ကျွန်တော်ကလည်း ဒီနေ့ကျမှ ဆံပင်ညှပ်ချင်နေ၏။ ဆံပင်ညှပ်ဆိုင်ကလည်း မိမိအလုပ်လုပ်သော
နေရာနှင့်ဆိုလျှင် ကားမှတ်တိုင် နှစ်မှတ်တိုင်စာလောက်ဝေး၏။ ဒီ ဘင်္ဂလားကလည်း ဆံပင်ညှပ်
လျှင် အတော်ပင်စိတ်ရှည်သည်။ အနည်းဆုံး တစ်ယောက်ကို နာရီဝက်ခန့်တော့ ကြာသည်။
ကဲ ဒီတော့ ဘာတတ်နိုင်မှာလည်း၊ မိမိက သွားချင်နေသည်ကိုး။ မွေးနေ့သောကြာမကလို့ သူ့ဘကြီးပဲ
ဖြစ်ဖြစ် စက်ဘီးလေးနှင့် ထွက်လာခဲ့သည်။ သိပ်တော့မကြာလိုက်ပါ၊ ဆိုင်အနားကိုရောက်လာတော့
အပြင်ကလှမ်းကြည့်လိုက်တော့ အထဲမှာ လူ ၃ ယောက်လောက်တော့ရှိသည်။ တစ်ယောက် နာရီဝက်
ဆို ၁ နာရီခွဲလောက်တော့ ကြာမည်။ မထူးပါဘူး၊ ထိုင်စောင့်ရတော့မှာပေါ့။
မစောင့်ချင် စောင့်ချင်နှင့် TV ကြည့်ရင်း ထိုင်စောင့်နေလိုက်သည်။ ဟွန်း... ဒီကောင်က ဘင်္ဂလားဆို
တော့ ပြနေတာတွေက ဘင်္ဂလားသီချင်းတွေ၊ ဇာတ်ကားတွေချည်းပဲ။ ကုလားတွေက မုတ်ဆိတ်မွေး
နှုတ်ခမ်းမွေးတွေနဲ့ မျောက်ရုပ်ပေါက်နေပေမယ့် ကုလားမလေးတွေကျတော့ အလှသား... အဟဲ။
စာဖတ်သူတွေလည်း ကျွန်တော့လိုပဲ မြင်မှာသေချာတယ်... ဟုတ်တယ်ဟုတ်... (မဲဆွယ်တာ)...
ကုလားမလေးက နေတာကြည့်ကောင်းနေတုန်း ဗိုက်ထဲက တဂွီဂွီ မြည်လာသည်။ ဗိုက်ဆာတာတော့
မဟုတ်၊ အစားသောင်းကျန်းလို့ ဗိုက်နာခြင်းပါ။ ဒင်းဆိုင်မှာက toilet လည်းမရှိ၊ နောက်ထပ်တစ်နာရီ
ကျော်စောင့်ရအောင်လည်း ခံနိုင်ရည်က မရှိလောက်တော့။ အခြေအနေ သိပ်မကောင်းတော့ ပြန်တာ
ပဲကောင်းမည်။ ဆိုင်ရှင်ကို ဗိုက်မကောင်းသောကြောင့် နောက်မှလာမည်ဟု ပြောကာ ပြန်လာခဲ့သည်။
ပြန်လာရင်း မဆီမဆိုင် ဒီမွေးနေ့သောကြာကြီးကို တွေးရင်း ပြုံးမိသေးသည်။ မယုံနိုင်သေးပါ။ နောက်
ငါးခေါက်လောက်တော့ ထပ်ပြီးစမ်းချင်ပါသေးသည်။ နောက်တစ်ပတ် အင်္ဂါနေ့ပေါ့.......
(တစ်ခါတုန်းက အကြောင်းလေးကို အမှတ်တရ)
အားလုံးပျော်ရွှင်နိုင်ကြပါစေဗျာ.......
No comments:
Post a Comment