ နှုတ်မှစကားအများကြီးထွက်မလာ  "ဆွမ်း
စားကြ လော့" ဟူသောအသံကိုကြားလိုက်သည်နှင့် ကမ်းစပ်ပေါ်အသီးသီးတက်လာပြီး မီးဖိုသူကဖို
ဆရာကြီး အတွက်စားစရာပြင်သူပြင် ..အလုပ်ကိုယ်စီဖြင့် ယောက်ယက်ခတ်နေကြသည်ကို ဥရုဝေလ
ကျောက်တုံးတစ်တုံးပေါ်မှ ထိုင်ကြည့်ရင်း မိမိ ၏အရင်ကအချိန်များကို စဉ်းစားလိုက်မိသည်။ ဤကျောက်တုံး
ပေါ်၌မိမိထိုင်ခဲ့သည်မှာနှစ်ပေါင်း မနည်းတော့ ဒီအကျင့်အကြံတွေကျင့်ကြံခဲ့တာကလည်း အတော်ကြာခဲ့ပြီ
မိမိသီလတွေလည်း တစ်ပါးသူတွေထက်ဖြူစင်လို့သာ ဆရာနေရာကို ရနေခြင်းမဟုတ်ပါလော..ဟုတွေးရင်း
ပီတိဖြစ်ကာ ပြုံးမိလိုက်၏။သို့ပေမယ့် ကဿ ပစိတ်ထဲတွင် ဆရာ့ဆရာကြီးများသင်ကြားခဲ့သော နည်းများ
ပင်ဖြစ်လင့်ကစား ဒီကျင့်ကြံမှုများတွင် တစ်စုံတစ်ရာလိုအပ်ချက်ရှိနေသလို စိတ်ထဲမှာအမြဲ ဖြစ်ပေါ်
လျှက်ရှိ နေသည်။မိမိဘာသာ ရဟန္တာ ဖြစ်ပြီဟု သမုတ်ထားသော်ငြားလည်း မယုံမရဲစိတ်တွေ တစ်ခါတစ်
ရံဖြစ်ပေါ်လျှက်ရှိသည်။

" ဆရာကြီး စားဖွယ်များ အသင့်ဖြစ်ပါပြီ" ဟူသောအသံကြောင့် အရှင်ကဿ ပ၏အတွေးစဉ် ပြတ်သွားရင်း
တပည့်ကိုခေါင်းတစ်ချက်ဆတ်ပြလိုက်သည်။ မြစ် အောက်ဖက်တွေမှာမိမိလို တပညိ့များစွာနှင့်နေထိုင်ကြ
သော နဒီကဿ     ပနှင့် ဂယာ ကဿ ပ ကိုမဆီမဆိုင် သတိရလိုက်သေးသည်။ သြော်  ညီငယ်တို့ နှင့် 
စားဖွယ်လက်ဆုံ၍မစားရသည်မှာကြာမြင့်ပြီမဟုတ်ပါလော ကျန်းကျန်းမာမာမှရှိပါလေစ ။ အကိုကြီး၏
စကားကိုမြေ၀ယ်မကျ နားထောင်တတ်သော ညီငယ်များကို လွမ်းလိုက်ပါဘိတော့။ ဒီအကြင့်မြတ်တွေ
ကြင့်ကြံနေတဲ့ တပည့်များကိုလည်း မျက်စေ့ဒေါက်ထောက်ကြည့်နေရတာကြောင့်လဲ မိမိကိုယ်ကိုယ်ပင်
တစ်ခါတစ်ရံ ဂရုစိုက်ဖို့မေ့နေသည်။ ရေငုတ်ခြင်းဖြင့် သင်တို့ရဲ့ကိလေသာတွေ ဆေးကြောလော့ ။ရေငုတ်
အသက်အောင့်ခြင်းဖြင့် သမာဓိကိုရယူလော့ ဟူသောစကားကို  မြစ်ဆိပ်မသွားခင်နေ့စဉ်  မပျက် ဆုံးမနေ
ရသည်။ရဟန္တာ ဖြစ်ဖို့ဆိုလျှင် ဇွဲရှိမှ ခံနိုင်ရည်ရှိမှ ဒါကြောင့်လည်း တပည့်တွေကို သေသေချာချာရွေးချယ်
ပြီးလက်ခံထားခြင်းဖြစ်သည်။ရေ ထဲ မှာကြာရှည်စွာနေနိုင်ရန် ကျေးသား၊ ဇယ်ပုံ၊တံကျစ်ခုံ စသောကစား
နည်းတို့ကိုလည်းကစားခိုင်းရသေးသည်။ နေလုံးပင်ရေအောက်သို့ငုတ်လျှိုးလုနီးနီးဖြစ်နေပြီပဲ .မိမိ၏
လက်ရင်းသာဝက တစ်ပါးကိုလက် ယပ်ခေါ်လိုက်ပြီး အားလုံးကျောင်းသင်္ခမ်းသို့ပြန်ကြရင် လိုက်လံ ဆော်
သြခိုင်းရင်း မိမိက ပင်အရင်ပြန်လာခဲ့လိုက်သည်။

တဖြည်းဖြည်းလျှောက်လာရင်း ကျောင်းသင်္ခမ်းနားရောက်လာလေလေ ပို၍မှောင်လာလေပင် ၊ ကျောင်း
သင်္ခမ်းအ၀င်လမ်းလေးရောက်လာတော့တစ်စုံတစ်ယောက် ရောက်ရှိနေသလိုစိတ်ထဲမှာအေးခနဲခံစားလိုက်
 ရသည်။ ဤနေရာတွင်မိမိနေလာသည်မှာကြာပြီ ထူးထူးဆန်းဆန်း စိတ်တွင်း၌မဖြစ်စဖူး ၊သတိထားလာ
ရင်းလမ်းကွေ့အကျော်တွင် ရဟန်းတစ်ပါး ရပ်စောင့်နေသည်ကိုတွေ့လိုက်ရသည်။ ရဟန်း၏မျက်နှာ
သွင်ပြင်မှာ မိမိတစ်သက်တာတွင် တစ်ခါမှမမြင်ဖူး လောက်အောင်ချောမော တင့်တယ်နေပြီး မျက်ဝန်းများ
မှာ မိမိအားစိုက်ကြည့်လိုက် သည်နှင့် မိမိတစ်ကိုယ်လုံးထိုးဖေါက်သွားသည်ဟုထင်လိုက်မိသည်။ထိုသူ
အနီးသို့ ရောက်သည်နှင့်တစ်စုံတစ်ခု သောစွမ်းအားတွေ၏ အနီးကိုရောက်သွားသလိုခံစားလိုက်မိသည်။
ထူးဆန်းသည်ကအာဂနု ရဟန်းတွေ မကြာခဏ   လာတတ်ပေမယ့်စိတ်ထဲမှာဒါမျိုးမဖြစ်စဖူး။
အို.. ဘာပဲဖြစ်ဖြစ် သည်နယ်တစ်ဝိုက်မှာ မိမိ ကသာလျှင် လွှမ်းမိုးထားသည်ပဲ အာဂနု ရဟန်းတစ်ပါး၏
အရှိန်အ၀ါကို ရွံ့နေစရာအကြောင်း ဘာမှမ မရှိ။မိမိကသာလျှင် စကားစမြည် စပြောဖြစ်လိုက်သည်။

       " အဘယ်တစ်စုံတစ်ရာ အကြောင်းများ ရှိလို့ပါလဲ  ..ငါ့ရှင်"

       " ကဿ ပ သင့်အတွက်ဝန်မလေးဘူးဆိုရင် ကျောင်းအနားမှာရှိတဲ့ မီးတင်းကုတ်မှာတည်းပါရစေ"

အို...ရုပ်ရည်တင်ချောမောသည်မဟုတ် အသံကလဲ အင်မတန် အေးမြသလောက်သာယာလှပေတကား...
ဤအနီးတစ်ဝိုက်တွင်မိမိ ကို ကဿပ ဟုနာမ်စားသုံးပြီးခေါ်သူမရှိ  ဘာပဲဖြစ်ဖြစ် မိမိ၏စိတ်ထဲမှာအာဂနု
ရဟန်းကို  အလိုလို ဖိတ်ခေါ်ချင်နေမိသည်။သို့ပေမယ့် ဒီမီးတင်းကုတ် ကိုမီးပူဇော်ဖို့ မိမိပင်မ၀င်ရောက်
ဖြစ်တာ ကြာလှပြီ။လွန်ခဲ့သောလအတန်ကြာက မိမိသာဝကတစ်ပါးကို မီးပူဇော်ခိုင်းရာ ဘယ်ကရောက်
လာတဲ့ နဂါးတစ်ကောင်က အစွမ်းပြလိုက်သဖြင့် လောကကြီးမှထွက်ခွါသွားခဲ့ရပြီ။မိမိ အပါအ၀င် တစ်စုံ
တစ်ယောက်ကမှ နဂါးကိုထွက်ခွါသွားအောင်စွမ်းဆောင်နိုင်စွမ်းမရှိ။ သာဝကများကိုလည်းထိုမီးတင်းကုတ်
သို့ မသွားလာစေရန် ညွှန်ကြားထားပြီး မိမိလည်း ထိုအချိန်မှစ၍ခြေဦးပင်မလှည့်တော့။ယခုမူ အာဂနု
ရဟန်းကခွင့်တောင်းနေချေ ပြီ။မဖြစ်ချေ ဘူး မိမိကိုယ်တိုင်လည်းထိုအဂနုရဟန်းကိုမြင်မြင်ချင်း ခင်မင်မိချေ
ပြီ အန္တရာယ်တစ်စုံတစ်ရာဖြစ်သွားဖို့ကိုလည်းမလိုလား။

      " ရဟန်းကြီး သင်တည်းခိုမှာကိုငါက ၀န်မလေး မီးတင်းကုတ် အတွင်းမှာ ရှိတဲ့ နဂါးတစ်ကောင်ကြောင့်
သင်အန္တရာယ်တစ်ခုခုဖြစ်မှာစိုးတယ်" စိုးရိမ်တကြီးလေသံဖြင့်ပြောလိုက်မိသောမိမိကိုယ်မိမိပင် မယုံနိုင်၊
အာဂနုရဟန်းကတော့ တစ်စက်ကလေးမှစိုးရိမ်ပုံမပေါ် ရဲရင့်တည်ငြိမ်နေသည်။တစ်ခါမှမကြုံဖူးလို့ပဲလား..
အကြောက်အရွံ့မရှိလို့ပဲလားတော့မသိ စိုးရိမ်မိသည့် မိမိကိုယ်ကိုယ်ပင် ရှက်မိသည်။အာဂနုရဟန်းက..

                  " ကဿ  ပ ငါ့ကိုနဂါး ရန်မပြုနိုင်ပါဘူး  " ဟု တည်တည်ငြိမ်ငြိမ် ပဲ ပြန်ပြောလိုက်၏.
အာဂနုရဟန်းကိုသူပြော၍မရနိုင်မှန်း ကဿ     ပ သိသည် ။
    " အေးလေ ငါ့ရှင် သင် နေချင်သပဆိုရင် အန္တရာယ်ကိုကြည့်ပြီး သတိထားနေခဲ့ပေတော့ "ဟု ဆိုကာ
ကျောင်သင်္ခမ်းထဲကိုဝင်သွားလိုက်တော့၏။ စိတ်ထဲက သိပ်တော့မကောင်း ရဟန်းကြီးတစ်ခုခုဖြစ်မှာသူ
စိုးရိမ်နေသည်။ ညဖက် အိပ်လဲမပျော်ဟိုလှိမ့်ဒီလှိမ့်နှင့် မဖြစ်သေးပါဘူး ရဟန်းကြီး ရှိနေတဲ့ မီးတင်းကုတ်
ကိုတစ်စေ့တစ်စောင်းကြည့်ဦးမှ ဟုတွေးရင်းအပြင်ထွက်လာချိန်မှာ သူ့ပါးစပ်အဟောင်းသားဖြစ်သွားတော့
၏။ မီးတင်ကုတ်ကြီးမီးလောင်နေပြီထင်၏ ။ ဆရာကဿ  ပ   ၏အရိပ်အခြည်ကိုသိသော လက်ရင်းသာဝက
များကလည်းထွက်ကြည့်ကြ၏။ စကားနည်းသော ရှင်ကဿ ပ ဆို့နစ်ကြေကွဲသံဖြင့်
   " အချင်းတို့ ရုပ်အဆင်း အင်မတန်ချောမောသောငါတို့မိတ်ဆွေ ရဟန်းကြီးတော့ နဂါးပေါက်သတ်ပြီး
သေရှာပြီထင်ပါရဲ့" ဟုပြောရင်း စိတ်မကောင်းသောမျက်လုံးများဖြင့်လှမ်းကြည့်နေသည်။

သူမသိသေးသည်မှာ ထိုအာဂနုရုပ်ရည်ချောမောသောရဟန်းကား သုံးလောက ထိပ်တင် မြတ်ဘုရားရှင်
ဖြစ်နေခြင်းပင်။မြတ်စွာဘုရားရှင် သည် မီးတင်းကုတ်အတွင်းရှိ မြက်အခင်းထက်ဝယ် အာနာပါန ကမဌာန်း
ကိုစီးဖြန်းနေသည်ကို နဂါးတွေ့သောအခါ ဒေါသထွက်ပြီး မီးဝင်းဝင်းတောက်သောမျက်လုံးဖြင့်ထွက်လာပြီး
ခံတွင်းမှ ရဲရဲတောက်သော မီးလျှံ အခိုးအငွေ့ တွေမှုတ်ထုတ်ပြီးတိုက်ခိုက်သည်။ မြတ်စွာဘုရားသခင်မှာ
နဂါး၏ဒေါသကို နှိမ်နင်းချိုးလှန်တော်မူလိုသဖြင့် တေဇောကသိုင်းကို ၀င်စားလျှက် နဂါး၏အခိုးအလျှံ ထက်အဆများစွာပို သောအခိုးအလျှံတွေ လွှတ်တော်မူသည်။ ဘုရား နှင့်နဂါး၏အခိုးအလျှံတွေကြောင့်မီးပုံ
ကြီးလိုဖြစ်နေသည်ကို ရှင်ကဿ ပ တို့တွေမြင်နေရခြင်းသာဖြစ်သည်ကိုသူတို့မသိကြချေ။

" ကဲ ကဲ    ပြန်ပြီးအိပ်စက်ကြလေလော့ မနက်ဖြန်မနက် လင်းလင်းချင်းချင်းရှိမှပဲ တစေ့တစ်စောင်းသွား
ကြည့်ကြတာပ "  ဆိုသော ရှင်ကဿ ပ၏ အသံထွက်လာမှ လူစုခွဲကာ အသီးသီးဝင်သွားကြလေ၏။
ဥရုဝေလကဿပ ကားတစ်ညလုံးရင်ထဲမကောင်း ကျောင်းသင်္ခမ်းအတွင်၌ တည်းခိုစေရန်မပြောမိသော
မိမိ၏အပြစ်မ ကင်းသလိုလဲဖြစ်နေသည်။တွေးရင်းတွေးရင်းမှေးကနဲအိပ်ပျော်သွားသည်။နိုးလာတော့ ရောင်
နီတောင် လာတော့မှာပဲ ဟုတွေးရင်း ဖရိုဖရဲဖြစ်နေသောသင်္ဃန်းကို ကောက်ရုံလိုက်ပြီး အပြင်ကို ကမန်း
ကတန်းထွက်လာပြီး အာဂနုရဟန်းရှိသော မီးတင်းကုတ်ဖက်သို့လှမ်းကြည့်လိုက်စဉ်မှာပင် မိမိမျက်စေ့ကို
ပင်မယုံနိုင်လောက်အောင် မျက်လုံးကိုပွတ်သတ်ပြီးပြန်ကြည့်လိုက်မိသည်။မီးတင်ကုတ်အတွင်း မှ ခြေတစ်
လှမ်းချင်း လှမ်းထွက်လာသော မိမိ၏မိတ်ဆွေ ရဟန်းကြီး လက်ထဲမှာပိုက်ထားသော သပိတ် အတွင်းမှာ
ကား မိမိတို့နှစ်ပေါင်းများစွာ ကျီးလန့်စာစား ကြောက်လန့်နေရသော ကြောက်မက်ဖွယ်ရာနဂါးကြီး။သပိတ်
အတွင်းမှာအဆိပ်မရှိသော ရေမြွေ တစ်ကောင်နှယ် ငြိမ်သက် နေသည်။ အာဂနုရဟန်းက....
       " ငါ့ရှင် ကဿ ပ သင်တို့ကိုဒုက္ခပေးနေသောနဂါးမှာ ဤနဂါးလော"
       " ရဟန်းကြီး မှန်ပေ၏ " ဟု ကဿပ ကပြောလိုက်သည်။ ကဿ ပ၏တပည့်များမှာ အံ့သြတကြီးဝိုင်း
၍ကြည့်နေကြသော်လည်း ကဿ ပ၏စိတ်တွင်း၌ ...ဒီရဟန်းကြီး အတော်တန်ခိုးကြီးတာပဲ..ကြောက်စရာ
ကောင်းတဲ့နဂါးကြီး ကိုလည်း အေးအေးဆေးဆေး နှိမ်နင်းနိုင်တယ်......စိတ်တွင်း၌အထင်ကြီးစိတ်တွေပေါ်
လာသော်လည်း....ဟင်းးး   သူတန်ခိုးကြီးတာတော့ မှန်ပါတယ် ငါတို့လို ရဟန္တာတော့ မဟုတ်ပါဘူး...
ရဟန္တာဖြစ်ဖို့ လွယ်မှတ်လို့ ...ဟုတွေးရင်းအထင်ကြီးစိတ်တွေဖြောက်လိုက်ပြီး...
 " ရဟန်းကြီး သင်ဘယ်မှသွားမနေပါနဲ့ ငါတို့ဆီမှာပဲအမြဲနေပါလော့ ဒီမှာဆွမ်းအတွက်လည်းမပူရပါဘူး"
ဟု ကဿ ပ ကပြောလေလျှင်  အာဂနုရဟန်းလည်းဆိတ်ဆိတ်နေခြင်းဖြင့် ၀န်ခံလိုက်ပြီး ဥရုဝေလ ကဿ ပ၏ကျောင်းအနီး တောအုပ်အတွင်း၌ နေတော်မူလေ၏။

ဥရုဝေလကဿ ပ   လည်း အာဂနုရဟန်းအကြောင်းကိုတွေးနေ၏။ဒီရဟန်းတော်တော်တန်ခိုးကြီးလှချေလား
ငါ့မှာတော့ ဒီအကျင့်အကြံတွေကိုသေမလောက်နှစ်ပေါင်းများစွာ ကျင့်ကြံနေတာတောင် တန်ခိုးနဲ့တူဆိုလို့
တစ်ခါမှ မတွေ့ဖူး ဒီရဟန်းကျတော့ ရုပ်ရည်ကလည်း ဘယ်သူနဲ့မှမတူအောင်ချောမော တန်ခိုး ကလည်း
ဘာတစ်ခုမှကျင့်ကြံတာမတွေ့ရပဲ အင်မတန်ကြီး တော်တော် ကြည်ညိုဖို့တော့ကောင်းပါတယ်...ငါတို့လို
တော့ရဟန္တာ ဖြစ်ဟန်တော့မတူသေးပါဘူး လေ...ဟုတွေးရင် အိပ်မပျော်သေးသည်နှင့် ကျောင်းသင်္ခမ်း
အပြင်ကိုထွက်လိုက်ပြီး ဖြတ်တိုက်လာတဲ့ လေညှင်းလေးကိုခံရင်း တောအုပ်ဖက်ကိုအသာကြည့် လိုက်
တော့... အရှေ့ဖက်မှအလင်းရောင်တန်းကြီးတစ်ခု ကောင်းကင်ပေါ်ကကျလာပြီး တောအုပ်အတွင်း ၀င်
သွားတာတွေ့လိုက်ရတော့ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ခဏတာ မှင်သက်နေမိ၏။ ဘာဖြစ်တာလဲ
တော့မသိဘူး ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တောင်ဖက်ကတစ်ခု မြောက်ဖက်ကတစ်ခု အလင်း
တန်းကြီးနှစ်ခု တောအုပ်အတွင်းဆင်းသွားစဉ် မရှေးမနှောင်း အနောက်ဖက်ကပါ အလင်းတန်းကြီးတစ်ခု
ထပ်မံဆင်းသွားသည်ကိုတွေ့ရပြန်တော့ ကျောင်းသင်္ခမ်းအတွင်းသို့ ၀င်ပြီး လက်ရင်းသာဝက နှစ်ဦးကို
ခေါ်ပြီးမီးတုတ်ကို ယူခဲ့ခိုင်းလိုက်ပြီး တောအုပ်ဖက်ကိုသွားကြည့်တော့  အရောင်အ၀ါတွေ တောက်နေတဲ့
သူလေးဦးက ရဟန်းကြီး နှင့် မနီးမဝေးနေရာများတွင် ငြိမ်သက်စွာထိုင်နေကြသည်ကို မိမိရော မိမိသာဝက
တွေရော တွေ့လိုက်ကြရသည်။ မိမိတပည့်တွေမျက်နှာကို ကြည့်လိုက်တော့ ထိုနေရာကိုတလှည့် မိမိကို
တစ်လှည့်ကြည့်ပြီးအတော်အံ့အားသင့်ကာတစ်စုံတစ်ရာပြောချင်နေကြပုံရသည်။ ရဟန်းကြီးဆီရောက်
အောင်သွားမည်ပြုပြီးမှ မိမိနှင့်မဆိုင်ပါဘူးလေ သိချင်တာရှိရင်နောက်နေ့မှမေးတော့မယ်ဟုဆုံးဖြတ်လိုက်
ပြီး သာဝကနှစ်ဦးကို လက်ကိုရမ်းပြလိုက်ရင် ကျောင်းသင်္ခမ်းဆီကိုသာပြန်လာလိုက်တော့၏။

နောက်နေ့မနက်အရုဏ်တက် အချိန်၌ ကဿ ပ ကိုယ်တိုင် တောတွင်းသို့ ၀င်ရောက်သွားပြီး  အာဂနုရဟန်း
ဆီရောက်သွားတော့ ငြိမ်သက်စွာနေပြီး  ကြည်လင်နေတဲ့မျက်နှာထားနဲ့ ထိုင်နေတာကိုတွေ့ရတော့...
" ရဟန်းကြီး ဆွမ်းစားချိန်တန်ပြီ ..ဆွမ်းတွေလည်းပြင်ပြီးသွားပြီ ဆွမ်းစားကြွပါလော့ " ဆိုပြီး ဆွမ်းစားပင့်
လာခဲ့၏။ ညကကိစ္စကိုတော့ မမေ့သေး မေးရန်အာဂနုရဟန်း၏မျက်နှာကို အသာအကဲခတ်ရင်း.....
" ရဟန်းကြီး ညက ငါ သင့်ထံသို့ရောက်လာခဲ့တယ် ညက သင့် အနားမှာ ငြိမ်သက်စွာထိုင်နေတဲ့ မီးပုံကြီး
တွေလို တောက်ပနေတဲ့ သူ လေးဦးကိုတွေ့တယ် အဲဒါဘယ်သူတွေများလဲ ငါသိချင်ပါဘိ"...ဟုမေးလိုက်
သည်။ မိမိကသာအထူးအဆန်းအဖြစ်သိချင်၍မေးလိုက်ပေမယ့် အာဂနုရဟန်းအတွက်ကတော့ တစ်စုံတစ်
ရာအထူးအဆန်းလိုမဟုတ် အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
" ကဿ ပ မနေ့ညက လေးယောက်ကိုမေးတာလား....အဲဒါ စတုမဟာရ် နတ်မင်းကြီးတွေလေ ..ငါ့ကို
အလုပ်အကြွေးပြု ကြမလို့ ခစားလာကြတာ"  ဟုပြောလိုက်တော့ ရှင်ကဿ ပ မျက်နှာမှာအံ့အားသင့်တဲ့
ပုံပေါ်သွားပြီးမှငြိမ်ကျ သွားသည်။
သြော်...ဒီရဟန်းကြီးက တော်တော်တန်ခိုးကြီးတာပဲ ...စတုမဟာရ် နတ်မင်းကြီးတွေတောင် ခစားလုပ်
ကြွေးကြရတယ်....အိုသူဘယ်လောက်ပဲ တော်နေတော်နေ ဘာမှကြင့်ကြံ နေတာမှမမြင်ရပဲ...ငါတို့
လိုတော့ရဟန္တာမဖြစ်လောက်သေးပါဘူး....ဟုစိတ်တွင်း၌ တွေးနေသည်ကိုဘုရားရှင်ကသိနေပေမယ့်သည်းခံ
တော် မူပြီးတိတ်တဆိတ် ပဲလိုက်လာတယ် ။ ဆွမ်းစားပြီးအာဂနုရဟန်းကိုလိုက်ပို့တော့ ကဿ     ပ၏တပည့်
တွေ ညက အကြောင်းကိုစကားဖေါင်ဖွဲ့၍မဆုံး ။ဒီအခြေအနေကိုပင် စိတ်ထဲကသိပ်မကြေနပ်ပေမယ့် အမှန်
တရားကလဲဖြစ်နေသည်။.စိတ်ထဲ မှာမနာလိုစိတ်လိုလို အားကျစိတ်လိုလိုတော့ပေါ်လာပေမယ့် မိမိတို့..
အကြင့်လောက် မမြင့်မြတ်လောက်ပေဘူးဟုသာဖြေတွေးလိုက်သည်။

ဥရုဝေလကဿဿ ပတစ်ယောက် အာဂနု ရဟန်းအပေါ်၌တစ်နေ့တစ်ခြားစိတ်ဝင်စားမှုတွေတိုးလာသလို
သူ၏တပည့်များကလည်းအမြဲလို အဂနုရဟန်းအားတစေ့တစ်စောင်းအကဲခတ်ကြည့်နေကြသည်။
လုပ်စရာကြင့်ကြံမှုများပြီးမြောက်သည်နှင့် နေ၀င်သွားပြီးနောက်ပိုင်း တောအုပ်အတွင်း၌ ထူးခြားမှုတစ်ခုခု
ရှိလေမလား
ဟူသောအတွေးများဖြင့် ဆရာရော တပည့်များပါ ယခင်လို စိတ်ချလက်ချမအိပ်ကြတော့ချေ။ တစ်ည သူတို့
မျှော်လင့်နေသလို  ယခင်က အလင်းတန်းများထက်ပို၍တောက်ပပြီး ကြီးမားသောအလင်းတန်းကြီးတစ်ခု
သန်းခေါင်ယံအချိန်၌ ကောင်းကင်မှ တောတွင်းသို့ ၀င်ရောက်သွားသည်နှင့် ရှင်ကဿ     ပနှင့်တပည့်များ စီးဝါး
ကိုက်တိုင်ပင်ထားသလို တောတွင်းသို့ဝင်ရောက်ပြီးသွားကြည့်ကြပြန်သော် တောက်ပသောအ၀တ်အစားတွေ
နှင့်သူတစ်ယောက်က အာဂနုရဟန်းကိုလက်အုပ်ချီ နေသည်တွေ့ရသည်။ အချိန်အတန်ငယ်အကြာ စောင့်
ကြည့်ကြပြီးမှ တပည့်များနှင့် အတူပြန်ခဲ့ကြသည်။လမ်းခုလပ်ရောက်သောအခါ လက်ရင်းသာဝက တစ်ဦးမှ
" အာဂနုရဟန်းကိုကြည့်ရတာ ကျွန်ုပ် တို့ အဖို့ အတော်ထူးဆန်းနေပါတယ် ဆရာကြီး" ဟု မရဲတရဲ ပြော
လိုက်သည်ကို ကဿ ပ က " ဤ အရာများသည် အထူးအဆန်းမဟုတ်" ဟူသောစကားဖြင့် မေးသူတို့၏
နှုတ်ကိုဆွံ့အစေခဲ့သည်။ ပြောမည့်သာပြောရသည် ထိုသို့သောအရာများကိုမိမိ ကိုယ်တိုင်လည်း တစ်ခါမျှ
မမြင်ဖူး တပည့်များလည်းမြင်ဖူးမည်မထင် ဟန်ကိုယ့်ဖို့သာလုပ်လိုက်ပြီးတပည့်များကိုအကဲခတ်ကြည့်လိုက်
သော် မိမိ၏အဖြေကို ကြေနပ်ပုံမပေါ်သော်လည်း ဘာတစ်ခုမှ တုံ့ပြန်မှုမလုပ်ကြပေ။

နောက်တစ်နေ့ဆွမ်းစားသွား၍ပင့်သောအခါ ကဿပ မနေနိုင် ယခင်အတိုင်း ညကရောက်လာတာဘယ်
သူများလည်းဟုမေးပြန်သော် အာဂနု ရဟန်းက အေးဆေးစွာပင်..ညကရောက်လာသည်မှ နတ်ပြည်
နှစ်ထပ်ကိုအစိုးရသသော သိကြားမင်းသည် ငါ့တရားကိုနာရန် ၀တ်ကြီးဝတ်ငယ်ပြု စုရန်လာသည်ဟုပြော
သောအခါ ကဿ     ပ ငြိမ်ပြီးစဉ်းစားနေပြန်သည်။အင်း... နတ်ပြည်နှစ်ထပ်အစိုးရသော သိကြားမင်းပင်
ခစားလာရတယ်ဆိုတော့ ရဟန်းကြီးဟာ သာမန်တော့ မဟုတ်လောက်ပေဘူး..ဟုစဉ်းစားပြီး အစထဲက
ဆရာတစ်ဆူဖြစ်နေသောကဿ ပ က ...ဟင်...ဘာပဲဖြစ်ဖြစ် ငါ့လိုရဟန္တာတော့မဟုတ်လောက်သေးပါ
ဘူးဟု တွေးတောနေသည်ကို ဘုရားသခင်သိသော်လည်း သည်းခံနေတော်မူပြန်၏။ဗြဟ္မာမင်း ရောက်လာ
ပြန်တော့လည်းယခင်အတိုင်းမေးပြီး ယခင်အတိုင်းကြံစဉ်သည်ကို မြတ်စွာဘုရား သည်းခံတော်မူပြန်၏။
.....................................................*************........................................................

     ပြာသို  လပြည့်မတိုင်ခင်တစ်ရက် နေ့ည************

အင်္ဂတိုင်း  နှင့်မာဂဓ တိုင်းတို့ ၏လမ်းများတွင် သဘင်များကျင်းပနေသလို လှလှပပ၀တ်စားထားသော
သူများ ကိုယ်စီကိုယ်စီကြက်ပျံမကျ စည်ကားနေကြသည်။လေးသူငယ်များ ကလည်းပြေးလွှားကစားနေကြ
သည်။မိမိအသံကိုမိမိမကြားနိုင်လောက်အောင် ဆူညံနေကြသည်၊အတီးအမှုတ် အကအခုံများကလည်း
တစ်နေရာတစ်မျိုး မရိုးနိုင်အောင်အသုံးတော်ခံနေကြသည်။သန်းခေါင်ယံကျော်သွားသည်နှင့် လူများတစ်စ
တစ်စ မိမိတို့အိမ်သို့ပြန်သွားကြပြီး များမကြာမီ တိတ်ဆိတ်ငြိမ်သက်သွားကြတော့၏။အားလုံး မောပန်းကာ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် သွားကြ သော်လည်း အိပ်မပျော်သူတစ်ယောက်ကတော့ ဥရုဝေလတောထဲမှာ
သီတင်သုံးနေသော ရှင်ကဿ     ပတစ်ယောက်သာ..အတွေးတွေနယ်ချဲ့ရင်းတစ်စုံတစ်ရာကိုပူပန်နေသည်။
အင်း........မနက်ဖြန်ဆို အင်္ဂတိုင်းနဲ့ မာဂဓတိုင်းသားတွေ လှူ စရာပစ္စည်းတွေ ဆွမ်း ဘောဇဉ်တွေနဲ့ရောက်
လာကြမှာ ..အဲဒီအချိန်သာ အာဂနုရဟန်း ရောက်လာခဲ့ရင် သူက ရုပ်ရည်ကလည်းချောမောသလောက်
ကြည်ညိုစရာကလည်းအတော်ကောင်းတယ် ..ဒီကြားထဲတန်ခိုးကလည်းကြီးသေးတယ် မတော်လို့လူတွေ
ရှေ့မှာတန်ခိုးတွေပြလိုက်ရင် သူ့ကိုလူတွေကကြည်ညိုပြီးငါတို့ကိုသဒ္ဓါတရားပျက်သွားကြရင်တော့ဒုက္ခပဲ..
ရဟန်းကြီးကိုမကြိုက်လို့မဟုတ်ပေမယ့် သူမလာရင်တော့ ကောင်းမှာပဲ"......ဟုတွေးတောကာ အိပ်မပျော်
နိုင်ပဲ ရင်ထဲမအေးဖြစ်နေ၏။

မြတ်စွာဘုရားသခင်သည်  ကဿ     ပရသေ့၏ တွေးတောသည်ကို သိ၍ ၁၀၃ခုနှစ် ပြာသိုလပြည့်နေ့တွင်
မြောက်ကျွန်းသို့ဆွမ်းခံကြွတော်မူပြီး အနောတတ်အိုင်၏အနီးတွင်ဆွမ်းဘုန်းပေးတော်မူ၍ နောင်တစ်ချိန်
သာသနာထွန်းကားရာဒေသဖြစ်မည့် လင်္ကာဒီပ(သိရိလင်္ကာ) ကျွန်းသို့တစ်ကိုယ်တည်းကြွတော်မူ၍ နတ်
ဘီလူးတို့ကိုနှိမ်နင်းတော်မူပြီး သုမနနတ်မင်း အားဆံတော် လက်တစ်ဆုပ်ပေးတော်မူခဲ့၍ နောက်နေ့အရုဏ်
မတက်မီ ဥရုဝေလ တောအုပ်သို့ပြန်ကြွတော်မူ၏။လပြည့်ကျော် (၁)ရက်နေ့ ဥရုဝေလ ကဿ ပ ဆွမ်းစား
ပင့်ရန်ရောက်လာသည်။ မျက်နှာကလည်းအတော်ပင်ပြုံးရွှင်နေပြီး စကားတွေလဲတောင်စဉ်ရေမရပြောရန်
အားယူထားသည်...
     " ရဟန်းကြီး ယမန်နေ့ကသင်အဘယ်ကြောင့်မလာရတာလဲ ငါတို့အားလုံးသင့်အားစောင့်နေကြပြီး
ဆွမ်းဘောဇဉ် တွေလည်းအများကြီး သင့်အတွက်ထားထားပါရဲ့နဲ့ သင်မလာပဲနေတယ်" ဟု လောကွတ်
စကားပြောလိုက်သည်။ သူ့ပုံစံက မနေ့က မလာသည့် အတွက် အတော်ပင်စိတ်မကောင်းဖြစ်နေဟန်ပြု
ထားသည်။အာဂနုရဟန်းကတော့ ထုံးစံအတိုင်း ကြည်လင်တည်ငြိမ်သောမျက်နှာနှင့် ........
     " ကဿ ပ ယမန်နေ့ညက သင် စိတ်တွင်း၌ ငါမလာရင်ကောင်းမှပဲလို့ တွေးတယ်မဟုတ်လော..သင့်
စိတ်ကိုငါသိ၍ ဥတ္တရကုရု လို့ခေါ်တဲ့မြောက်ကျွန်းကိုသွားပြီးဆွမ်းခံတယ် နောက်ပြီးစန္ဒကူးမြိုင်မှာဝင်ပြီး
ဆွမ်းစားခဲ့တယ်" ဟုပြောလိုက်လျှင် ကဿ ပ မျက်နှာကွက်ခနဲပျက်သွားပြီး ရှက်ရွံ့သလိုဖြစ်သွားသည်။
နောက်မှ အရှက်ပြေ... " ကဲပါလေ အချိန်လဲအတော်လင့်သွားပြီးဆွမ်းစားသွားကြရအောင်" ဆိုပြီးစကား
လမ်းကြောင်းလွှဲလိုက်သည်။လမ်းလျှောက်လာရင် ကဿ     ပစိတ်တွင်း၌ ...အင်း.....ဒီရဟန်းကြီး အတော်
မလွယ်ပါလား ငါ့တွေးနေတာကိုတောင် ဘယ်လို ဘယ်လိုသိတာလဲ စဉ်းစားလို့တောင်မရဘူး ..ဟူး
မျက်နှာပူစရာပဲ ..အင်းနည်းတစ်ခုခု ရှိလို့သိတာပဲနေမှာပါ ....ငါတို့လိုတော့ ရဟန္တာ မဖြစ်လောက်သေး
ပါဘူး ဆိုပြီးတွေးတောသည်ကိုလည်း ဘုရားသခင် သိတော်မူလျှက် ခွင့်လွှတ်ပြီးဆွမ်းဘုန်းပေးခဲ့သည်။

တစ်နေ့သောအခါမြတ်စွာဘုရားရှင် ဒေသစာရီကြွချီတော်မူရာ သေနနိဂုံးရွာမှသူဌေးကျွန်မ ပုဏာ၏ အ
လောင်းတွင် ပတ်ထားသော ပိုက်ဆံလျှော် အ၀တ်ကိုတွေ့သဖြင့်ပိုးလောက်အများကြီးကိုဖယ်ရှား၍ ပံ့သုကူ
ကောက်တော်မူရာ မဟာပထ၀ီမြေကြီးသည် သွက်သွက်ခါအောင်လှုပ်၍ ကောင်းချီး ပေး၏။ထိုနောက်
မြတ်စွာဘုရားရှငိလျှော်ဖွတ် လှမ်းရန်အတွက် သိကြားမင်းသည် ရေကန် ကျောက်ဖျာ တို့ကိုဖန်ဆင်းပေး၏။  ဖြန့်ရန်အတွက် ရေခံတက်ပင်အကိုင်းကိုအပင်စောင့်နတ်မှကွေးညွှတ်ပေး၏။ဆိုးဆေးအတွက်သိကြားမင်း
ကဖန်ဆင်းပေး၏။

နောက်နေ့မနက်သို့ရောက်သောအခါဥရုဝေလကဿ ပသည် ထိုနေရာသို့ရောက်လာသောအခါ ကိုယ့်
မျက်စေ့ကိုပင် ကိုယ်မယုံနိုင်အောင်ဖြစ်သွားသည်။ရေကန်ကြီးတွေ ကျောက်ဖျာကြီးတွေ  ရေခံတက်ပင်
ကြီးကလည်းကွေးညွှတ်လို့ ဘာတွေဖြစ်ကုန်ပြီလဲ ဟုတွေးကာ အာဂနု ရဟန်းဆီသို့ရောက်သောအခါကျမှ
မေးမည်ဟုတွေးထား၏။ ရောက်လာသောအခါ...
      " ရဟန်းကြီး ဒိနေရာမှာအရင်က ရေကန်တွေ ကျောက်ဖျာတွေလဲတစ်ခါမှမတွေ့ဖူးပါဘူး..ခုမှအဲဒါတွေ
မိုးပေါ်ကကျလာသလိုဘယ်ကရောက်တာလဲ" ဟုမေးသောအခါ ဘုရားရှင်က ပံ့သုကူသင်္ကန်းကောက်ယူ
သည်မှစ၍ သိကြားမင်းဖန်ဆင်းပေးလာကြောင်း ခပ်အေးအေးပင်မိန့်တော်မူ၏။ ကဿပ၏စိတ်ထဲ၌ အင်း...
..ဤရဟန်းကြီး တော်တော်တန်ခိုးအာနုဘော်ကြီးတာပဲ သိကြားမင်းတောင် ခြေရင်းအလုပ်အကြွေး
သာမဏေလို ခစားလုပ်ကြွေးရရှာတယ်....အံ့သြစရာပဲ.......အို..ငါကဒီနယ်မှာဆရာကြီးပေပဲ  ငါ့လိုတော့
ရဟန္တာဖြစ်ဦးမှာတော့မဟုတ်သေးပါဘူး ဟုသာ တွေးတောပြန်၏။ဘုရားရှင်လည် ကဿ ပ ၏ဆွမ်းကိုသာ
ဘုန်းပေး၍ ထိုတောအုပ်၌ နေမြဲနေ၏။

နောက်တစ်နေ့ ကဿပ ဆွမ်းစားလာပင့်သောအခါ " ကဿ ပ သင်သွားနှင့်လော့ငါလာခဲ့မယ်" ဟုပြော၍လွှတ်
လိုက်ပြီး ဇမ္ဗုသပြေသီးကို ယူခဲ့၍ မီးတင်းကုတ်၌ နေတော်မူ၏။ကဿ ပ မောကြီးပန်းကြီးရောက်လာသော
အခါ " ရဟန်းကြီး သင် ငါတို့နောက်မှလာပြီး ဘာကြောင့်အရင်ရောက်နေသလဲ ဘယ်လမ်းကလာခဲ့တာ
လဲ" ဟုမေးသောအခါ  " ကဿ ပ ငါဇမ္ဗူဒိပ် ကျွန်းဦး၌ပေါက်နေသော ဇမ္ဗုသပြေပင်အောက်မှအသီးကိုကောက်
ယူခဲ့ပြီးမှ မီးတင်းကုတ်သို့ရောက်လာခဲ့တယ်  ဒီအသီးက အနံ့အရသာတော်တော်ကောင်းတယ်သင်မသုံး
ဆောင်ဖူးက သုံးဆောင်လော့" ဟုဖြေသောအခါ ဥရုဝေလ ပါးစပ်အဟောင်းသားဖြင့်နားထောင်နေရင်း
" ရဟန်းကြီး ဒီအသီးက ငါတို့နဲ့မထိုက်တန်ပါဘူးလေ သင်သာသုံးဆောင်ပါလော့" ဟုအမြန်ပြန်ပြောရင်း ....အင်းး.........ဒီရဟန်းကြီးကငါတို့နောက်မှလဲ လိုက်လာပြီး သပြေသီးကိုလဲ ယူလာခဲ့သေးတယ်...မကြံ
ကောင်းမစည်ရာ ငါတို့အရင်လဲရောက်နေသေးတယ်..ဒါပေမယ့် ရဟန္တာမဟုတ်သေးတာလေးတစ်ခုပါပဲ
ဟုတွေးရင်း သူ့မာနကိုသူပြန်မြှင့်လိုက်၏။နောက်နေ့တွင်လည်းသရက်ဖြူ သီးတစ်ကြိမ်၊ရှိရှားသီးဖြင့်တစ်
ကြိမ်၊ ကြဇုသီးဖြင့်တစ်ကြိမ် ၊တာဝတိံသာနတ်ပြည်မှ ကသစ်ပွင့် တစ်ကြိမ် ဆောင်ယူကာ တန်ခိုးများ ပြခဲ့
သော်လည်း ကဿ ပ ၏ မာနကတော့လုံးလုံးကိုမချ။ သူကဲ့သို့ရဟန္တာ မဟုတ်သေးဟုသာ ထင်မြင်နေသော်
လည်းမြတ်စွာဘုရားရှင်မှာ သည်းခံ၍ နေတော်မူခဲ့သည်။တစ်နေ့တပည့်နှစ်ယောက် ရောက်လာပြီး...
" ဆရာကြီး  ...ထင်းတွေကခွဲလို့မရဘူး...ကျွန်တော်တို့ခက်ခက်ခဲခဲခွဲ ကြပေမယ့် မတတ်နိုင်ကြပါဘူး..
အဲဒါဘယ်လိုလုပ်ရမှန်းတောင်မသိတော့ပါဘူး " ဟုပြောလာကြသောအခါ ကဿ ပ ရသေ့က " ရဟန်းကြီး
ထင်းတွေက ခွဲမရတော့လို့ သင်ကူညီနိုင်ရင်ကူညီပါလော့" ဟုပြောသောအခါ ဘုရားသခင်ကနှုတ်တော်
ဖြင့်   " ကွဲစေသတည်း" ဟုမိန့်တော်မူသောအခါ ထင်းအားလုံးကွဲသွားတော့၏။ ကဿပ နှင့်တပည့်အားလုံး
မှင်တက် အံ့သြ ကုန်ကြတော့။  ထို့နောက်မီးဖို၍မရသောအခါတွင်လည်း" မီးတောက်စေ"ဟု မိန့်လိုက်
သည်နှင့်မီးတောက်ကုန်၏။ထို့နောက်မီးဖိုပေါင်းငါးရာကိုလည်ဖန်ဆင်းပေးလိုက်၏။ တဖန်မီးငြိမ်း၍မရသော
အခါတွင်လည်း " မီးငြိမ်းစေ" ဟု မိန့်ကာ မီးတွေကိုငြိမ်းစေသည်။
   ဥလုဝေလကဿပလည်း မိမိပင်မစွမ်းနိုင်သောအရာများကို မြင်တွေ့နေရသော်လည်း မိမိ၏စိတ်တွင်
ကမာန်ကိုနည်းနည်းမှမချနိုင်  သူတို့လိုရဟန္တာမဟုတ်သေးဘူးသာ စိတ်တွင်း မှထင်နေပေသည်ကို
မြတ်စွာဘုရားသခင် သည်းခ့တော်မူပြန်လေ၏။
         တစ်နေ့ ကဿပတို့ နေထိုင်ရာအရပ်တွင် အချိန်အခါမဟုတ် မိုးကြီးရွာလေသော် ၎င်းတို့ပတ်ဝန်း
ကျင်တွင်ရေမြုတ်လေသော် ရသေ့များသည်ရေလွတ်ရာသို့ပြောင်းရွှေ့ကြလေသော် ကဿပသည် မိတ်
ဆွေရဟန်းကြီးလိုသတိရသည်နှင့် တပည့်များအားလှေတစ်စီးအမြန်ပြင်စေ၍ မိမိကိုယ်တိုင်ဦးစီးကာ
တောထဲသို့ထွက်လာ၏။
     " မြန်မြန် လှော်ကြပါဟ ငါတို့မိတ်ဆွေကြီး ခုလောက်ဆိုဒုက္ခရောက်နေပြီထင်ပါရဲ့" တပည့်များကို
လောဆော်ရင်း မိမိကိုယ်တိုင်လည်း ဟိုဟိုဒီဒီကြည့်ကာရှာနေမိ၏။တစ်နေရာသို့အရောက်တွင် မိမိမျက်စေ့
ကိုပင်မယုံနိုင်သော အကြောင်းတရားကို မျက်ဝါးထင်ထင်တွေလိုက်ရ၏။ မိမိ၏တပည့်များလည်း ထိုနေရာ
ကိုကြည့်လိုက် မိမိကိုကြည့်လိုက်ဖြင့် အံ့သြ တကြီးဖြစ်နေကြသည်။ ထိုနေရာတွင် မိမိမိတ်ဆွေရဟန်းကြီး
သည်စင်္ကြံကြွနေသည် အရှိန်အဟုန်ဖြင့်စီးဆင်းနေသော ရေများကား ရဟန်းကြီးအနီးသို့မရောက်လာကြပဲ
ထိုနေရာတစ်ဝိုက်ကို စက်ဝိုင်းပမာဝန်းရံ နေကြသည်။ရဟန်းကြီးစင်္ကြံကြွရာနေရာတွင် ဖုန်များပင် ထနေ
လိုက်သေးသည်။ဥရုဝေလကဿပ၏စိတ်တွင်း မှာကား.ရဟန်းကြီးကားအတော်တန်ခိုးကြီးပေတာပဲ..
အသက်ရှိသောအရာများမဆိုထားနှင့် အသက်မရှိသောရေတောင်မှ မနှိတ်စက်နိုင်ပါလား....အင်း.....
ဒါပေမယ့် ငါတို့လိုတော့ရဟန္တာမဟုတ်လောက်သေးပါဘူးဟုသာတွေးရင်း မြတ်စွာဘုရားထံတော်
အရောက်
       "  ရဟန်းကြီးလှေပေါ်သို့တက်လေလော့" ဟုခေါ်လေလျှင် မြတ်စွာဘုရားသည်လှေပေါ်သို့တန်ခိုး
တော်ဖြင့်ပျံတက်၍ ကဿပတို့နှင့်အတူ လိုက်လာခဲ့လေ၏။ ကမ်းပေါ်သို့ရောက်လျှင် ကဿပလည်း
နောက်မှလိုက်လာရင် ရဟန်းကြီးသည်တန်ခိုးအမျီုးမျိုးကိုအသုံးချနိုင်၏ ရုပ်အဆင်းကလည်းအင်မတန်
ချောမော၏ ဒါပေမယ့်ငါတို့လိုတော့ ရဟန္တာမဖြစ်လောက်သေးပါဘူး ဟုတွေးတောနေစဉ် မြတ်စွာဘုရား
သခင်က..
        " ကဿပ သင်၏မာန်မာနတို့ကား အလွန့်အလွန်ပင် မြင့်မားလေစွတကား သည်မျှလောက်တန်ခိုး
တော်တွေကိုမြင်တွေ့နေရက်နဲ့ ငါ့လိုရဟန္တာမဟုတ်သေးဘူးပဲ အမြဲတွေးနေပေတယ် အမှန်တကယ် သင်
ကိုယ်တိုင်လည်းရဟန္တာမဖြစ်သေး ရဟန္တာဖြစ်လောက်သော အကြင့်လည်းသင့်မှာမရှိ ပေဘူး" ဟုမိန့်
လိုက်သည်နှင့် ယခင်ကကြိုးစားတင်းထားခဲ့သော ကဿပ၏မာန်များ ကြက်ပျောက်ငှက်ပျောက်..ပျောက်
ကုန်ပြီး မြေကြီးပေါ်ထိုင်ချကာ .........
  "  အရှင်ဘုရား တပည့်တော် မှားပါပြီဘုရား အရှင်ဘုရားရဲ့ တပည့်အဖြစ် လက်ခံပေးတော်မူပါဘုရား" ဟု
တောင်းပန်လေလျှင် မြတ်စွာဘုရားသခင်က....
" ကဿပ သင်သည် တပည့်ပေါင်းများစွာတို့၏ ဆရာကြီးဖြစ်ပေ၏ သင့်၏တပည့်များအား တိုင်ပင်ချေဦး
လော့" မိန့်လေလျှင် ကဿပလည်း တပည့်တို့ကိုစုရုံးစေပြီး ....
  " တပည့်တို့ ငါ ...ခုရဟန်းဂေါတမ ထံတွင် တပည့်ခံပြီး အကျင့်မြတ်တွေကိုကြင့်ကြံချင်လှပြီ သင်တို့၏
သဘောထားကိုသိချင်တယ်" ပြောလေလျှင် တပည့်များအားလုံး ဆူညံစွာဖြင့်ပျော်ရွှင်သွားကြပုံရပြီး..
အနီးတွင်ရှိသောတပည့်ကြီးများက....
"  ဆရာကြီးခင်ဗျား ကျွန်တော်တို့လည်း ဆရာကြီးကိုကြောက်လို့သာမပြောရဲကြတာပါ ..ကျွန်တော်တို့အား
လုံးလည်း ရဟန်းကြီးထံတွင်တပည့်ခံချင်နေသည်မှာ ကြာလှပါပြီ" ဟု ပြောကြလေသော် ...ကဿပနှင့်
တပည့် ငါးရာတို့ မြတ်စွာဘုရားထံတော်တွင် ရဟန်းပြုကြလေတော့၏။
နောက်မကြာမီ ထိုသတင်းကို နဒီကဿပနှင့် ဂယာကဿပ တို့ကြားလေလျှင် တပည့်တို့ကိုခေါ်၍ အကို
ဖြစ်သူထံလိုက်လာကြပြီး အကိုဖြစ်သူအားရဟန်းဝတ်ဖြင့်မြင်ကြလေသော်အနားသို့ကိုကပ်၍...
"  ဒီအကျင့်က ပိုကောင်းလို့လား" ဟုမေးသော် ကဿပလည်းခေါင်းကိုအသာညိတ်ပြသော် ညီနှစ်ယောက်
နှင့်ရသေ့ငါးရာတို့လည်း ရဟန်းပြုကြလေ၏။
................
နောက်နေ့ မြတ်စွာဘုရားသည် ရဟန်းတစ်ထောင်အား တရားဟောနေစဉ် အခြားသော တရားနာပရိတ်
သတ်တို့သည် မိမိတို့ဆရာကဿပ နှင့် မြတ်စွာဘုရားအား မည်သူကဆရာ မည်သူကတပည့်ဖြစ်မှန်မသိ
ကြ၍ထင်ယောင်ထင်မှားဖြစ်နေကြစဉ် မြတ်စွာဘုရားသခင်က ကဿပအား....

        " ကဿပ သင်သည်ဆရာလော တပည့်လော" မေးတော်မူလေလျှင်ကဿပလည်း ပရိတ်သတ်
များကြားနိုင်သော အသံဖြင့်

       "  အရှင်ဘုရားက ဆရာပါဘုရား   တပည့်တော်ကတပည့်ပါဘုရား"

      "  အရှင်ဘုရားက ဆရာပါဘုရား   တပည့်တော်ကတပည့်ပါဘုရား"

     "  အရှင်ဘုရားက ဆရာပါဘုရား   တပည့်တော်ကတပည့်ပါဘုရား" 

 ဟုပြောဆိုကာမြတ်စွာဘုရား၏ခြေအစုံကို ဦးတိုက်တော်မူလေသတည်း...........

ဥရုဝေလတောအုပ်သည်ကား   တရားသံဖြင့် သာယာလှချေ တကား .........

                                                                                ပြီးပါပြီ။


                   အကိုးအကား.....ဇိနတ္ထပကာသနီ ကျမ်း( ကျီးသဲ လေးထပ် ဆရာတော်ဘုရားကြီး)

ကျွန်တော်ရေးသားလျှက်ရှိနေသော ဥရုဝေလမှအပြန်  သည် မြတ်စွာဘုရားရှင်၏ အကြောင်းအရာများဖြစ်
နေခြင်းကြောင့် တရားစာလိုမရေးပဲ ဇတ်လမ်းသွားအနေဖြင့်ရေးသားထားပါသည်။  တစ်စုံတစ်ရာ
အမှားအယွင်းရှိပါက ခွင့်လွှတ်သည်းခံပေးကြပါခင်ဗျား။








No comments:

Post a Comment