Friday, April 1, 2016

 

ရောင်နီသစ်ပြီ   မြန်မာပြည်  

 

အိုဘယ့်လူသား     မြန်ပြည်ဖွား

မျက်ရည်တွေသုတ်   ခေါင်းမငုံ့နဲ့

ထလော့ ကြည့်လော့ ရှုစားလော့…..

ခရောင်းလမ်းတစ်လျှောက်    လမ်းများဖေါက်၍

ငါတို့သခင်   ဧကရီဘုရင်မ

သူလှမ်းလို့   လာချေပြီ။

ငှက်တွေကတေးသီ    ရောင်နီတွေသစ်

ပန်းတွေ   ပွင့်၍....

တိမ်မှောင်တွေကင်း  မြူတွေရှင်းကာ

အနက်တွေလောင်ကြွမ်း    အဖြူရောင်တွေလွှမ်းနေပြီ……

ကောဇောနီအဆင်း    ပန်းများခင်း၍

ခလုတ်မထိ   ဘေးမရှိအောင်

သင်တို့ဖို့လမ်း     သူဖန်ဆင်းခဲ့ပြီ…….

ဂါရ၀တရား    အလှများဖြင့် 

သင်တို့ဦးခေါင်း ညွှတ်ကာပျောင်း၍

မနှေးယခု     အလေးပြုလော့။

                                      Tun Tun (kaythayarzarheart)
  
(1.4.2016   အမေစု ဦးဆောင်သောအစိုးရသစ်အားဂုဏ်ပြုပါသည်)


Tuesday, May 19, 2015

ကြားဖူးတဲ့အကြောင်းအရာများ

ခုရက်ပိုင်း ၂ရက် ၃ရက်လောက်တော့ရှိပြီး မိုးတွေရွာနေတာ အိမ်မှာမနေချင်တာနဲ့ မိမိအဖွားလို ဖြစ်နေ
သောအဖွားအိမ်ကိုအလည်ထွက်လာရင်း အဖွားဒူးခေါင်းနာနေသောကြောင့် ဆေးလေးဝယ်ပြီး လက်ဖက်
ရည်လေးပါ တစ်ခါထဲဝင်ဝယ်လာခဲ့တယ်။ အဲဒီအဖွားက အသက်၉၄ နှစ်ရှိပေမယ် ချော်လဲလို့ဒူးနာတာက
လွဲရင် ကျန်မာရေးတော့တကယ်ကောင်းသည်။သူ့ဆီရောက်တော့ ဟိုအရင်က မိမိမကြားဖူးသောအ
ကြောင်းအရာများကိုကြားရတတ်သည်။

ဒါနဲရောက်တတ်ရာရာစကားပြောကြရင်း အဖွား၏မြေးဖြစ်သူ ညိုညို နှင့် အိမ်အရောင်းအ၀ယ်ကိစ္စများ
ပြောဖြစ်ကြတော့..
    " မိညိုရေ အွန်လိုင်းမှာတွေ့တဲ့တစ်ချို့အိမ်တွေဆိုရင် ပြင်ဆင်ထားတာ အရမ်းကောင်းတယ် ဈေးတွေ
ကျတော့လည်းတော်တော်လေးနည်းတယ် တစ်ခုခုတော့ချို့ယွင်းချက်ရှိနေမလားတော့ မသိဘူးနှော်..
ဥပမာ သရဲချောက်တတ်တာတို့ဘာတို့ပေါ့" ဆိုတော့ ညိုညိုက..

" ဖြစ်နိုင်တယ် .. ကျွန်မ အသိကောင်မလေးတွေ အိမ်တစ်အိမ်မှာသွားငှားနေတာ အဲဒီအိမ်ကညဖက်ဆို
လမ်းလျှောက်သံတွေ အိုးခွက် ပန်းကန် အသံတွေကြားနေရတယ်တဲ့။အဲဒါနဲ့ စုံစမ်းကြည့်တော့အရင်က
လင်မယားနှစ်ယောက် နေခဲ့တာတဲ့  ယောင်္ကျားဖြစ်တဲ့သူက ဆေးကြောင်ပြီး ဘာမီတွန်တွေအများကြီး
သောက်ထားတာသေသွားတော့ မိန်းမကလည်း ဆေးတွေအများကြီးလိုက်သောက်ပြီးသေသွားတာ အဲဒါ
ချိပ်ပိတ်ထားတာ သူတို့ကပထမဆုံးငှားတာဖြစ်နေတယ်တဲ့"
 "အဲဒီတော့ အိမ်ပြောင်းသွားရောလား"
" ဘယ်ကလာ ပြောင်းနိုင်မလဲ အိမ်ငှားခတွေလည်းပေးပြီးနေတော့ ကြောက်ကြောက်နဲ့ဒီလိုပဲဆက်နေ
ရတာပေါ့" ညိုညိုကပင် ဆက်၍..
" ဒါနဲ့ စကားမစပ်ပြောရဦးမယ် ကျွန်မတို့မြေးအဖွား အရင်က ကျွန်မတို့အခန်းကိုငှားထားပြီး ဘိုခြံ က
ကျွန်မ အစ်မ   မသီ တို့ဝယ်ထားတဲ့အိမ်လေးမှာသွားနေတုန်းကမှ တကယ်ခြောက်တာ  အဲဒီမှာနေတုန်း
ကမှ လူကိုမျက်တွင်းတွေချောင်လို့ မအိပ်ရဲလို့ အိပ်ကိုမရတာ"
" ဘယ်လိုလုပ်လို့ အိပ်မရတာလဲဟ "
" ညဖက် ၂နာရီဆိုရင် အိမ်ပြင်က နံရံတွေကို တုတ်နဲ့လျှောက်ခြစ်တာ ပတ်ပတ်လည်ပဲ  ဂျစ်.........ဆိုတဲ့
အသံကြီး ကြားနေရတော့ကြောက်လွန်းလို့ ပြီးတော့အဲဒီအိမ်က လူမနေတော့ မီတာချမပေးသေးတော့ မီး
ကလည်းမရသေး  ဘက်ထရီ မီးလေးနဲ့နေရတော့အတော်ဆိုးတာ၊ဒီကြားထဲဘက်ထရီ ကလစ်ကိုလာ
ဖြုတ်ချသေးတယ် ကျွန်မဆို အိမ်အပေါ်ထက်ကိုတက်မကြည့်ရဲဘူး တစ်ခါမှမတက်ဖူးဘူး၊ အိမ်အပေါ်ထပ်
ကဆိုရင်လဲ ဖိနှောင့်နဲ့ချပြီးနင်းတဲ့ခြေသံမျိုး တွေ ပစ္စည်းထုရိုက်ပစ်ချသံတွေဆူညံနေတာပဲ"
" ပရိတ်တွေဘာတွေ မရွတ်ဘူးလား" ဟု ကျွန်တော်ကမေးတော့..
" ရွတ်တာပေါ့  ဘုန်းကြီးတွေပင့် ပရိတ်ရွတ်၊  နောက်ပြီးမျက်နှာချင်းဆိုင်ကျောင်းကလည်း လောက်စပီကာနဲ့
ကျွန်မတို့အိမ်ဖက်လှည့်ပြီးရွတ်လည်းမရပါဘူး၊ အဲဒီည ကျတော့မှပိုဆိုးလာတယ် အိမ်ထဲမှာခြေသံတွေပတ်
လျှောက်နေပြီး ကျွန်မအခန်းရှေ့ကျရပ်သွားတယ် ပြီးတော့"  တောက် " ဆိုတဲ့အသံကြီး ဆိုတာအကြယ်ကြီး
ကြားရပြီး ပြန်လျှောက်သွားသံကြားရတယ်။"
သူကပဲဆက်ပြီး....
" အိမ်ပေါ်က ပစ္စည်းတွေ ပစ်ချတာ တ၀ုန်းဝုန်းနဲ့ အဲဒါနဲ့ မေကြီးက ထအော်ရော....ဟေ့ ပစ်ချချင်ရင်အဲဒီမှာ
ပစ်မချနဲ့ ငါ့ဆီကိုပစ်ချလိုက် ရောင်းချပြီးလှူရတန်းရအောင်   လို့အော်လိုက်တော့တစ်ခါထဲငြိမ်သွားတယ်၊
နောက်ပြီး ကိုထွန်းထွန်းနဲ့ နာမည်တူ ကိုထွန်းထွန်းဆိုတဲ့ တစ်ယောက်ကအိမ်မှာပြင်စရာဆင်စရာလေးတွေ
ပြင်ပေးရင်း ကျွန်မနဲ့ မေကြီးကအခန်းထဲမှာအိပ်တယ် သူကအပြင်မှာ ကုလားထိုင်လေးနဲ့အိပ်တာ..သူက
ပြောပြတာ  သူ့ရှေ့ကို ဘီးစပတ် ကြီးနဲ့မိန်းမကြီးတစ်ယောက်ဝင်လာတာ သူ့မှာလှုပ်လို့လဲမရ အော်လို့လဲ
မရနဲ့ တောင့်တောင့်ကြီးဖြစ်နေတာ အဲဒီမိန်းမကြီးက ကုလားထိုင်ဖျင်ကနေကျောကုန်းကို ကုတ်နေတာ
ကြောက်လိုက်တာမပြောနဲ့ ဘုရားကိုအာရုဏ်ပြု လိုက်တော့မှ လှုပ်လို့ရသွားရော မေကြီးနေတဲ့ဘုရားခန်း
ထဲပြေးဝင်ပြီးအော်ခေါ်တော့တာပဲ" သူကပဲဆက်ပြီး....
"  အဲဒီနားကအိမ်တွေဆိုရင် ဒီအိမ်ဖက်ကိုညဖက်ဆိုမဖြတ်ရဲကြလို့ ကျွန်မတို့လာနေတော့ကျေးဇူးတွေတင်
နေကြတာ..တစ်နေ့ ကိုထွန်းထွန်းရဲ့ ညီက ကြာဆန်သုတ် တွေဝယ်လာပြီး နှစ်ယောက် ထမင်းစားတဲ့
အခန်းထဲမှမစားပဲ မီးဖိုခန်းထဲမှာစားနေတာ တစ်လုပ် နှစ်လုပ်လောက်ပဲစားရသေးတယ် ဟိုကောင်လေး
ကကျွန်မကို  ..မညို....မညိုနောက်ကတံခါးကကျွန်တော့ကိုမျက်လုံးပြူးကြီးနဲ့စိုက်ကြည့်နေတယ်ဗျ..ဆိုတော့
ကျွန်မနောက်လှည့်ကြည့်တော့လဲ ဘာမှမတွေ့ဘူး...သူကလဲ အမလေးအစ်မရေ လက်ကြီးဝင်လာပြီဗျ
ဆိုပြီးပြေးတော့ကျွန်မလဲ ပန်းကန်ကြီးနဲ့ပြေးရတော့တာပေါ့"
"နောက်တော့ဘာတွေဆက်ဖြစ်သေးလဲ "
" နောက်တော့  မီတာလဲရလို့ မီးတွေ တစ်အိမ်လုံး လင်းနေအောင်ပတ်ပတ်လည်ထွန်းထားတော့မှ ဘာမှ
မတွေ့ရတော့ဘူး အခြောက်လဲမခံရတော့ဘူး" လို့သူက ပြောပါတယ်။
ဒါကြောင့်မို့ ကျွန်တော်ဖတ်ဖူးတဲ့စာတွေထဲမှာ နာနာဘာဝတွေဟာ အလင်းရောင် စူးစူး   အသံစူးစူး တွေနဲ့
တွေ့မိရင် သူတို့ကိုယ်ထည်တွေဟာ နူးညံ့တဲ့အတွက်ပြိုကွဲပျက်စီးစေတယ်လို့ပြောပါတယ်။ နောက်ပြီး ကျွန်
တော့်အသိ ကြွက်ကြီးကပြောဖူးတယ် မလေးရှားမှာ အိမ်တစ်အိမ်ရှိတယ်တဲ့ ဈေးပေါပေမယ့်ငှားတဲ့သူနည်း
တယ်တဲ့ ဘာလို့လဲဆိုတော့ အဲဒီအိမ်မှာရှိတဲ့သရဲက  မကောင်းတာလုပ်တဲ့သူ မိန်းမရှုပ် ဆေးချ အရက်
သောက်တဲ့သူတွေဆို ဘာမှမလုပ်ပေမယ့် ဘုရားရှိခိုးတဲ့သူ ပရိတ်ရွတ်တဲ့သူတွေဆို လည်ပင်းညှစ်တာတို့
လှေခါးက ကန်ချတာတို့  ကုလားထိုင်ပေါ်က ကန်ချတာတို့ လုပ်တတ်ပါတယ်တဲ့။

မယုံတဲ့သူများ မလေးရှားရောက်ရင် သွားစမ်းကြည့်ကြဖို့ပါ။


                                                  အားလုံးပျော်ရွှင်နိုင်ကြပါစေဗျာ.......

Thursday, February 12, 2015

ကြွက်တစ်ကောင်နှင့်ထိုထိုသောအကြောင်းများ

တစ်နေ့သ၌ ကေသရာပဏိတ ဆရာတော်တစ်ပါးတည်း အွန်လိုင်းဝိဟာယန ကျောင်းတော်၌တစ်ပါးတည်း သီတင်းသုံးနေစဉ် ဆံပင်ပွယောင်းယောင်း အ၀တ် အစားဖိုသီဖတ်သီဖြင့် ကြွက်ကြီး ဆိုသော တကာရင်းတစ်ယောက် ရောက်ရှိလာ၏။ ဘုရားကိုလည်းရှိခိုးရမှန်းမသိ မိမိကိုလည်းရှိခိုးရမှန်းမသိ ကြောင်စီစီဖြင့်ကြည့်နေစဉ် “ ဟဲ့……ပြောက်လှချေလားတကာကြွက်ရဲ့“ “ တင်ပါ့ဘုရား တပည့်တော်လဲ ကြောင်စရာကိစ္စတွေကများတော့ အရှင်ဘုရားနဲ့ တောင်စကားမပြောဖြစ်တာပါဘုရာ့“ “ အိမ်း …ထားပါတော့ ခုကောဘာကိစ္စရှိလို့ ရောက်လာတာတုန်း“ “ တပည့်တော်လည်း အချစ်ရေးက ကံမကောင်းလို့ တပည့်တော်လက္ခဏာမှာ ကျွန်းတွေ ၊ချောင်းတွေများခံနေသလားလို့ သိချင်လို့ပါဘုရား“ “ အိမ်း….ပုထုစဉ်လူသားတွေကပဲ... ဗာဟီရကိစ္စတွေကများလှပေသကိုး။ဒါနဲ့ အဲဒါ တွေမသိခင် ဘုန်းဘုန်းတရားတစ်ပုဒ် ဟောပြမယ်၊ဘုန်းဘုန်းဟောတာမဟုတ်ဘူး ကွဲ့ ဘုရားဟောတာ သေချာနားထောင် ကြားလား “ “ တင်ပါ့ ဘုရား “ " ဒီလိုကွဲ့" ဘ၀တစ်ခုတွင်ဘုရားအလောင်း သည် ဒိသာပါမေက္ခဆရာကြီး အဖြစ်နှင့် တပည့်များစွားကို ပညာရပ်အမျိုးမျိုးသင်ကြားပြသနေသည်။ထိုဒိသာပါမောက္ခ ဆရာကြီးတွင် အသက် အလွန် ကြီးမားပြီး မျက်မမြင် မိခင်ကြီးတစ်ဦးရှိ သည်။ အသက်အတန်ပင်ကြီးမားလွန်းသောကြောင့် နောက် (၇)ရက်ခန့်ာကာလျှင် သေလွန်တော့မည်ဖြစ်သည်။ ဒိသာပါမောက္ခ ဆရာကြီးသည် တပည့်တစ်ယောက်အားမိန်းမတို့၏မာယာနှင့်ပတ်သက် သောအကြောင်းအရာတို့ကိုသင်ကြားပြသနေ၏။ မိန်းမတို့၏မာယာသဘောကို လက်တွေ့ သင်ကြားပြသပေးချင်သောကြောင့် မည်သို့သင်ကြားပြသရမည်နည်းဟုစဉ်းစားသော် မယ်တော်ကြီးအား မြင်မိပေ၏။ ထို့နောက် ထိုတပည့် အားမည်သို့မည်ပုံ ပြုလုပ်ရမည်ကို သင်ကြားပြသပေးပြီး မယ်တော်ကြီးအားခြေ ဆုပ်လက်နယ်ပြုစေ၏။ထိုသို့ပြုလုပ်ပေးနေရင်း ထိုတပည့်မှ မယ်တော်ကြီးအား … “ မယ်တော်ကြီးရယ် မယ်တော်ကြီးရယ် မယ်တော်ကြီးရဲ့အသားအရည်တွေဟာ ဒီအသက် အရွယ်မှာတောင် ဒီလောက်တင်းတင်းရင်းရင်းရှိနေရင် မယ်တော်ကြီးငယ်စဉ်တုန်းကဆိုလျှင် ဘယ်လောက်များ အတွေ့ကောင်းလိုက်မလဲ“ ဆိုပြီးစကားဦးအရင်သန်းပြီး အရိပ်အခြည် ကိုကြည့်နေလိုက် တယ်။ နောက်နေ့တွေမှာလည်း ဒီလိုပဲ စိတ်လှုပ်ရှားလာစေတဲ့စကားတွေ ကိုပဲ ပြောပေးနေတော့တယ်။ နောက်နေ့တွေမှာလည်း “ မယ်တော်ကြီးရယ် မယ်တော်ကြီးအသားတွေကိုထိမိ ကိုင်မိကတည်းက ကျွန်တော့ စိတ် ထဲမှာတစ်ဝဲလည်လည်နဲ့ မေ့ဖြောက်လို့ကို မရနိုင်ပါဘူး“ ဆိုပြီးထပ်ခါ ထပ်ခါ ပြောလောတော့ မယ်တော်ကြီးစိတ်ထဲမှာ တဏှာ စိတ်တွေ ၀င်ရောက်လာပါတော့တယ်။ နောက် ခုနှစ်ရက် နီးပါးကြာလာတော့ ထိုတပည့်မှ … “ မယ်တော်ကြီးရယ် ကျွန်တော့်မှာအတော်ပင်ခက် နေပါပြီ မယ်တော်ကြီးငေါက်ချင်လည်း ငေါက် ၊ဆဲချင်လည်းဆဲ၊ရိုက်ချင်လည်းရိုက်ပါတော့ကျွန်တော်ခံယူပါ့မယ်။ကျွန်တော့်စိတ်ထဲ မှာရှိသမျှတွေကို ထုတ်ဖေါ်ပြောပါရစေတော့ ကျွန်တော့်ဒုက္ခဟာ မယ်တော်ကြီးနဲ့ပေါင်းရပါ မှအေးပါ့မယ်။ကျွန်တော့ခုက္ခ ကိုမယ်တော်ကြီးကယ်တင်မှအေးမှာပါ“ ဟုပြောလေတော့၏။ ကာမဂုဏ်စိတ်တွေဝင်လာတဲ့မယ်တော်ကြီးမှာ အမှားအမှန်ကိုမမြင်တော့၊ရှက်ရမှန်းလဲ မသိတော့၊ကြောက်ရမှန်းလဲမသိတော့ပဲ ထိုတပည့်အား အမှန်တကယ်ပြောတာလားဟု မေးမြန်တော့၏။ အမှန်တကယ်ပြောတာပါ ဟုထိုတပည့်မှပြောသောအခါ မယ်တော်ကြီးမှ ၎င်းအား ခိုးယူပါတော့ဟုပြောလေတော့၏။ထိုတပည့်မှ မခိုးရဲပါ ဒိသာပါမေက္ခဆရာကြီးကို အင်မတန်မှကြောက်ရပါသည်ဟုပြောလေ၏။ ထိုအခါ ကာမတဏှာစိတ်တွေဝင်နေသောမယ်တော်ကြီးက ထက်လှစွာသောရဲဒင်းတစ် လက်ကိုရှာစေ၏။ထို့နောက် မယ်တော်ကြီးနေသည့်နေရာနှင့် ဒိသာပါမေက္ခ ဆရာကြီးအိပ် သည့်နေရာအား ကြိုးဖြင့်သွယ်တန်းစေ၏။ ထိုတပည့်လည်းခိုင်းသည့်အတိုင်း လုပ်ပေးလေ၏။ ညအချိန်သို့ရောက်သောအခါ မယ်တော်ကြီးသည်ကြိုးတန်းကိုကိုင်၍ သားအိပ်ရာသို့လာပြီး သား ၏ခေါင်းရှိမည်ထင်သည့်နေရာကိုမှန်းပြီး ရဲဒင်းဖြင့် ခုတ်လေတော့၏။ အကွယ်လေးမှ တိတ်တဆိတ် ဆရာတပည့်နှစ်ယောက်စောင့်ကြည့်နေရာမှာ ဒိသာပါမေက္ခဆရာကြီးမှာ အံ့သြလွန်းသဖြင့် “ မယ်တော်“ ဟုအသံထွက်သွားရာ သက်တန်းကုန်နေပြီဖြစ်သော မယ်တော်ကြီးမှာ ထိုနေရာ၌ပင် သေဆုံးသွားလေတော့၏။ ကာမတဏှာစိတ်ကား အလွန်ပင်ကြောက်စရာကောင်းလှပေ၏။အလွန်ပင်ပြင်းထန် လှပေ၏တကား။ ................... တကာကြွက် ကို တရားဟောပြီး သူ့မျက်နှာကိုသေချာကြည့်လိုက်တော့ စိတ်ထဲမှ အင်းးးးး…တကာကြွက်တော့ တရားရပြီး အွန်လိုင်းမှာတောင် ပေါ်လာပါတော့မလားမသိ တော်ကြာ မလေးရှားမှာရှိတဲ့တောထဲထွက်သွားပြီးတရားတွေဘာတွေကျင့်တော့မ လားမသိဘူး ဟုတွေးနေစဉ် သူပြောလိုက်သောစကားကြောင့် ကေသရာပဏိတ ဆရာတော်မှာ ပါးစပ်အဟောင်းသားဖြင့်ကျန်ခဲ့တော့၏..သူပြောသောစကားမှာ.. “ ဘုန်းဘုန်းဟောမှ တပည့်တော်လည်း သေချာစဉ်းစားမိတော့တယ် မိန်းမတွေ ဆိုတာသေခါနီးအထိ ဒီစိတ်ကရှိတယ်ဆိုတော့ တပည့်တော်စိတ်ဓါတ်မကျတော့ ဘူးဘုရား ဆက်ပြီးကြိုးစားဖို့အခွင့်အရေးတွေအများကြီးရှိသေးတာတွေ့ရတော့တယ် ကျေးဇူးတင်ပါတယ် ဘုရား…သွားပြီးဘုရား ချက်လိုက်ဦးမယ်ဘုရား...bye.”.......................................... အိမ်းးးးးးးးးးမှားတဲ့အခါလည်းမှားပေမပေါ့...............................................


                                                                                    အားလုံးပဲပျော်ရွှင်ကြပါစေဗျာ

Saturday, May 17, 2014

ဥရုဝေလ မှအပြန်
















အဝေး ကကြည့်လိုက်လျှင် လူစုလူဝေး စုစုရုံးရုံး မြူနှင်းတွေကြားမသဲမကွဲ တစ်ခုခုကိုကြိုးစားပမ်းစား 
လုပ်နေပုံ ရသည်။ ဆရာဖြစ်ဟန်တူသူက တပည့်များ ကိုအခြေအနေကြည့်၍ကြီးကြပ်နေပုံ လူပုံက
တည်တည်တန့်တန့် မုတ်ဆိတ်ကျ ဉ်စွယ်နှင့် လက်ပိုက်ပြီးကြည့်နေပုံ များ တော်ရုံတန်ရုံ လူတွေ
ဒူးထောက်သွားလောက်အောင် ခန့်ငြားလှသည်။တပည့် တပန်းတွေပေါများသလောက် တော်ရုံတန်ရုံ
ပေါ့ပျက်ပျက်တပည့်မျိုး ကိုဆိုလျှင် လက်မခံ ခံယူချက်ပြင်းပြင်းဖြင့် ၀ီရိယရှိသော တပည့်မျိုးကိုသာ လက်
ခံလေ့ရှိ၏။ သူ၏အမည် က ဥရုဝေလ ကဿ ပ ..ထိုနယ်တစ်ဝိုက်တွင်တော့ ဆရာကြီး တစ်ပါး မသိသူ
မရှိ  ကန်တော့ စရာဦးဦးဖျားဖျား လေးတွေဆိုလျှင် အရှင် ကဿ     ပ ဆီ အရင်ရောက်သည့် ကန်တော့်ခံ
ပူဇော်ခံလူစားမျိုး..လက်ရွေးစဉ်တပည့် ငါးရာခြံရံလျှက် ထိုတောအုပ်ကို အပိုင်စားရထားသည်။

ဥရုဝေလ တောအုပ်၏အေးမြလှသောဆောင်းရာသီ အချိန် ရေထဲမှာ ခိုက်ခိုက်တုန်နေသော တပည့်တွေက
 ဆရာ၏နှုတ်မှ အသံကို နားစွင့်ရင်း ရေထဲငုတ်လိုက် မွန်းကြပ်လာတော့မှ ရေပေါ်မှာလေတစ်ဝရှူ သွင်း
လိုက် လုပ်နေကြ သည်။နေကိုမော့ကြည့်လိုက်ရင်း ဥရုဝေလ နှုတ်မှစကားအများကြီးထွက်မလာ  "ဆွမ်း
စားကြ လော့" ဟူသောအသံကိုကြားလိုက်သည်နှင့် ကမ်းစပ်ပေါ်အသီးသီးတက်လာပြီး မီးဖိုသူကဖို
ဆရာကြီး အတွက်စားစရာပြင်သူပြင် ..အလုပ်ကိုယ်စီဖြင့် ယောက်ယက်ခတ်နေကြသည်ကို ဥရုဝေလ
ကျောက်တုံးတစ်တုံးပေါ်မှ ထိုင်ကြည့်ရင်း မိမိ ၏အရင်ကအချိန်များကို စဉ်းစားလိုက်မိသည်။ ဤကျောက်တုံး
ပေါ်၌မိမိထိုင်ခဲ့သည်မှာနှစ်ပေါင်း မနည်းတော့ ဒီအကျင့်အကြံတွေကျင့်ကြံခဲ့တာကလည်း အတော်ကြာခဲ့ပြီ
မိမိသီလတွေလည်း တစ်ပါးသူတွေထက်ဖြူစင်လို့သာ ဆရာနေရာကို ရနေခြင်းမဟုတ်ပါလော..ဟုတွေးရင်း
ပီတိဖြစ်ကာ ပြုံးမိလိုက်၏။သို့ပေမယ့် ကဿ ပစိတ်ထဲတွင် ဆရာ့ဆရာကြီးများသင်ကြားခဲ့သော နည်းများ
ပင်ဖြစ်လင့်ကစား ဒီကျင့်ကြံမှုများတွင် တစ်စုံတစ်ရာလိုအပ်ချက်ရှိနေသလို စိတ်ထဲမှာအမြဲ ဖြစ်ပေါ်
လျှက်ရှိ နေသည်။မိမိဘာသာ ရဟန္တာ ဖြစ်ပြီဟု သမုတ်ထားသော်ငြားလည်း မယုံမရဲစိတ်တွေ တစ်ခါတစ်
ရံဖြစ်ပေါ်လျှက်ရှိသည်။

" ဆရာကြီး စားဖွယ်များ အသင့်ဖြစ်ပါပြီ" ဟူသောအသံကြောင့် အရှင်ကဿ ပ၏အတွေးစဉ် ပြတ်သွားရင်း
တပည့်ကိုခေါင်းတစ်ချက်ဆတ်ပြလိုက်သည်။ မြစ် အောက်ဖက်တွေမှာမိမိလို တပညိ့များစွာနှင့်နေထိုင်ကြ
သော နဒီကဿ     ပနှင့် ဂယာ ကဿ ပ ကိုမဆီမဆိုင် သတိရလိုက်သေးသည်။ သြော်  ညီငယ်တို့ နှင့် 
စားဖွယ်လက်ဆုံ၍မစားရသည်မှာကြာမြင့်ပြီမဟုတ်ပါလော ကျန်းကျန်းမာမာမှရှိပါလေစ ။ အကိုကြီး၏
စကားကိုမြေ၀ယ်မကျ နားထောင်တတ်သော ညီငယ်များကို လွမ်းလိုက်ပါဘိတော့။ ဒီအကြင့်မြတ်တွေ
ကြင့်ကြံနေတဲ့ တပည့်များကိုလည်း မျက်စေ့ဒေါက်ထောက်ကြည့်နေရတာကြောင့်လဲ မိမိကိုယ်ကိုယ်ပင်
တစ်ခါတစ်ရံ ဂရုစိုက်ဖို့မေ့နေသည်။ ရေငုတ်ခြင်းဖြင့် သင်တို့ရဲ့ကိလေသာတွေ ဆေးကြောလော့ ။ရေငုတ်
အသက်အောင့်ခြင်းဖြင့် သမာဓိကိုရယူလော့ ဟူသောစကားကို  မြစ်ဆိပ်မသွားခင်နေ့စဉ်  မပျက် ဆုံးမနေ
ရသည်။ရဟန္တာ ဖြစ်ဖို့ဆိုလျှင် ဇွဲရှိမှ ခံနိုင်ရည်ရှိမှ ဒါကြောင့်လည်း တပည့်တွေကို သေသေချာချာရွေးချယ်
ပြီးလက်ခံထားခြင်းဖြစ်သည်။ရေ ထဲ မှာကြာရှည်စွာနေနိုင်ရန် ကျေးသား၊ ဇယ်ပုံ၊တံကျစ်ခုံ စသောကစား
နည်းတို့ကိုလည်းကစားခိုင်းရသေးသည်။ နေလုံးပင်ရေအောက်သို့ငုတ်လျှိုးလုနီးနီးဖြစ်နေပြီပဲ .မိမိ၏
လက်ရင်းသာဝက တစ်ပါးကိုလက် ယပ်ခေါ်လိုက်ပြီး အားလုံးကျောင်းသင်္ခမ်းသို့ပြန်ကြရင် လိုက်လံ ဆော်
သြခိုင်းရင်း မိမိက ပင်အရင်ပြန်လာခဲ့လိုက်သည်။

တဖြည်းဖြည်းလျှောက်လာရင်း ကျောင်းသင်္ခမ်းနားရောက်လာလေလေ ပို၍မှောင်လာလေပင် ၊ ကျောင်း
သင်္ခမ်းအ၀င်လမ်းလေးရောက်လာတော့တစ်စုံတစ်ယောက် ရောက်ရှိနေသလိုစိတ်ထဲမှာအေးခနဲခံစားလိုက်
 ရသည်။ ဤနေရာတွင်မိမိနေလာသည်မှာကြာပြီ ထူးထူးဆန်းဆန်း စိတ်တွင်း၌မဖြစ်စဖူး ၊သတိထားလာ
ရင်းလမ်းကွေ့အကျော်တွင် ရဟန်းတစ်ပါး ရပ်စောင့်နေသည်ကိုတွေ့လိုက်ရသည်။ ရဟန်း၏မျက်နှာ
သွင်ပြင်မှာ မိမိတစ်သက်တာတွင် တစ်ခါမှမမြင်ဖူး လောက်အောင်ချောမော တင့်တယ်နေပြီး မျက်ဝန်းများ
မှာ မိမိအားစိုက်ကြည့်လိုက် သည်နှင့် မိမိတစ်ကိုယ်လုံးထိုးဖေါက်သွားသည်ဟုထင်လိုက်မိသည်။ထိုသူ
အနီးသို့ ရောက်သည်နှင့်တစ်စုံတစ်ခု သောစွမ်းအားတွေ၏ အနီးကိုရောက်သွားသလိုခံစားလိုက်မိသည်။
ထူးဆန်းသည်ကအာဂနု ရဟန်းတွေ မကြာခဏ   လာတတ်ပေမယ့်စိတ်ထဲမှာဒါမျိုးမဖြစ်စဖူး။
အို.. ဘာပဲဖြစ်ဖြစ် သည်နယ်တစ်ဝိုက်မှာ မိမိ ကသာလျှင် လွှမ်းမိုးထားသည်ပဲ အာဂနု ရဟန်းတစ်ပါး၏
အရှိန်အ၀ါကို ရွံ့နေစရာအကြောင်း ဘာမှမ မရှိ။မိမိကသာလျှင် စကားစမြည် စပြောဖြစ်လိုက်သည်။

       " အဘယ်တစ်စုံတစ်ရာ အကြောင်းများ ရှိလို့ပါလဲ  ..ငါ့ရှင်"

       " ကဿ ပ သင့်အတွက်ဝန်မလေးဘူးဆိုရင် ကျောင်းအနားမှာရှိတဲ့ မီးတင်းကုတ်မှာတည်းပါရစေ"

အို...ရုပ်ရည်တင်ချောမောသည်မဟုတ် အသံကလဲ အင်မတန် အေးမြသလောက်သာယာလှပေတကား...
ဤအနီးတစ်ဝိုက်တွင်မိမိ ကို ကဿပ ဟုနာမ်စားသုံးပြီးခေါ်သူမရှိ  ဘာပဲဖြစ်ဖြစ် မိမိ၏စိတ်ထဲမှာအာဂနု
ရဟန်းကို  အလိုလို ဖိတ်ခေါ်ချင်နေမိသည်။သို့ပေမယ့် ဒီမီးတင်းကုတ် ကိုမီးပူဇော်ဖို့ မိမိပင်မ၀င်ရောက်
ဖြစ်တာ ကြာလှပြီ။လွန်ခဲ့သောလအတန်ကြာက မိမိသာဝကတစ်ပါးကို မီးပူဇော်ခိုင်းရာ ဘယ်ကရောက်
လာတဲ့ နဂါးတစ်ကောင်က အစွမ်းပြလိုက်သဖြင့် လောကကြီးမှထွက်ခွါသွားခဲ့ရပြီ။မိမိ အပါအ၀င် တစ်စုံ
တစ်ယောက်ကမှ နဂါးကိုထွက်ခွါသွားအောင်စွမ်းဆောင်နိုင်စွမ်းမရှိ။ သာဝကများကိုလည်းထိုမီးတင်းကုတ်
သို့ မသွားလာစေရန် ညွှန်ကြားထားပြီး မိမိလည်း ထိုအချိန်မှစ၍ခြေဦးပင်မလှည့်တော့။ယခုမူ အာဂနု
ရဟန်းကခွင့်တောင်းနေချေ ပြီ။မဖြစ်ချေ ဘူး မိမိကိုယ်တိုင်လည်းထိုအဂနုရဟန်းကိုမြင်မြင်ချင်း ခင်မင်မိချေ
ပြီ အန္တရာယ်တစ်စုံတစ်ရာဖြစ်သွားဖို့ကိုလည်းမလိုလား။

      " ရဟန်းကြီး သင်တည်းခိုမှာကိုငါက ၀န်မလေး မီးတင်းကုတ် အတွင်းမှာ ရှိတဲ့ နဂါးတစ်ကောင်ကြောင့်
သင်အန္တရာယ်တစ်ခုခုဖြစ်မှာစိုးတယ်" စိုးရိမ်တကြီးလေသံဖြင့်ပြောလိုက်မိသောမိမိကိုယ်မိမိပင် မယုံနိုင်၊
အာဂနုရဟန်းကတော့ တစ်စက်ကလေးမှစိုးရိမ်ပုံမပေါ် ရဲရင့်တည်ငြိမ်နေသည်။တစ်ခါမှမကြုံဖူးလို့ပဲလား..
အကြောက်အရွံ့မရှိလို့ပဲလားတော့မသိ စိုးရိမ်မိသည့် မိမိကိုယ်ကိုယ်ပင် ရှက်မိသည်။အာဂနုရဟန်းက..

                  " ကဿ  ပ ငါ့ကိုနဂါး ရန်မပြုနိုင်ပါဘူး  " ဟု တည်တည်ငြိမ်ငြိမ် ပဲ ပြန်ပြောလိုက်၏.
အာဂနုရဟန်းကိုသူပြော၍မရနိုင်မှန်း ကဿ     ပ သိသည် ။
    " အေးလေ ငါ့ရှင် သင် နေချင်သပဆိုရင် အန္တရာယ်ကိုကြည့်ပြီး သတိထားနေခဲ့ပေတော့ "ဟု ဆိုကာ
ကျောင်သင်္ခမ်းထဲကိုဝင်သွားလိုက်တော့၏။ စိတ်ထဲက သိပ်တော့မကောင်း ရဟန်းကြီးတစ်ခုခုဖြစ်မှာသူ
စိုးရိမ်နေသည်။ ညဖက် အိပ်လဲမပျော်ဟိုလှိမ့်ဒီလှိမ့်နှင့် မဖြစ်သေးပါဘူး ရဟန်းကြီး ရှိနေတဲ့ မီးတင်းကုတ်
ကိုတစ်စေ့တစ်စောင်းကြည့်ဦးမှ ဟုတွေးရင်းအပြင်ထွက်လာချိန်မှာ သူ့ပါးစပ်အဟောင်းသားဖြစ်သွားတော့
၏။ မီးတင်ကုတ်ကြီးမီးလောင်နေပြီထင်၏ ။ ဆရာကဿ  ပ   ၏အရိပ်အခြည်ကိုသိသော လက်ရင်းသာဝက
များကလည်းထွက်ကြည့်ကြ၏။ စကားနည်းသော ရှင်ကဿ ပ ဆို့နစ်ကြေကွဲသံဖြင့်
   " အချင်းတို့ ရုပ်အဆင်း အင်မတန်ချောမောသောငါတို့မိတ်ဆွေ ရဟန်းကြီးတော့ နဂါးပေါက်သတ်ပြီး
သေရှာပြီထင်ပါရဲ့" ဟုပြောရင်း စိတ်မကောင်းသောမျက်လုံးများဖြင့်လှမ်းကြည့်နေသည်။

သူမသိသေးသည်မှာ ထိုအာဂနုရုပ်ရည်ချောမောသောရဟန်းကား သုံးလောက ထိပ်တင် မြတ်ဘုရားရှင်
ဖြစ်နေခြင်းပင်။မြတ်စွာဘုရားရှင် သည် မီးတင်းကုတ်အတွင်းရှိ မြက်အခင်းထက်ဝယ် အာနာပါန ကမဌာန်း
ကိုစီးဖြန်းနေသည်ကို နဂါးတွေ့သောအခါ ဒေါသထွက်ပြီး မီးဝင်းဝင်းတောက်သောမျက်လုံးဖြင့်ထွက်လာပြီး
ခံတွင်းမှ ရဲရဲတောက်သော မီးလျှံ အခိုးအငွေ့ တွေမှုတ်ထုတ်ပြီးတိုက်ခိုက်သည်။ မြတ်စွာဘုရားသခင်မှာ
နဂါး၏ဒေါသကို နှိမ်နင်းချိုးလှန်တော်မူလိုသဖြင့် တေဇောကသိုင်းကို ၀င်စားလျှက် နဂါး၏အခိုးအလျှံ ထက်အဆများစွာပို သောအခိုးအလျှံတွေ လွှတ်တော်မူသည်။ ဘုရား နှင့်နဂါး၏အခိုးအလျှံတွေကြောင့်မီးပုံ
ကြီးလိုဖြစ်နေသည်ကို ရှင်ကဿ ပ တို့တွေမြင်နေရခြင်းသာဖြစ်သည်ကိုသူတို့မသိကြချေ။

" ကဲ ကဲ    ပြန်ပြီးအိပ်စက်ကြလေလော့ မနက်ဖြန်မနက် လင်းလင်းချင်းချင်းရှိမှပဲ တစေ့တစ်စောင်းသွား
ကြည့်ကြတာပ "  ဆိုသော ရှင်ကဿ ပ၏ အသံထွက်လာမှ လူစုခွဲကာ အသီးသီးဝင်သွားကြလေ၏။
ဥရုဝေလကဿပ ကားတစ်ညလုံးရင်ထဲမကောင်း ကျောင်းသင်္ခမ်းအတွင်၌ တည်းခိုစေရန်မပြောမိသော
မိမိ၏အပြစ်မ ကင်းသလိုလဲဖြစ်နေသည်။တွေးရင်းတွေးရင်းမှေးကနဲအိပ်ပျော်သွားသည်။နိုးလာတော့ ရောင်
နီတောင် လာတော့မှာပဲ ဟုတွေးရင်း ဖရိုဖရဲဖြစ်နေသောသင်္ဃန်းကို ကောက်ရုံလိုက်ပြီး အပြင်ကို ကမန်း
ကတန်းထွက်လာပြီး အာဂနုရဟန်းရှိသော မီးတင်းကုတ်ဖက်သို့လှမ်းကြည့်လိုက်စဉ်မှာပင် မိမိမျက်စေ့ကို
ပင်မယုံနိုင်လောက်အောင် မျက်လုံးကိုပွတ်သတ်ပြီးပြန်ကြည့်လိုက်မိသည်။မီးတင်ကုတ်အတွင်း မှ ခြေတစ်
လှမ်းချင်း လှမ်းထွက်လာသော မိမိ၏မိတ်ဆွေ ရဟန်းကြီး လက်ထဲမှာပိုက်ထားသော သပိတ် အတွင်းမှာ
ကား မိမိတို့နှစ်ပေါင်းများစွာ ကျီးလန့်စာစား ကြောက်လန့်နေရသော ကြောက်မက်ဖွယ်ရာနဂါးကြီး။သပိတ်
အတွင်းမှာအဆိပ်မရှိသော ရေမြွေ တစ်ကောင်နှယ် ငြိမ်သက် နေသည်။ အာဂနုရဟန်းက....
       " ငါ့ရှင် ကဿ ပ သင်တို့ကိုဒုက္ခပေးနေသောနဂါးမှာ ဤနဂါးလော"
       " ရဟန်းကြီး မှန်ပေ၏ " ဟု ကဿပ ကပြောလိုက်သည်။ ကဿ ပ၏တပည့်များမှာ အံ့သြတကြီးဝိုင်း
၍ကြည့်နေကြသော်လည်း ကဿ ပ၏စိတ်တွင်း၌ ...ဒီရဟန်းကြီး အတော်တန်ခိုးကြီးတာပဲ..ကြောက်စရာ
ကောင်းတဲ့နဂါးကြီး ကိုလည်း အေးအေးဆေးဆေး နှိမ်နင်းနိုင်တယ်......စိတ်တွင်း၌အထင်ကြီးစိတ်တွေပေါ်
လာသော်လည်း....ဟင်းးး   သူတန်ခိုးကြီးတာတော့ မှန်ပါတယ် ငါတို့လို ရဟန္တာတော့ မဟုတ်ပါဘူး...
ရဟန္တာဖြစ်ဖို့ လွယ်မှတ်လို့ ...ဟုတွေးရင်းအထင်ကြီးစိတ်တွေဖြောက်လိုက်ပြီး...
 " ရဟန်းကြီး သင်ဘယ်မှသွားမနေပါနဲ့ ငါတို့ဆီမှာပဲအမြဲနေပါလော့ ဒီမှာဆွမ်းအတွက်လည်းမပူရပါဘူး"
ဟု ကဿ ပ ကပြောလေလျှင်  အာဂနုရဟန်းလည်းဆိတ်ဆိတ်နေခြင်းဖြင့် ၀န်ခံလိုက်ပြီး ဥရုဝေလ ကဿ ပ၏ကျောင်းအနီး တောအုပ်အတွင်း၌ နေတော်မူလေ၏။

ဥရုဝေလကဿ ပ   လည်း အာဂနုရဟန်းအကြောင်းကိုတွေးနေ၏။ဒီရဟန်းတော်တော်တန်ခိုးကြီးလှချေလား
ငါ့မှာတော့ ဒီအကျင့်အကြံတွေကိုသေမလောက်နှစ်ပေါင်းများစွာ ကျင့်ကြံနေတာတောင် တန်ခိုးနဲ့တူဆိုလို့
တစ်ခါမှ မတွေ့ဖူး ဒီရဟန်းကျတော့ ရုပ်ရည်ကလည်း ဘယ်သူနဲ့မှမတူအောင်ချောမော တန်ခိုး ကလည်း
ဘာတစ်ခုမှကျင့်ကြံတာမတွေ့ရပဲ အင်မတန်ကြီး တော်တော် ကြည်ညိုဖို့တော့ကောင်းပါတယ်...ငါတို့လို
တော့ရဟန္တာ ဖြစ်ဟန်တော့မတူသေးပါဘူး လေ...ဟုတွေးရင် အိပ်မပျော်သေးသည်နှင့် ကျောင်းသင်္ခမ်း
အပြင်ကိုထွက်လိုက်ပြီး ဖြတ်တိုက်လာတဲ့ လေညှင်းလေးကိုခံရင်း တောအုပ်ဖက်ကိုအသာကြည့် လိုက်
တော့... အရှေ့ဖက်မှအလင်းရောင်တန်းကြီးတစ်ခု ကောင်းကင်ပေါ်ကကျလာပြီး တောအုပ်အတွင်း ၀င်
သွားတာတွေ့လိုက်ရတော့ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ခဏတာ မှင်သက်နေမိ၏။ ဘာဖြစ်တာလဲ
တော့မသိဘူး ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တောင်ဖက်ကတစ်ခု မြောက်ဖက်ကတစ်ခု အလင်း
တန်းကြီးနှစ်ခု တောအုပ်အတွင်းဆင်းသွားစဉ် မရှေးမနှောင်း အနောက်ဖက်ကပါ အလင်းတန်းကြီးတစ်ခု
ထပ်မံဆင်းသွားသည်ကိုတွေ့ရပြန်တော့ ကျောင်းသင်္ခမ်းအတွင်းသို့ ၀င်ပြီး လက်ရင်းသာဝက နှစ်ဦးကို
ခေါ်ပြီးမီးတုတ်ကို ယူခဲ့ခိုင်းလိုက်ပြီး တောအုပ်ဖက်ကိုသွားကြည့်တော့  အရောင်အ၀ါတွေ တောက်နေတဲ့
သူလေးဦးက ရဟန်းကြီး နှင့် မနီးမဝေးနေရာများတွင် ငြိမ်သက်စွာထိုင်နေကြသည်ကို မိမိရော မိမိသာဝက
တွေရော တွေ့လိုက်ကြရသည်။ မိမိတပည့်တွေမျက်နှာကို ကြည့်လိုက်တော့ ထိုနေရာကိုတလှည့် မိမိကို
တစ်လှည့်ကြည့်ပြီးအတော်အံ့အားသင့်ကာတစ်စုံတစ်ရာပြောချင်နေကြပုံရသည်။ ရဟန်းကြီးဆီရောက်
အောင်သွားမည်ပြုပြီးမှ မိမိနှင့်မဆိုင်ပါဘူးလေ သိချင်တာရှိရင်နောက်နေ့မှမေးတော့မယ်ဟုဆုံးဖြတ်လိုက်
ပြီး သာဝကနှစ်ဦးကို လက်ကိုရမ်းပြလိုက်ရင် ကျောင်းသင်္ခမ်းဆီကိုသာပြန်လာလိုက်တော့၏။

နောက်နေ့မနက်အရုဏ်တက် အချိန်၌ ကဿ ပ ကိုယ်တိုင် တောတွင်းသို့ ၀င်ရောက်သွားပြီး  အာဂနုရဟန်း
ဆီရောက်သွားတော့ ငြိမ်သက်စွာနေပြီး  ကြည်လင်နေတဲ့မျက်နှာထားနဲ့ ထိုင်နေတာကိုတွေ့ရတော့...
" ရဟန်းကြီး ဆွမ်းစားချိန်တန်ပြီ ..ဆွမ်းတွေလည်းပြင်ပြီးသွားပြီ ဆွမ်းစားကြွပါလော့ " ဆိုပြီး ဆွမ်းစားပင့်
လာခဲ့၏။ ညကကိစ္စကိုတော့ မမေ့သေး မေးရန်အာဂနုရဟန်း၏မျက်နှာကို အသာအကဲခတ်ရင်း.....
" ရဟန်းကြီး ညက ငါ သင့်ထံသို့ရောက်လာခဲ့တယ် ညက သင့် အနားမှာ ငြိမ်သက်စွာထိုင်နေတဲ့ မီးပုံကြီး
တွေလို တောက်ပနေတဲ့ သူ လေးဦးကိုတွေ့တယ် အဲဒါဘယ်သူတွေများလဲ ငါသိချင်ပါဘိ"...ဟုမေးလိုက်
သည်။ မိမိကသာအထူးအဆန်းအဖြစ်သိချင်၍မေးလိုက်ပေမယ့် အာဂနုရဟန်းအတွက်ကတော့ တစ်စုံတစ်
ရာအထူးအဆန်းလိုမဟုတ် အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
" ကဿ ပ မနေ့ညက လေးယောက်ကိုမေးတာလား....အဲဒါ စတုမဟာရ် နတ်မင်းကြီးတွေလေ ..ငါ့ကို
အလုပ်အကြွေးပြု ကြမလို့ ခစားလာကြတာ"  ဟုပြောလိုက်တော့ ရှင်ကဿ ပ မျက်နှာမှာအံ့အားသင့်တဲ့
ပုံပေါ်သွားပြီးမှငြိမ်ကျ သွားသည်။
သြော်...ဒီရဟန်းကြီးက တော်တော်တန်ခိုးကြီးတာပဲ ...စတုမဟာရ် နတ်မင်းကြီးတွေတောင် ခစားလုပ်
ကြွေးကြရတယ်....အိုသူဘယ်လောက်ပဲ တော်နေတော်နေ ဘာမှကြင့်ကြံ နေတာမှမမြင်ရပဲ...ငါတို့
လိုတော့ရဟန္တာမဖြစ်လောက်သေးပါဘူး....ဟုစိတ်တွင်း၌ တွေးနေသည်ကိုဘုရားရှင်ကသိနေပေမယ့်သည်းခံ
တော် မူပြီးတိတ်တဆိတ် ပဲလိုက်လာတယ် ။ ဆွမ်းစားပြီးအာဂနုရဟန်းကိုလိုက်ပို့တော့ ကဿ     ပ၏တပည့်
တွေ ညက အကြောင်းကိုစကားဖေါင်ဖွဲ့၍မဆုံး ။ဒီအခြေအနေကိုပင် စိတ်ထဲကသိပ်မကြေနပ်ပေမယ့် အမှန်
တရားကလဲဖြစ်နေသည်။.စိတ်ထဲ မှာမနာလိုစိတ်လိုလို အားကျစိတ်လိုလိုတော့ပေါ်လာပေမယ့် မိမိတို့..
အကြင့်လောက် မမြင့်မြတ်လောက်ပေဘူးဟုသာဖြေတွေးလိုက်သည်။

ဥရုဝေလကဿဿ ပတစ်ယောက် အာဂနု ရဟန်းအပေါ်၌တစ်နေ့တစ်ခြားစိတ်ဝင်စားမှုတွေတိုးလာသလို
သူ၏တပည့်များကလည်းအမြဲလို အဂနုရဟန်းအားတစေ့တစ်စောင်းအကဲခတ်ကြည့်နေကြသည်။
လုပ်စရာကြင့်ကြံမှုများပြီးမြောက်သည်နှင့် နေ၀င်သွားပြီးနောက်ပိုင်း တောအုပ်အတွင်း၌ ထူးခြားမှုတစ်ခုခု
ရှိလေမလား
ဟူသောအတွေးများဖြင့် ဆရာရော တပည့်များပါ ယခင်လို စိတ်ချလက်ချမအိပ်ကြတော့ချေ။ တစ်ည သူတို့
မျှော်လင့်နေသလို  ယခင်က အလင်းတန်းများထက်ပို၍တောက်ပပြီး ကြီးမားသောအလင်းတန်းကြီးတစ်ခု
သန်းခေါင်ယံအချိန်၌ ကောင်းကင်မှ တောတွင်းသို့ ၀င်ရောက်သွားသည်နှင့် ရှင်ကဿ     ပနှင့်တပည့်များ စီးဝါး
ကိုက်တိုင်ပင်ထားသလို တောတွင်းသို့ဝင်ရောက်ပြီးသွားကြည့်ကြပြန်သော် တောက်ပသောအ၀တ်အစားတွေ
နှင့်သူတစ်ယောက်က အာဂနုရဟန်းကိုလက်အုပ်ချီ နေသည်တွေ့ရသည်။ အချိန်အတန်ငယ်အကြာ စောင့်
ကြည့်ကြပြီးမှ တပည့်များနှင့် အတူပြန်ခဲ့ကြသည်။လမ်းခုလပ်ရောက်သောအခါ လက်ရင်းသာဝက တစ်ဦးမှ
" အာဂနုရဟန်းကိုကြည့်ရတာ ကျွန်ုပ် တို့ အဖို့ အတော်ထူးဆန်းနေပါတယ် ဆရာကြီး" ဟု မရဲတရဲ ပြော
လိုက်သည်ကို ကဿ ပ က " ဤ အရာများသည် အထူးအဆန်းမဟုတ်" ဟူသောစကားဖြင့် မေးသူတို့၏
နှုတ်ကိုဆွံ့အစေခဲ့သည်။ ပြောမည့်သာပြောရသည် ထိုသို့သောအရာများကိုမိမိ ကိုယ်တိုင်လည်း တစ်ခါမျှ
မမြင်ဖူး တပည့်များလည်းမြင်ဖူးမည်မထင် ဟန်ကိုယ့်ဖို့သာလုပ်လိုက်ပြီးတပည့်များကိုအကဲခတ်ကြည့်လိုက်
သော် မိမိ၏အဖြေကို ကြေနပ်ပုံမပေါ်သော်လည်း ဘာတစ်ခုမှ တုံ့ပြန်မှုမလုပ်ကြပေ။

နောက်တစ်နေ့ဆွမ်းစားသွား၍ပင့်သောအခါ ကဿပ မနေနိုင် ယခင်အတိုင်း ညကရောက်လာတာဘယ်
သူများလည်းဟုမေးပြန်သော် အာဂနု ရဟန်းက အေးဆေးစွာပင်..ညကရောက်လာသည်မှ နတ်ပြည်
နှစ်ထပ်ကိုအစိုးရသသော သိကြားမင်းသည် ငါ့တရားကိုနာရန် ၀တ်ကြီးဝတ်ငယ်ပြု စုရန်လာသည်ဟုပြော
သောအခါ ကဿ     ပ ငြိမ်ပြီးစဉ်းစားနေပြန်သည်။အင်း... နတ်ပြည်နှစ်ထပ်အစိုးရသော သိကြားမင်းပင်
ခစားလာရတယ်ဆိုတော့ ရဟန်းကြီးဟာ သာမန်တော့ မဟုတ်လောက်ပေဘူး..ဟုစဉ်းစားပြီး အစထဲက
ဆရာတစ်ဆူဖြစ်နေသောကဿ ပ က ...ဟင်...ဘာပဲဖြစ်ဖြစ် ငါ့လိုရဟန္တာတော့မဟုတ်လောက်သေးပါ
ဘူးဟု တွေးတောနေသည်ကို ဘုရားသခင်သိသော်လည်း သည်းခံနေတော်မူပြန်၏။ဗြဟ္မာမင်း ရောက်လာ
ပြန်တော့လည်းယခင်အတိုင်းမေးပြီး ယခင်အတိုင်းကြံစဉ်သည်ကို မြတ်စွာဘုရား သည်းခံတော်မူပြန်၏။
.....................................................*************........................................................

     ပြာသို  လပြည့်မတိုင်ခင်တစ်ရက် နေ့ည************

အင်္ဂတိုင်း  နှင့်မာဂဓ တိုင်းတို့ ၏လမ်းများတွင် သဘင်များကျင်းပနေသလို လှလှပပ၀တ်စားထားသော
သူများ ကိုယ်စီကိုယ်စီကြက်ပျံမကျ စည်ကားနေကြသည်။လေးသူငယ်များ ကလည်းပြေးလွှားကစားနေကြ
သည်။မိမိအသံကိုမိမိမကြားနိုင်လောက်အောင် ဆူညံနေကြသည်၊အတီးအမှုတ် အကအခုံများကလည်း
တစ်နေရာတစ်မျိုး မရိုးနိုင်အောင်အသုံးတော်ခံနေကြသည်။သန်းခေါင်ယံကျော်သွားသည်နှင့် လူများတစ်စ
တစ်စ မိမိတို့အိမ်သို့ပြန်သွားကြပြီး များမကြာမီ တိတ်ဆိတ်ငြိမ်သက်သွားကြတော့၏။အားလုံး မောပန်းကာ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် သွားကြ သော်လည်း အိပ်မပျော်သူတစ်ယောက်ကတော့ ဥရုဝေလတောထဲမှာ
သီတင်သုံးနေသော ရှင်ကဿ     ပတစ်ယောက်သာ..အတွေးတွေနယ်ချဲ့ရင်းတစ်စုံတစ်ရာကိုပူပန်နေသည်။
အင်း........မနက်ဖြန်ဆို အင်္ဂတိုင်းနဲ့ မာဂဓတိုင်းသားတွေ လှူ စရာပစ္စည်းတွေ ဆွမ်း ဘောဇဉ်တွေနဲ့ရောက်
လာကြမှာ ..အဲဒီအချိန်သာ အာဂနုရဟန်း ရောက်လာခဲ့ရင် သူက ရုပ်ရည်ကလည်းချောမောသလောက်
ကြည်ညိုစရာကလည်းအတော်ကောင်းတယ် ..ဒီကြားထဲတန်ခိုးကလည်းကြီးသေးတယ် မတော်လို့လူတွေ
ရှေ့မှာတန်ခိုးတွေပြလိုက်ရင် သူ့ကိုလူတွေကကြည်ညိုပြီးငါတို့ကိုသဒ္ဓါတရားပျက်သွားကြရင်တော့ဒုက္ခပဲ..
ရဟန်းကြီးကိုမကြိုက်လို့မဟုတ်ပေမယ့် သူမလာရင်တော့ ကောင်းမှာပဲ"......ဟုတွေးတောကာ အိပ်မပျော်
နိုင်ပဲ ရင်ထဲမအေးဖြစ်နေ၏။

မြတ်စွာဘုရားသခင်သည်  ကဿ     ပရသေ့၏ တွေးတောသည်ကို သိ၍ ၁၀၃ခုနှစ် ပြာသိုလပြည့်နေ့တွင်
မြောက်ကျွန်းသို့ဆွမ်းခံကြွတော်မူပြီး အနောတတ်အိုင်၏အနီးတွင်ဆွမ်းဘုန်းပေးတော်မူ၍ နောင်တစ်ချိန်
သာသနာထွန်းကားရာဒေသဖြစ်မည့် လင်္ကာဒီပ(သိရိလင်္ကာ) ကျွန်းသို့တစ်ကိုယ်တည်းကြွတော်မူ၍ နတ်
ဘီလူးတို့ကိုနှိမ်နင်းတော်မူပြီး သုမနနတ်မင်း အားဆံတော် လက်တစ်ဆုပ်ပေးတော်မူခဲ့၍ နောက်နေ့အရုဏ်
မတက်မီ ဥရုဝေလ တောအုပ်သို့ပြန်ကြွတော်မူ၏။လပြည့်ကျော် (၁)ရက်နေ့ ဥရုဝေလ ကဿ ပ ဆွမ်းစား
ပင့်ရန်ရောက်လာသည်။ မျက်နှာကလည်းအတော်ပင်ပြုံးရွှင်နေပြီး စကားတွေလဲတောင်စဉ်ရေမရပြောရန်
အားယူထားသည်...
     " ရဟန်းကြီး ယမန်နေ့ကသင်အဘယ်ကြောင့်မလာရတာလဲ ငါတို့အားလုံးသင့်အားစောင့်နေကြပြီး
ဆွမ်းဘောဇဉ် တွေလည်းအများကြီး သင့်အတွက်ထားထားပါရဲ့နဲ့ သင်မလာပဲနေတယ်" ဟု လောကွတ်
စကားပြောလိုက်သည်။ သူ့ပုံစံက မနေ့က မလာသည့် အတွက် အတော်ပင်စိတ်မကောင်းဖြစ်နေဟန်ပြု
ထားသည်။အာဂနုရဟန်းကတော့ ထုံးစံအတိုင်း ကြည်လင်တည်ငြိမ်သောမျက်နှာနှင့် ........
     " ကဿ ပ ယမန်နေ့ညက သင် စိတ်တွင်း၌ ငါမလာရင်ကောင်းမှပဲလို့ တွေးတယ်မဟုတ်လော..သင့်
စိတ်ကိုငါသိ၍ ဥတ္တရကုရု လို့ခေါ်တဲ့မြောက်ကျွန်းကိုသွားပြီးဆွမ်းခံတယ် နောက်ပြီးစန္ဒကူးမြိုင်မှာဝင်ပြီး
ဆွမ်းစားခဲ့တယ်" ဟုပြောလိုက်လျှင် ကဿ ပ မျက်နှာကွက်ခနဲပျက်သွားပြီး ရှက်ရွံ့သလိုဖြစ်သွားသည်။
နောက်မှ အရှက်ပြေ... " ကဲပါလေ အချိန်လဲအတော်လင့်သွားပြီးဆွမ်းစားသွားကြရအောင်" ဆိုပြီးစကား
လမ်းကြောင်းလွှဲလိုက်သည်။လမ်းလျှောက်လာရင် ကဿ     ပစိတ်တွင်း၌ ...အင်း.....ဒီရဟန်းကြီး အတော်
မလွယ်ပါလား ငါ့တွေးနေတာကိုတောင် ဘယ်လို ဘယ်လိုသိတာလဲ စဉ်းစားလို့တောင်မရဘူး ..ဟူး
မျက်နှာပူစရာပဲ ..အင်းနည်းတစ်ခုခု ရှိလို့သိတာပဲနေမှာပါ ....ငါတို့လိုတော့ ရဟန္တာ မဖြစ်လောက်သေး
ပါဘူး ဆိုပြီးတွေးတောသည်ကိုလည်း ဘုရားသခင် သိတော်မူလျှက် ခွင့်လွှတ်ပြီးဆွမ်းဘုန်းပေးခဲ့သည်။

တစ်နေ့သောအခါမြတ်စွာဘုရားရှင် ဒေသစာရီကြွချီတော်မူရာ သေနနိဂုံးရွာမှသူဌေးကျွန်မ ပုဏာ၏ အ
လောင်းတွင် ပတ်ထားသော ပိုက်ဆံလျှော် အ၀တ်ကိုတွေ့သဖြင့်ပိုးလောက်အများကြီးကိုဖယ်ရှား၍ ပံ့သုကူ
ကောက်တော်မူရာ မဟာပထ၀ီမြေကြီးသည် သွက်သွက်ခါအောင်လှုပ်၍ ကောင်းချီး ပေး၏။ထိုနောက်
မြတ်စွာဘုရားရှငိလျှော်ဖွတ် လှမ်းရန်အတွက် သိကြားမင်းသည် ရေကန် ကျောက်ဖျာ တို့ကိုဖန်ဆင်းပေး၏။  ဖြန့်ရန်အတွက် ရေခံတက်ပင်အကိုင်းကိုအပင်စောင့်နတ်မှကွေးညွှတ်ပေး၏။ဆိုးဆေးအတွက်သိကြားမင်း
ကဖန်ဆင်းပေး၏။

နောက်နေ့မနက်သို့ရောက်သောအခါဥရုဝေလကဿ ပသည် ထိုနေရာသို့ရောက်လာသောအခါ ကိုယ့်
မျက်စေ့ကိုပင် ကိုယ်မယုံနိုင်အောင်ဖြစ်သွားသည်။ရေကန်ကြီးတွေ ကျောက်ဖျာကြီးတွေ  ရေခံတက်ပင်
ကြီးကလည်းကွေးညွှတ်လို့ ဘာတွေဖြစ်ကုန်ပြီလဲ ဟုတွေးကာ အာဂနု ရဟန်းဆီသို့ရောက်သောအခါကျမှ
မေးမည်ဟုတွေးထား၏။ ရောက်လာသောအခါ...
      " ရဟန်းကြီး ဒိနေရာမှာအရင်က ရေကန်တွေ ကျောက်ဖျာတွေလဲတစ်ခါမှမတွေ့ဖူးပါဘူး..ခုမှအဲဒါတွေ
မိုးပေါ်ကကျလာသလိုဘယ်ကရောက်တာလဲ" ဟုမေးသောအခါ ဘုရားရှင်က ပံ့သုကူသင်္ကန်းကောက်ယူ
သည်မှစ၍ သိကြားမင်းဖန်ဆင်းပေးလာကြောင်း ခပ်အေးအေးပင်မိန့်တော်မူ၏။ ကဿပ၏စိတ်ထဲ၌ အင်း...
..ဤရဟန်းကြီး တော်တော်တန်ခိုးအာနုဘော်ကြီးတာပဲ သိကြားမင်းတောင် ခြေရင်းအလုပ်အကြွေး
သာမဏေလို ခစားလုပ်ကြွေးရရှာတယ်....အံ့သြစရာပဲ.......အို..ငါကဒီနယ်မှာဆရာကြီးပေပဲ  ငါ့လိုတော့
ရဟန္တာဖြစ်ဦးမှာတော့မဟုတ်သေးပါဘူး ဟုသာ တွေးတောပြန်၏။ဘုရားရှင်လည် ကဿ ပ ၏ဆွမ်းကိုသာ
ဘုန်းပေး၍ ထိုတောအုပ်၌ နေမြဲနေ၏။

နောက်တစ်နေ့ ကဿပ ဆွမ်းစားလာပင့်သောအခါ " ကဿ ပ သင်သွားနှင့်လော့ငါလာခဲ့မယ်" ဟုပြော၍လွှတ်
လိုက်ပြီး ဇမ္ဗုသပြေသီးကို ယူခဲ့၍ မီးတင်းကုတ်၌ နေတော်မူ၏။ကဿ ပ မောကြီးပန်းကြီးရောက်လာသော
အခါ " ရဟန်းကြီး သင် ငါတို့နောက်မှလာပြီး ဘာကြောင့်အရင်ရောက်နေသလဲ ဘယ်လမ်းကလာခဲ့တာ
လဲ" ဟုမေးသောအခါ  " ကဿ ပ ငါဇမ္ဗူဒိပ် ကျွန်းဦး၌ပေါက်နေသော ဇမ္ဗုသပြေပင်အောက်မှအသီးကိုကောက်
ယူခဲ့ပြီးမှ မီးတင်းကုတ်သို့ရောက်လာခဲ့တယ်  ဒီအသီးက အနံ့အရသာတော်တော်ကောင်းတယ်သင်မသုံး
ဆောင်ဖူးက သုံးဆောင်လော့" ဟုဖြေသောအခါ ဥရုဝေလ ပါးစပ်အဟောင်းသားဖြင့်နားထောင်နေရင်း
" ရဟန်းကြီး ဒီအသီးက ငါတို့နဲ့မထိုက်တန်ပါဘူးလေ သင်သာသုံးဆောင်ပါလော့" ဟုအမြန်ပြန်ပြောရင်း ....အင်းး.........ဒီရဟန်းကြီးကငါတို့နောက်မှလဲ လိုက်လာပြီး သပြေသီးကိုလဲ ယူလာခဲ့သေးတယ်...မကြံ
ကောင်းမစည်ရာ ငါတို့အရင်လဲရောက်နေသေးတယ်..ဒါပေမယ့် ရဟန္တာမဟုတ်သေးတာလေးတစ်ခုပါပဲ
ဟုတွေးရင်း သူ့မာနကိုသူပြန်မြှင့်လိုက်၏။နောက်နေ့တွင်လည်းသရက်ဖြူ သီးတစ်ကြိမ်၊ရှိရှားသီးဖြင့်တစ်
ကြိမ်၊ ကြဇုသီးဖြင့်တစ်ကြိမ် ၊တာဝတိံသာနတ်ပြည်မှ ကသစ်ပွင့် တစ်ကြိမ် ဆောင်ယူကာ တန်ခိုးများ ပြခဲ့
သော်လည်း ကဿ ပ ၏ မာနကတော့လုံးလုံးကိုမချ။ သူကဲ့သို့ရဟန္တာ မဟုတ်သေးဟုသာ ထင်မြင်နေသော်
လည်းမြတ်စွာဘုရားရှင်မှာ သည်းခံ၍ နေတော်မူခဲ့သည်။တစ်နေ့တပည့်နှစ်ယောက် ရောက်လာပြီး...
" ဆရာကြီး  ...ထင်းတွေကခွဲလို့မရဘူး...ကျွန်တော်တို့ခက်ခက်ခဲခဲခွဲ ကြပေမယ့် မတတ်နိုင်ကြပါဘူး..
အဲဒါဘယ်လိုလုပ်ရမှန်းတောင်မသိတော့ပါဘူး " ဟုပြောလာကြသောအခါ ကဿ ပ ရသေ့က " ရဟန်းကြီး
ထင်းတွေက ခွဲမရတော့လို့ သင်ကူညီနိုင်ရင်ကူညီပါလော့" ဟုပြောသောအခါ ဘုရားသခင်ကနှုတ်တော်
ဖြင့်   " ကွဲစေသတည်း" ဟုမိန့်တော်မူသောအခါ ထင်းအားလုံးကွဲသွားတော့၏။ ကဿပ နှင့်တပည့်အားလုံး
မှင်တက် အံ့သြ ကုန်ကြတော့။  ထို့နောက်မီးဖို၍မရသောအခါတွင်လည်း" မီးတောက်စေ"ဟု မိန့်လိုက်
သည်နှင့်မီးတောက်ကုန်၏။ထို့နောက်မီးဖိုပေါင်းငါးရာကိုလည်ဖန်ဆင်းပေးလိုက်၏။ တဖန်မီးငြိမ်း၍မရသော
အခါတွင်လည်း " မီးငြိမ်းစေ" ဟု မိန့်ကာ မီးတွေကိုငြိမ်းစေသည်။
   ဥလုဝေလကဿပလည်း မိမိပင်မစွမ်းနိုင်သောအရာများကို မြင်တွေ့နေရသော်လည်း မိမိ၏စိတ်တွင်
ကမာန်ကိုနည်းနည်းမှမချနိုင်  သူတို့လိုရဟန္တာမဟုတ်သေးဘူးသာ စိတ်တွင်း မှထင်နေပေသည်ကို
မြတ်စွာဘုရားသခင် သည်းခ့တော်မူပြန်လေ၏။
         တစ်နေ့ ကဿပတို့ နေထိုင်ရာအရပ်တွင် အချိန်အခါမဟုတ် မိုးကြီးရွာလေသော် ၎င်းတို့ပတ်ဝန်း
ကျင်တွင်ရေမြုတ်လေသော် ရသေ့များသည်ရေလွတ်ရာသို့ပြောင်းရွှေ့ကြလေသော် ကဿပသည် မိတ်
ဆွေရဟန်းကြီးလိုသတိရသည်နှင့် တပည့်များအားလှေတစ်စီးအမြန်ပြင်စေ၍ မိမိကိုယ်တိုင်ဦးစီးကာ
တောထဲသို့ထွက်လာ၏။
     " မြန်မြန် လှော်ကြပါဟ ငါတို့မိတ်ဆွေကြီး ခုလောက်ဆိုဒုက္ခရောက်နေပြီထင်ပါရဲ့" တပည့်များကို
လောဆော်ရင်း မိမိကိုယ်တိုင်လည်း ဟိုဟိုဒီဒီကြည့်ကာရှာနေမိ၏။တစ်နေရာသို့အရောက်တွင် မိမိမျက်စေ့
ကိုပင်မယုံနိုင်သော အကြောင်းတရားကို မျက်ဝါးထင်ထင်တွေလိုက်ရ၏။ မိမိ၏တပည့်များလည်း ထိုနေရာ
ကိုကြည့်လိုက် မိမိကိုကြည့်လိုက်ဖြင့် အံ့သြ တကြီးဖြစ်နေကြသည်။ ထိုနေရာတွင် မိမိမိတ်ဆွေရဟန်းကြီး
သည်စင်္ကြံကြွနေသည် အရှိန်အဟုန်ဖြင့်စီးဆင်းနေသော ရေများကား ရဟန်းကြီးအနီးသို့မရောက်လာကြပဲ
ထိုနေရာတစ်ဝိုက်ကို စက်ဝိုင်းပမာဝန်းရံ နေကြသည်။ရဟန်းကြီးစင်္ကြံကြွရာနေရာတွင် ဖုန်များပင် ထနေ
လိုက်သေးသည်။ဥရုဝေလကဿပ၏စိတ်တွင်း မှာကား.ရဟန်းကြီးကားအတော်တန်ခိုးကြီးပေတာပဲ..
အသက်ရှိသောအရာများမဆိုထားနှင့် အသက်မရှိသောရေတောင်မှ မနှိတ်စက်နိုင်ပါလား....အင်း.....
ဒါပေမယ့် ငါတို့လိုတော့ရဟန္တာမဟုတ်လောက်သေးပါဘူးဟုသာတွေးရင်း မြတ်စွာဘုရားထံတော်
အရောက်
       "  ရဟန်းကြီးလှေပေါ်သို့တက်လေလော့" ဟုခေါ်လေလျှင် မြတ်စွာဘုရားသည်လှေပေါ်သို့တန်ခိုး
တော်ဖြင့်ပျံတက်၍ ကဿပတို့နှင့်အတူ လိုက်လာခဲ့လေ၏။ ကမ်းပေါ်သို့ရောက်လျှင် ကဿပလည်း
နောက်မှလိုက်လာရင် ရဟန်းကြီးသည်တန်ခိုးအမျီုးမျိုးကိုအသုံးချနိုင်၏ ရုပ်အဆင်းကလည်းအင်မတန်
ချောမော၏ ဒါပေမယ့်ငါတို့လိုတော့ ရဟန္တာမဖြစ်လောက်သေးပါဘူး ဟုတွေးတောနေစဉ် မြတ်စွာဘုရား
သခင်က..
        " ကဿပ သင်၏မာန်မာနတို့ကား အလွန့်အလွန်ပင် မြင့်မားလေစွတကား သည်မျှလောက်တန်ခိုး
တော်တွေကိုမြင်တွေ့နေရက်နဲ့ ငါ့လိုရဟန္တာမဟုတ်သေးဘူးပဲ အမြဲတွေးနေပေတယ် အမှန်တကယ် သင်
ကိုယ်တိုင်လည်းရဟန္တာမဖြစ်သေး ရဟန္တာဖြစ်လောက်သော အကြင့်လည်းသင့်မှာမရှိ ပေဘူး" ဟုမိန့်
လိုက်သည်နှင့် ယခင်ကကြိုးစားတင်းထားခဲ့သော ကဿပ၏မာန်များ ကြက်ပျောက်ငှက်ပျောက်..ပျောက်
ကုန်ပြီး မြေကြီးပေါ်ထိုင်ချကာ .........
  "  အရှင်ဘုရား တပည့်တော် မှားပါပြီဘုရား အရှင်ဘုရားရဲ့ တပည့်အဖြစ် လက်ခံပေးတော်မူပါဘုရား" ဟု
တောင်းပန်လေလျှင် မြတ်စွာဘုရားသခင်က....
" ကဿပ သင်သည် တပည့်ပေါင်းများစွာတို့၏ ဆရာကြီးဖြစ်ပေ၏ သင့်၏တပည့်များအား တိုင်ပင်ချေဦး
လော့" မိန့်လေလျှင် ကဿပလည်း တပည့်တို့ကိုစုရုံးစေပြီး ....
  " တပည့်တို့ ငါ ...ခုရဟန်းဂေါတမ ထံတွင် တပည့်ခံပြီး အကျင့်မြတ်တွေကိုကြင့်ကြံချင်လှပြီ သင်တို့၏
သဘောထားကိုသိချင်တယ်" ပြောလေလျှင် တပည့်များအားလုံး ဆူညံစွာဖြင့်ပျော်ရွှင်သွားကြပုံရပြီး..
အနီးတွင်ရှိသောတပည့်ကြီးများက....
"  ဆရာကြီးခင်ဗျား ကျွန်တော်တို့လည်း ဆရာကြီးကိုကြောက်လို့သာမပြောရဲကြတာပါ ..ကျွန်တော်တို့အား
လုံးလည်း ရဟန်းကြီးထံတွင်တပည့်ခံချင်နေသည်မှာ ကြာလှပါပြီ" ဟု ပြောကြလေသော် ...ကဿပနှင့်
တပည့် ငါးရာတို့ မြတ်စွာဘုရားထံတော်တွင် ရဟန်းပြုကြလေတော့၏။
နောက်မကြာမီ ထိုသတင်းကို နဒီကဿပနှင့် ဂယာကဿပ တို့ကြားလေလျှင် တပည့်တို့ကိုခေါ်၍ အကို
ဖြစ်သူထံလိုက်လာကြပြီး အကိုဖြစ်သူအားရဟန်းဝတ်ဖြင့်မြင်ကြလေသော်အနားသို့ကိုကပ်၍...
"  ဒီအကျင့်က ပိုကောင်းလို့လား" ဟုမေးသော် ကဿပလည်းခေါင်းကိုအသာညိတ်ပြသော် ညီနှစ်ယောက်
နှင့်ရသေ့ငါးရာတို့လည်း ရဟန်းပြုကြလေ၏။
................
နောက်နေ့ မြတ်စွာဘုရားသည် ရဟန်းတစ်ထောင်အား တရားဟောနေစဉ် အခြားသော တရားနာပရိတ်
သတ်တို့သည် မိမိတို့ဆရာကဿပ နှင့် မြတ်စွာဘုရားအား မည်သူကဆရာ မည်သူကတပည့်ဖြစ်မှန်မသိ
ကြ၍ထင်ယောင်ထင်မှားဖြစ်နေကြစဉ် မြတ်စွာဘုရားသခင်က ကဿပအား....

        " ကဿပ သင်သည်ဆရာလော တပည့်လော" မေးတော်မူလေလျှင်ကဿပလည်း ပရိတ်သတ်
များကြားနိုင်သော အသံဖြင့်

       "  အရှင်ဘုရားက ဆရာပါဘုရား   တပည့်တော်ကတပည့်ပါဘုရား"

      "  အရှင်ဘုရားက ဆရာပါဘုရား   တပည့်တော်ကတပည့်ပါဘုရား"

     "  အရှင်ဘုရားက ဆရာပါဘုရား   တပည့်တော်ကတပည့်ပါဘုရား" 

 ဟုပြောဆိုကာမြတ်စွာဘုရား၏ခြေအစုံကို ဦးတိုက်တော်မူလေသတည်း...........

ဥရုဝေလတောအုပ်သည်ကား   တရားသံဖြင့် သာယာလှချေ တကား .........

                                                                                ပြီးပါပြီ။


                   အကိုးအကား.....ဇိနတ္ထပကာသနီ ကျမ်း( ကျီးသဲ လေးထပ် ဆရာတော်ဘုရားကြီး)

ကျွန်တော်ရေးသားလျှက်ရှိနေသော ဥရုဝေလမှအပြန်  သည် မြတ်စွာဘုရားရှင်၏ အကြောင်းအရာများဖြစ်
နေခြင်းကြောင့် တရားစာလိုမရေးပဲ ဇတ်လမ်းသွားအနေဖြင့်ရေးသားထားပါသည်။  တစ်စုံတစ်ရာ
အမှားအယွင်းရှိပါက ခွင့်လွှတ်သည်းခံပေးကြပါခင်ဗျား။








Friday, January 3, 2014

မယုံနိုင်ပါဘူး

  အင်း...မွေးနေ့သောင်္ကြာ တနင်္လာ ကေသာဆံသမပြုရတဲ့    ဘယ်သူကများပြောခဲ့တာလဲမသိ 
ကျွန်တော်ကလည်းဒီနေ့ကျမှ ဆံပင်ညှပ်ချင်နေ၏။ ဆံပင်ညှပ်ဆိုင်ကလည်း မိမိအလုပ်လုပ်သော
နေရာနှင့်ဆိုလျှင် ကားမှတ်တိုင် နှစ်မှတ်တိုင်စာလောက်ဝေး၏။ ဒီ  ဘင်္ဂလား ကလည်းဆံပင်ညှပ်
လျှင်အတော်ပင်စိတ်ရှည်သည်။အနည်းဆုံးတစ်ယောက်ကို နာရီဝက်ခန့်တော့ကြာသည်။

ကဲဒီတော့ဘာတတ်နိုင်မှာလည်းမိမိက သွားချင်နေသည်ကိုး၊မွေးနေ့သောင်္ကြာမကလို့ သူ့ဘကြီးပဲ
ဖြစ်ဖြစ် စက်ဘီးလေးနှင့်ထွက်လာခဲ့သည်။ သိပ်တော့မကြာလိုက်ပါ ဆိုင်အနားကိုရောက်လာတော့
အပြင်ကလှမ်းကြည့်လိုက်တော့ အထဲမှာလူ၃ယောက်လောက်တော့ရှိသည်။တစ်ယောက်နာရီဝက်
ဆို ၁နာရီခွဲလောက်တော့ကြာမည်။ မထူးပါဘူးထိုင်စောင့်ရတော့မှာပေါ့။

မစောင့်ချင်စောင့်ချင်နှင့် TVကြည့်ရင်းထိုင်စောင့်နေလိုက်သည်။ ဟွန်း....ဒီကောင်က ဘင်္ဂလားဆို
တော့ပြနေတာတွေက ဘင်္ဂလားသီချင်းတွေ ဇာတ်ကားတွေချည်းပဲ။ ကုလားတွေက မုတ်ဆိတ်မွေး
နှုတ်ခမ်းမွေးတွေနဲ့ မျောက်ရုပ်ပေါက်နေပေမယ့် ကုလားမလေးတွေကျတော့အလှသား...အဟဲ။
စာဖတ်သူတွေလည်းကျွန်တော့လိုပဲ မြင်မှာသေချာတယ်...ဟုတ်တယ်ဟုတ်..(မဲဆွယ်တာ)...

ကုလားမလေးကနေတာကြည့်ကောင်းနေတုန်း ဗိုက်ထဲက တဂွီဂွီမြည်လာသည်။ဗိုက်ဆာတာတော့
မဟုတ် အစားသောင်းကျန်းလို့ဗိုက်နာခြင်းပါ။ ဒင်းဆိုင်မှာက toilet လည်းမရှိ နောက်ထပ်တစ်နာရီ
ကျော်စောင့်ရအောင်လည်း ခံနိုင်ရည်ကမရှိလောက်တော့။ အခြေအနေသိပ်မကောင်းတော့ပြန်တာ
ပဲကောင်းမည်။ဆိုင်ရှင်ကိုဗိုက်မကောင်းသောကြောင့်နောက်မှလာမည်ဟုပြောကာ ပြန်လာခဲ့သည်။

ပြန်လာရင်းမဆီမဆိုင် ဒီမွေးနေ့သောင်္ကြာကြီးကိုတွေးရင်းပြုံးမိသေးသည်။မယုံနိုင်သေးပါ နောက်
ငါးခေါက်လောက်တော့ ထပ်ပြီးစမ်းချင်ပါသေးသည်။နောက်တစ်ပတ် အဂါင်္နေ့ပေါ့.......

                                                       (တစ်ခါတုန်းကအကြောင်းလေးကိုအမှတ်တရ)


                                                            အားလုံးပျှော်ရွှင်နိုင်ကြပါစေဗျာ.......

Thursday, August 22, 2013

ဘတက်ရိုး

ကျွန်တော်တို့ ရွာမှာ အသက်အရမ်းရှည်ပြီး ဘာသာရေးဝေရာဝစ္စ တွေကိုအမြဲလုပ်နေတဲ့ အဘဦးတက်ရိုး
ဆိုတာရှိတယ်။သူက ကုသိုလ်ကောင်းမှုတွေကြောင့် ရော ကျန်မာရေးဂရုစိုက်မှုကြောင့်ရော  ခုထိတော့
အသက်ရှည်နေတုန်း ကျန်းကျန်းမာမာရှိနေတုန်းပါပဲ ။အသက်ကတော့ တစ်ရာနီးပါးရှိလောက်ပြီ
ထင်တာပါပဲ...

နောက်ကျွန်တော့ဦးလေး ဦးငွေဆိုတာကလဲ ရုပ်တည်ကြီးနဲ့အင်မတန် နောက်တတ်စတတ်တာကလား။
ကျွန်တော်တို့ငယ်ငယ်ကဆိုလျှင် ကျောင်းပိတ်ရက်ဆို အဘတက်ရိုးက ဘုန်းကြီးကျောင်းအတွက် အလှူခံ
ဖို့  ရွာဦးဘုရားမှာ မြက်တွေရှင်းဖို့ အိမ်ပေါက်စေ့ လိုက်ခေါ်တော့တာပါပဲ။အားလုံးကလဲ အဘတက်ဆို လျှင်
ချစ်ကြတာဆိုတော့ သူဘာပဲပြောပြော ဆဲဆဲဆိုဆို ပျော်နေကြတာပါပဲ...ပြောမရရင်တော့တောင်ဝှေးစာ
မိတာပေါ့။

တစ်နေ့ကျောင်သားတွေနဲ့ဘုန်းကြီးကျောင်းအတွက်အလှူခံထွက်ကြရတာပေါ့။အလှူခံထွက်ရင်အဘတက်
တို့ကလူကြီးပီပီ ယုန်မင်း သီချင်းလေးနဲ့ ဖွင့်မှ သဘာဝကျတယ်ထင်နေတာပေါ့။ ဦးငွေတို့လိုလူငယ်တွေ
ကျတော့ အဲဒီအချိန်မှာ ခေတ်စားနေတဲ့ ဟသာင်္တ ထွန်းရင်ရဲ့...ဥသြ သီချင်လေးဖွင့်ပြီး အလှူခံနေတာပေါ့။
ခဏခဏ ဥသြ...ဆိုတော့ အဘတက်လဲ နားကြားပြင်းကတ်လာရော...အဲဒါနဲ့ စက်သမားဆီကို အဘတက်
ရောက်လာပြီး  ပေးစမ်းအဲဒီဥသြ အခွေဆိုပြီး တောင်းပါလေရော.. ဒါနဲ့သူ့အကြောင်းသိတဲ့ ကိုမြင့်သန်းက
အခွေစုတ်ကြီးတစ်ခုကိုပေးလိုက်တာပေါ့။

အဘတက်လဲအခွေကိုရပြီးရော မြေကြီးမှာချပြီး ဖနောင့်နဲ့ပေါက်ပါလေရော..တစ်စစီဖြစ်သွားရော
စတ်ချလက်ချနဲ့ တစ်ခြားတစ်နေရာမှာသြဇာလိုက်ပေးနေပါတော့တယ်။အဲဒါနဲ့ မြစ်တစ်ဖက်ကမ်းကိုကူး
ဖို့လုပ်တော့ စက်သမားကလှေတစ်စီး အဘတက်တို့အဖွဲ့ကလှေတစ်စီးပေါ့။ အဲဒီအချိန်လဲ ကျရော
လာပါပြီ  ဥသြ ..သီချင်း ဒီကြားထဲ အဘတက်တို့ရဲ့လှေကိုကျော်ဖြတ်ခါနီး မှာဟိုဖက်လှေဆီက..
" ဟ..တက်ရိုးကြီးကျိုးသွားပဟ" ဆိုပြီးလှော်တက်ပဲကျိုးသွားသလိုလို နဲ့အဘတက်ကိုစသွားပါလေရော။

အဲဒီမှာတင် အဘတက်က..." ဟင်...လာပြန်ပြီ^#@#$%% ဥသြ....လိုက်စမ်းအဲဒီလှေကို..".ဆိုပြီးပြောတော့
အဘတက်လှေမှာရှိတဲ့လူတွေက လှေကိုဟန်ပြလောက်ပဲလှော်တာပေါ့ အဘတက်တစ်ယောက်ပဲ
ကုန်းလှော်နေတော့ လှေကဘယ်မှီပါ့မလဲ...အဲဒီတော့သူ့လူတွေကိုကြည့်ပြီး မင်းတို့က ငှီးဖြစ်လို့မလှော်တာ
လားဆိုပြီးဆဲပါလေရော... လူငယ်တွေကလဲအဘတက်စိတ်ဆိုးလေ ပျော်လေဖြစ်နေတာပေါ့။

ကုန်းပေါ်လဲရောက်ရောတောင်ဝှေးစာမိပါလေရော..ဒါပေမယ့်အဘတက်ကိုဘယ်သူမှစိတ်မဆိုးကြပါဘူး။
အဲဒါနဲ့ တည်းခိုမယ့်အိမ်တစ်အိမ်နားမရောက်ခင်မှာ ကောင်မလေးတွေ အများကြီးရှိနေတာပေါ့။ အဲဒီအချိန်
လဲကျရော ကောင်မလေးတွေ အနားမရောက်ခင် ဦးငွေက အဘတက်အနားကိုလဲရောက်ရော အသံအ
ကြယ်ကြီး လေလည်ပါလေရာ။သူကလေလည်ရုံရိုးရိုးမဟုတ်ဘူး.  သူလေလည်ပြီးတော့ကောင်မလေးတွေ
ဝိုင်းကြည့်တဲ့အချိန်မှာ သူက အဘတက်ကို လှည့်ကြည့်ပြီး သူမဟုတ်သလိုလို လုပ်သွားတာပေါ့။ အဲဒီတော့
အဘတက်ခမျာ ခြေလှမ်းတွေမှားပြီး အိမ်ပေါ်လဲရောက်ရော ဦးငွေကိုလိုက်ရှာတော့တာပေါ့..

သူ့အကြောင်းကိုသိနေတဲကဦးငွေကလည်း ပုန်းနေတော့တာပေါ့...ဦးငွေကိုလည်းမတွေ့ရော အဘတက်
မိုးမွှန်အောင်ဆဲပေါလေရောပေါ့...


                               အားလုံးပဲပျော်ရွှင်ကြပါစေဗျာ.....

Wednesday, May 22, 2013

တစ်ခါကတစ်နေရာ

ကျွန်တော်တို့အလုပ်လုပ်ခဲ့တဲ့  အီလက်ထရောနစ်ကုပ္မဏီတစ်ခုမှာပေါ့ အလုပ်သမားတွေကတော့ စုံတယ်။
မြန်မာတွေရော တရုတ်တွေရော မလေးတွေရော ဘင်္ဂလီတွေရော နီပေါတွေရောပဲပေါ့။ ဒီထဲမှာများသော
အားဖြင့် နီပေါ တွေနဲ့မြန်မာတွေကပိုရင်းနှီးကြတယ် ။နီပေါတွေက သည်းခံတတ်တော့ ပိုပြီးခင်မင်စရာ
 ကောင်းကြတယ်။ကျွန်တော်ရှိနေခိုက်တော့ မှတ်မှတ်ရရ နီပေါနှစ်ယောက်ကတော့ ကာရ်မာ နှင့် ခရစ်ရှနာ
တို့ပါ သူတို့နဲ့မြန်မာတွေ ကတော့အမြဲတန်းနောက်စနေတာပါပဲ။

တစ်နေ့ကာရ်မာ က အလုပ်ကအပြန်ဆိုတော့ မောမောနဲ့ ရေချိုးပတ်တဲ့ တဘက်တိုတိုလေးနဲ့ပတ်နေတာကို
အသေးလေး နဲ့   L မှုန်ကြီးတို့က ကြည့်နေကြတယ်။တံခါးအပေါက်ဝနားလည်းရောက်ရော တစ်ယောက်က
တွန်းထုတ် ပြီးတစ်ယောက်ကတဘက်ပိုင်းလေးကိုဆွဲယူ တံခါကိုဝိုင်းပိတ်ထားတော့ဟိုနီပေါခမျာ အ၀တ်
မပါ ပဲအပြင်ရောက်သွားတာပေါ့ အော်လဲအော် ကြောက်အားလန့်အားနဲ့ တံခါးကိုလဲထု ၊တော်တော်လေး
ကြာတော့မှ သူများလှမ်းထားတဲ့မျက်နှာသုတ်ပုဝါကြီးပတ်ပြီး အပြင်ကဆဲပါတော့တယ်။အိမ်ရှေ့က ကုလားမ
ကြီးကတော့ တံခါးပိတ်နေလေရဲ့...

တစ်နေ့ သူတို့တိုင်ပင်မထားကြ ပဲ ကိုအောင်မျိုးမြင့်ရယ် ကာရ်မာရယ် ခရစ်ရှနာရယ် အလုပ်မသွားကြပဲ
အခန်းထဲမှာ အပီယူနေကြတယ်။ကိုအောင်မျိုးမြင့်က သောက်ထားလို့ခေါင်းကိုက်ပြီး မဆင်းနိုင်တာ
ကာရ်မာကတော့ ခါးနာလို့ ။ခရစ်ရှနာကတော့ တော်တော့်ကို ဖျားနေတာပါ။ ကျွန်တော်ကလဲသူတို့ကို
အလုပ်ခွင်ကမတူတော့ သိပ်သတိမထားမိပါဘူး။နောက်တော့ အလုပ်ခန်းထဲ ဘိုးတော်ရောက်လာပါရော။
ကျွန်တော့်အနား ရောက်လာပြီးဟိုကောင်တွေ ဘာလို့ အလုပ်မလာကြတာလဲလို့ မေးပါတယ်။

ကျွန်တော်ကလည်း အမှန်အတိုင်းပြောပြလိုက်ပါတယ် တစ်ယောက်ကအရက်သောက်ထားလို့ပါ ၊
တစ်ယောက်ကတော့ နေမကောင်းလို့၊တစ်ယောက်ကတော့ဖျားနေလို့ပါဆိုပြီး နာမည်တွေတော့ မပြော
ပဲထားလိုက်ပါတယ်။တော်တော်လေးကြာတော့ ဟိုဟိုဒီဒီပြောပြီးဘိုးတော်ထွက်သွားပါတယ် ။ သိပ်မကြာ
ခင်သူတို့အခန်းကိုရောက်သွားပါတယ်။ဘိုးတော်ရောက်လာတော့ သောက်ထားတဲ့ကိုအောင်မျိုးမြင့် ဆိုသူ
က မြန်မာပြည်ကပါသွားတဲ့  ပါရာစီတမော တို့ဘာတို့ဆေးတွေ ကိုလက်ထဲကိုင်ပြီး အနားကိုသွားရင်လဲ
သူ့အနံ့တွေထွက်မှာစိုးတော့   ခပ်ဝေးဝေးက နေမကောင်းကြောင်းပြောမလို့   စကားကစရုံပဲရှိသေး
"ဘော့်စ်....##%^^&*"

ဘိုးတော်က သူ့လက်ထဲက ဆေးကာဒ်တွေတွေ့တာနဲ့ ဘာမှတောင်မပြောရသေးပဲ " ယူ အိုခေ၊ယူ အိုခေ
ဆိုပြီး ပြန်အိပ်ခိုင်းပါတယ်။ခါးနာတဲ့တစ်ယောက်ကျတော့လည်းသိပ်ပြသနာတော့ မရှိဘူး ။ခရစ်ရှနာ
အလှည့် လည်းရောက်ရော ပါးစပ်တွေဟခိုင်းပြီးနမ်းကြည့် ပါးစပ်ကလဲဆူ အရက်သောက်ပြီးအလုပ်မဆင်း
ဘူးဆိုပြီးတော်တော်မကြေမနပ် ဖြစ်နေတာပေါ့။ ခရစ်ရှနာကလည် သူမဟုတ်ပါဘူး အခြားတစ်ယောက်
ပါဆိုပြီး လည်းအားနာပြီး မပြောရက် တော့ကြိတ်ခံရတာပေါ့။ကျွန်တော်တို့လည်းပြန် လာကြရော
 အောင်မျိုးမြင့် အက်ရှင်တွေလုပ်လို့သူခံရတယ်ဆိုပြီး ခါးလေးကုံးကုံး..ကုံးကုံးနဲ့ အမူအရာနဲ့လုပ်ပြတော့
အကုန်လုံး ရယ်လိုက်ရတာ အူတောင်နာတယ်။အဲဒီကိစ္စ ကခရစ်ရှနာတစ်လလောက်အဆူခံလိုက်ရ
တယ်လေ....

တစ်နေ့ ကိုအောင်မျိုးမြင့်က ချက်ပြုတ်နေတဲ့အချိန် ဆိုတော့ သူက စချင်တော့ L မှုန်ကြီးကို အောင်မျိုးမြင့်
စိတ်ဆိုးသွားအောင် မြန်မာစကားနဲ့ ငါ့ သားဘာတွေချက်နေတာလဲလို့မေးချင်တယ်တဲ့ အဲဒါနဲ့ Lမှုန်ကြီးက
သင်ပေးတာပေါ့။ သူကမြန်မာတွေနဲ့နေတော့ စကားလုံးတော်တော်များများကိုသိနေတော့ သူမသိတဲ့စကား
လုံးနဲ့ " ဖေဖေလေးဘာတွေချက်နေတာလဲ "လို့သွားမေးလိုက်ဆိုတော့ သွားမေးတာပေါ့။ ကိုအောင်မျိုးမြင့်
ကလည်းပြုံးပြုံးကြီးနဲ့  စကားပြန်ပြောနေတော့ သူပြန်ရောက်လာပြီး စဉ်းစားတယ်၊ ဖေဖေ ရယ် ဖေကြီးရယ်
အဖေရယ် ဖေဖေလေးရယ် ဆိုတာအတူတူပဲပေါ့ ဆိုပြီး...သူ့ကိုမဟုတ်တာတွေသင်ပေးတယ်ဆို Lမှုန်ကြီးကို
ထိုးပါလေရော။ မှုန်ကြီးကလည်း   တဟားဟား နဲ့ အဖေကိုပြန်လုပ်နေပြန်ပြီ...အဖေကိုပြန်လုပ်နေပြန်ပြီ...
ဆိုပြီးရယ်လည်းရယ်...ပြေးလည်းပြေးပေါ့.......


                                အားလုံးပဲပျော်ရွှင်ကြပါစေဗျာ....

Wednesday, July 4, 2012

ဟီးရိုးလုပ်မိလို့

အလုပ်ခန်းထဲမှာလည်းတစ်ယောက်ကိုတစ်ယောက်စလိုက် နောက်လိုက်နဲ့တစ်ခါတစ်ခါတော့
အတော်ပဲပျော်စရာကောင်းတယ်။တစ်ခါတစ်ခါကြွက်ကြီးရဲ့ ငှက်ဖျားတက်သံနဲ့ရောနေတဲ့
အသံသြသြ ကြီးနဲ့ထ သီချင်းဆိုရင် တစ်ယောက်က...
"ကောင်လေး ကြိုးစားထားဟ...မိုးရာသီမို့လို့အလုပ်မကောင်းသေးတာ...နောက်ရာသီဆိုရင်
ဘုရားပွဲတွေ စတော့မှာ"ဟု..နောက်တတ်သလို..အခြားတစ်ယောက်က

" ကြွက်ကြီး ကျုပ်ပြင်မရလို့လောင်သွားတဲ့စက်ကို ခင်ဗျား အသံကြောင့်လောင်သွားတာပါဆိုပြီး
သူဌေးကိုသွားပြမှာနှော်"ဟုနောက်တတ်သည်။ ကြွက်ကြီးကလဲအားကျမခံ

"အောင်မယ်..ဟောဒီအနီးတစ်ဝိုက်မှာကျွန်တော့်အသံကိုမှီတဲ့သူတစ်ယောက်မှမရှိဘူး...
ပိုက်လုံးပေါ်မှာညဖက်သီချင်းဆိုရင် ဈေးဆိုင်ကမစန်းကြည်တောင် ခဏခဏ ထွက်တားရတယ်.
သူ့ကလေးသိပ်မရလို့ဆိုပြီးးးး

တစ်ယောက်က..ဒီနေ့ကတော့လစာရပြီ..ဟိုကောင် ah poe ဘဏ်ကိုသွားပိုက်ဆံထုတ်လာတယ်
သူလဲအထုပ်ကြီး ဗိုက်ထဲထည့်လာတာတွေ့တယ်.လုမှာစိုးလို့ထင်တယ်နှော်..တစ်ယောက်ကပြောတော့
အာဇစ်ဆိုတဲ့ မြန်မာကုလားလေးက

"မလေးမှာလုတာတော့မပြောနဲ့ ဒီကောင်တွေက ဘဏ်ကထွက်လာတဲ့သူတွေကို ကားကိုစက်နှိုးပြီး
စောင့်နေတာဗျ..ဟိုတစ်လောကကျွန်တော်လဲဆိုင်ရှေ့လေးက ပလက်ဖေါင်းပေါ်မှာwashing mechine
ပြင်နေတာ လုသွားပြီ ...လုသွားပြီ..ဆိုပြီးအော်သံကြားလို့ကြည့်လိုက်တော့ ကျွန်တော့အနားကိုရောက်
နေပြီ ကျွန်တော်လဲဘာရမလဲအဲဒီကောင်ကို ပစ်တွန်းပြီးနံရံနဲ့ဆောင့်တာချော်သွားပြီးလက်တောင်
အတော်နာသွားတယ်..အဲဒါနဲ့ကြည့်လိုက်တော့လူပုံစံက ဘစ (ဘိန်းစား) ပုံဆိုတော့ ကျွန်တော်လဲ
ဗျင်းမယ်ပေါ့လေ ..လိုက်တာပေါ့ ...လိုက်ရင်းလိုက်ရင်း မိခါနီး ကျတော့ သူကတံခါးဖွင့်ထားတဲ့ကားထဲ
ပြေးဝင်တော့ ကျွန်တော်လဲ အနားလဲရောက်ရော..သူက သေနတ် ကိုဆွဲလဲထုတ်လိုက်ရော..စဉ်းစား
ချိန်တောင်မရဘူး.ကျွန်တော်လဲဘာရမလဲ  လစ်တာမှတန်းနေတာပဲ...ကျွန်တော့်နောက် က
လိုက်လာတဲ့ကောင်တွေကကျွန်တော်လဲပြေးလာတာတွေ့တော့ ကြောင်နေကြသေးတယ်
လှမ်းလဲကြည့်လိုက်ရောသူတို့လဲ ပြေးတော့တာပဲ.တော်ပါသေးရဲ့ဗျာ...ခြောက်ရုံလောက်မို့လို့
ပစ်လိုက်ရင်တော့ကျွန်တော်တော့သေပြီပဲ..လမ်းကအဖြောင့်ကြီးဗျ.......တဲ့
       အင်း..ဟီးရိုး....ဟီးရိုး...

Saturday, June 9, 2012

ကြွက်မှာလည်းနှလုံးသားနဲ့
















ခုတစ်လောအထူးအဆန်းတွေဖြစ်ဖြစ်နေတယ်မယုံနိုင်စရာမြိုင်ရာဇာကြွက်ဖြူတစ်ယောက်..ထားဝယ်မလေး
တစ်ယောက်ကိုခိုက်နေပြီးလိုက်ဖေါ နေတဲ့သတင်းတွေကြားကြားနေရတယ်။ဒါကြောင့်မလေးမှာခုတစ်လော
တော်တော်အပူချိန်မြင့်နေတယ်အောက်မေ့နေတာ၊ဒင်းနှာခေါင်း.ကထွက်လာတဲ့အပူတွေထင်ပါ့။

 တစ်နေ့သူရောက်လာပြီး"ကျွန်တော့်ကိုသီချင်းတစ်ပုဒ်လောက်လုပ်ပေးစမ်းပါဗျာကျွန်တော့်ကောင်မလေးက
ခုတစ်လော စိမ်းကားနေတယ် အတွေ့ကိုမခံဘူးဖြစ်နေတယ်၊ကြွေသွားလောက်တဲ့သီချင်းလေးနဲ့ပေါ့" တဲ့ ။
သီချင်းလုပ်တယ်ဆိုတော့ အထင်ကြီးမသွားနဲ့ဦး.ဟီးးးးး... movie maker နဲ့သူများဆိုပြီးသားmp3သီချင်းလေး
တွေနဲ့ဓါတ်ပုံလေးတွေရောပြီး..ရောသမမွှေလေးလုပ်တာကိုပြောတာပါ။ကိုယ်ကလည်းဒီလောက်ပဲတတ်တာကိုး။

 ဒါနဲ့ကျွန်တော်လဲရတယ်လုပ်ပေးမယ်cokeဗူးကြီးနှစ်ပုလင်းသာဝယ်လာခဲ့ပြီးရင်ခင်ဗျားကောင်မလေးပုံလေး
တွေ၊ဗီဒီယိုလေးတွေရသလောက်စုခဲ့ဆိုပြီးပြောထားတာပေါ့။ဒါနဲ့ဖုန်းမန်မိုရီကာဒ်လေးတစ်ခုနဲ့သူရောက်လတယ်..သီချင်းကတော့
အဆိုတော်ဒီဖြိုး ရဲ့...ငါဝအောင်ငိုမယ်...ဆိုတဲ့သီချင်းနဲ့လုပ်မယ်တဲ့ ဒါနဲ့ကျွန်တော်လဲတီဗွီကစုံထောက်ကား
ကလည်းကောင်းနေတာဆိုတော့ စိတ်အေးလက်အေးနဲ့ကြည့်နေတာပေါ့။ကော်ဖီလေးသောက်လိုက် ..
စာကလေးခွေထုပ်လေးဖေါက်စားလိုက်နဲ့ညဥ့်ကတော်တော်နက်သွားရော၊အဲဒီတော့မှ..ကြွက်ကြီးသီချင်းလုပ်ပေးဦးမှပဲဆိုပြီး
ထိုင်တော့၁၂နာရီလောက်ဖြစ်နေပြီ။

 အဲဒါနဲ့ဘာနာမည်နဲ့လုပ်ရပါ့မလဲပေါ့...ဟယ်...မထူးပါဘူး..ကောင်မလေးတွေကသူတို့ကိုနတ်သမီးလေးတွေ
ဘာညာဆိုအရမ်းကြိုက်တတ်တော့..Dreamangel ပေါ့။ဟီးး..ဟုတ်တာမဟုတ်တာအသာထားလူကတော်တော်
အိပ်ချင်နေပြီ..အဲဒါနဲ့ကောင်မလေးပုံတွေကိုmovie maker ထဲ import လုပ်..သီချင်းလေးထည့်ပေါ့။ ခေါင်းစဉ်
စာသားကိုanimation ပြောင်းတာလေးတွေလုပ် ကာလာတွေလိုချင်သလိုပြောင်းပြီးစိတ်တိုင်းကျပြီဆိုတော့မှ
သီချင်းလေးနားထောင်လိုက်၊သူနဲ့လိုက်မယ့်ပုံလေးထည့်လိုက်..လွမ်းရမယ့်နေရာဆိုကြွက်ကြီးအရက်မသောက်
ရလို့မျောက်မှိုင်(အဲဟုတ်ပေါင်)ကြွက်မှိုင်..မှိုင်နေတဲ့ပုံတွေထည့်လိုက်..ကောင်မလေးကြွေသွားအောင်
သူများဖုန်းတွေထဲကရတဲ့ဟိုရေးဒီရေးစာသားလေးတွေထည့်လိုက်..ပုံလေးတွေလဲထည့်လိုက်ပေါ့လေ.
.တော်တော်လဲကြာနေပြီ။

  လူကလည်းမျက်စေ့ကမှေးနေပြီ။မနက်ဖြန်လဲအလုပ်က၀င်ရဦးမှာ.ဒါနဲ့သီချင်းက၂ပိုဒ်ပြီးသွားပြီဆိုတော့..
.ပြီးခါတော့နီးပါပြီ..ဆိုပြီးပုံလေးလေးဆက်ထည့်နေတာပေါ့၊....တော်တော်လဲကြာရော.....ဟိုး.....အိုး.
....အောင်မငီး...မပြီးသေးဘူးဟ.....မှန်း....ဘယ်လောက်ရှည်သေးလဲ........အိုးတော်တော်ကိုရှည်တာဟ..
.မသာကောင်ကြွက်ကြီး..ဒီသီချင်းကိုမှရွေးလာရတယ်လို့..ဟင်း.#$%^%$&*%$

   ဒါနဲ့သီချင်းလည်းပြီးရော....အင်းးးးးEnding title မှာတော့ငါ့နာမည်လေးထည့်ဦးမှ..Created by Tun Tun 
Kaythayarzarheart ပေါ့လေ...ဟဲဟဲ။ရပြီးသား ဖိုင်က WMVဖိုင်ဆိုတော့DVD Playerနဲ့မဖတ်ဘူး..အဲဒီတော့
...online ကဖရီးဒေါင်းထားတဲ့ converter ဆော့ဝဲထဲထည့် ပြီး Video TSဖြစ်အောင်ပြောင်းပေး...ရပြီးသား
ဖိုင်ကိုခွေထဲကူးထည့်ပြီး burnလိုက်ပေါ့။ဒါဆိုကြည့်လို့ရပြီ။

 နာရီကိုသေချာကြည့်လိုက်တော့ မနက်၎နာရီထိုးခါနီးနေပြီ ၊ခေါင်းတွေလဲနောက်နေပြီ..100 plus လေး
တစ်ဗူးသောက်ပြီး အိပ်လိုက်တော့တယ်။နောက်နေ့ကလဲအလုပ်ကလုပ်ရဦးမယ်လေတော်ကြာအလုပ်ထဲ
ရောက်မှမျက်စေ့က transisterနံပါတ်တောင်ဝါးချင်ချင်...ရယ်။တစ်ခါလဲအိပ်ရေးတွေပျက်ပြီးစက်ပေါ်မျက်နှာ
 မှောက်ကျသွားဖူးသေးတယ်..အဲလို..အဲလို...

  နောက်နေ့ကျတော့ကူးပြီးသားခွေကို ဒီဗီဒီထဲထည့်ကြည့်လိုက်တော့..စစချင်း DVDဆိုတာပဲပေါ်တယ်
 တစ်ချက် playလိုက်တော့မှ ဖိုင်လေးတွေပေါ်လာတယ်..နောက်တစ်ချက် playမှ...သီချင်းကပေါ်လာတယ်။
ကြည့်တဲ့သူတော့အဆင်ပြေပါ့မလားတော့မသိဘူးလို့တော့တွေးမိသား.....သီချင်းလေးကိုကြည့်ပြီး..နိတ်ဟ..
.ကြွက်ကြီးတော့စွံရချေသေးရဲ့(မျက်လုံး)...ဟီးးးး

ကောင်မလေးကကြည့်ပြီး မျက်ရည်တောက်တောက်ပဲကျမလား..သူပုံတွေယူလုပ်လို့ကြွက်ကြီးပဲပါး၇ိုက်ခံ
ရမလားတွေးပြီး...စမ်းပြီးသားခွေလေးတွေပေးလိုက်လေရဲ့....။နောက်နေ့ကျတော့ကြွက်ကြီးကိုမေးကြည့်တော့
.ကောင်မလေးတွေအိမ်ကလူနှစ်ယောက်လာရင်းကြည့်သွားတယ်တဲ့။သူတို့ယူသွားချင်မှန်းသိလို့ကြွက်ကြီးက 
သူများလာငှားရင်မပေးနဲ့နှော်ဆိုပြီးသူ့အိမ်ကလူတွေကိုမှာထားခဲ့တယ်တဲ့။ပြီးတော့သူကပြောသေးတယ်
..ကျွန်တော်မရှိခင်လာယူသွားမှာအသေအချာပဲဟီး..ဟီး..တဲ့စပ်ဖြီးဖြီးနဲ့ရုပ်က...

    ဒါနဲ့၂ရက်လောက်ကြာတော့..ငါ့လူတော့အဆင်ပြေလောက်ပြီပေါ့...ကောင်မလေးကသီချင်းလေးနားထောင်ပြီး
ကြွေသွားလောက်ပြီပေါ့..လို့တွေးရင်း...
          "  ဘယ်လိုလဲ...ကြွက်...ကောင်မလေးနဲ့အဆင်ပြေသွားပြီမဟုတ်လား"ဆိုတော့ရုပ်ကြီးကရှုံ့မဲ့မဲ့နဲ့
 "ကျွန်တော်လဲသူတို့လာယူသွားပြီး...ကြည့်ပြီးရင်တော့အဆင်ပြေလောက်ပြီအောက်မေ့နေတာ..ခွေလဲ
ထိုးကြည့်လိုက်တော့..ပထမဆုံးပေါ်တဲ့ DVD ဆိုတဲ့စာတန်းပေါ်နေတာကိုplayမလုပ်ပဲ..ဘာမှမရှိတဲ့ခွေကြီး
ပးလိုက်တယ်ဆိုပြီး ..စိတ်ဆိုးပြီးထက်ပိုင်းချိုးပစ်လိုက်တယ်တဲ့ဗျာ."

                                         ဟား..ဟား....ဖြစ်မှဖြစ်ရလေကြွက်ရယ်.....ကံ...ကလည်းဆိုးပါ့.......
 
                                        အားလုံးပဲပျော်ရွှင်ကြပါစေဗျာ......

Wednesday, November 30, 2011

ထချင်ဦးဟဲ့

ကျွန်တော်တို့နေတဲ့အိမ်မှာကလူတော့အတော်စုံတယ် မြန်မာတွေအပြင် နီပေါသုံးယောက်နဲ့
ဘင်္ဂါလီတစ်ယောက်လည်း ပါတာပေါ့လေ။ဘင်္ဂါလီကတော့လူအေးပါ အလုပ်ချိန်မှာဘုရားရှိခိုး
နေတာကလွဲရင်ပေါ့လေ။

နီပေါသုံးယောက်မှာက အသက်၂၀ကျော်ချာတိတ်တစ်ယောက် ပါတယ် ကျန်တဲ့လူတွေက
အေးပေမယ့် အဲဒီကောင်ကတော့အတော် ပူတယ် အရက်ကလေးကလဲပါသေး မိန်းမကလဲ
လိုက်စားသေးတယ်၊နောက်ဆုံးကုန်ကုန်ပြောရရင် အရက်ဆိုင်ဖွင့်ထားတဲ့ အခြောက်တွေလဲ
မထားဘူး။ အဲဒီတော့ ခဏခဏ နေမကောင်းဖြစ်ရော၊ ဖြစ်လာရင်လည်းကြွက်ကြီး ခေါ်
မြိုင်ရာဇာကြွက်ဖြူကပဲ ဆေးခန်းပို့ပေးရ ဆေးဝယ်ပေးရနဲ့တာဝန်ယူဖြေရှင်းပေးရတတ်တယ်။

သူကမကြာခဏ အဲလိုဖြစ်ရင်လဲကြောက်တတ်တာကသူ့အပြင်မရှိဘူး၊အရပ်ကူပါလူဝိုင်းပါနဲ့။
အဲဒီတော့ ရွှေ တွေက တိုင်ပင်ပြီး ဒီကောင်တော်တော်သောင်းကျန်းနေတယ်၊lesson
ပေးကြစို့ဆိုပြီးညှိထားကြတယ်။နောက်ဘယ်လိုလုပ်ကြသလဲဆိုရင် ဒီကောင့်ကိုတွေ့ရင်

" ဟေ့ကောင် မင်းကြည့်ရတာကွာ..ဖြူဖတ်ဖြူလျော်နဲ့ သိပ်ပြီးအားနဲနေသလိုပဲ"
ဆိုပြီး တစ်ယောက်က ကြတ်လိုက်.....
နောက်တစ်ယောက်ကတွေ့ရင်လဲ..
" မင်း နဲနဲပိန်နေသလိုပဲ အစားမှန်မှန်စားဦး" ဘာညာပေါ့...
ဒီ့ပြင်တစ်နေရာကိုသွားရင်လဲတွေ့တဲ့ မြန်မာတွေက..
" မင်းနေမကောင်းဘူးလား..သွေးမရှိသလိုပဲ." ဒီလိုပဲတစ်မျိုးတစ်ဖုံ ၀ိုင်းကြတ်နေကြတာပေါ့
သူတို့နီပေါအချင်းချင်းလဲ ဒီလိုပဲကြတ်တော့ ကြာလာတော့ဒီကောင်နဲနဲသွေးပျက်လာရော..

ကျွန်တော်ကတော့ ကိုယ့်ဘာသာကိုယ့်အလုပ်နဲ့ရှုပ်နေတာဆိုတော့သူတို့ကိုလဲသိပ်သတိမထား
မိဘူး။တစ်နေ့ဒီကောင် ကုတ်ကုတ် ကုတ်ကုတ်နဲ့ရောက်လာတယ် မျက်နှာလဲသိပ်မကောင်း
ဘူးပေါ့...ပြီးတော့...
"သူငယ်ချင်း ငါ့ကိုပေါင်ချိန်တဲ့ စက်လေးခဏလောက်ပေးစမ်းပါ" ဆိုပြီးတောင်းတယ်
ကျွန်တော်ကလဲထုတ်ပေးလိုက်တာပေါ့လေ..ပေါင်လဲချိန်ပြီးရော..

" ငါ့ ၀ိတ်က အရင်ကလဲ60kg ပဲ ခုလဲ60kg ပါပဲ.. သူငယ်ချင်းငါ့ကိုပြောစမ်းပါ လူတိုင်း
က ငါ့ကိုတွေ့ရင် ပိန်နေတာပဲ အားမရှိသလိုပဲ နဲ့ပြောပြောနေကြတယ်..၀ိတ်ချိန်ကြည့်တော့လဲ
အရင်အတိုင်းပါပဲ အဲဒါဟုတ်လား " ပေါ့လေ။ကျွန်တော်လဲ အဲဒီတော့မှ ဟိုကောင်တွေ ကိုသတိ
ရသွားပြီး....
" ဟားဟား ဟားဟား.. အလကားပြောတာပါကွာ..ဘာမှမဖြစ်ပါဘူး မင်းကိုဝိုင်းပြီးစနေကြ
တာပါ" လို့ ပြောလိုက်တော့မှ ကိုယ်တော်ချောခမျှာ အဲဒီတော့မှပြုံးနိုင်ရှာတော့တယ်...
" ဟင်း....ငါ့မှာတော့သူတို့ပြောတာအဟုတ်မှတ်ပြီး...နို့တွေသွားသောက်ရ..အားဆေးတွေ
သောက်ရ လိမ္မော်ရေဘူးတွေလဲဝယ်ထားရတာအများကြီး၊ထမင်းကလဲ နဲနဲသတိရတာနဲ့ သွားသွား
စားရတာခဏခဏပဲ" လို့လဲပြောလိုက်ရောတိုင်ပင်မထားပဲအားလုံးဝိုင်းရယ် ကြတာတော်တော်နဲ့
မရပ်နိုင်ဘူး။
ကိုသောင်းကျန်းမှာတော့ ဟိုကောင်ပြေးထိုးလိုက် ဒီကောင့်ကိုရိုက်လိုက်နဲ့ပေါ့...


အားလုံးပဲပျော်ရွှင်ကြပါစေဗျား............

Saturday, July 2, 2011

ဦးလေးပြောတဲ့ပုံပြင်

နှစ်တွေလည်းတော်တော်ကြာခဲ့ပါပြီ။အဲဒီဦးနဲ့လဖက်ရည်ဆိုင်မှာထိုင်.ဟိုဟိုဒီဒီတွေလျှောက်
သွားပေါ့လေ ။တစ်နေ့..လျှောက်သွားနေရင်း  ရေချမ်းစဉ် သန့်သန့်လေးတစ်ခုတွေ့တော့
သူက....
" ခဏလောက်...ဦးမောနေလို့ရေလေးသောက်လိုက်ဦးမယ် "    ဆိုပြီးသူကရေသောက်
ပါတယ်။ပြီးတော့ မင်းရောသောက်ဦးမလားဆိုပြီး ရေခွက်ကိုပေးတော့ကျွန်တော်က  လည်း
ပေါက်တတ်ကရစဉ်းစားပြီး ရေခွက်ကိုနောက် လက်ကိုင်နှုတ်ခမ်းစပ်က သောက်လိုက်ပါတယ်။
ဒါကိုသူကတွေ့တော့
" သား....မငိးဘာလို့ရေကိုအဲဒီနေရာကသောက်တာလဲဆိုပြီးမေးတော့
ကျွန်တော်ကလည်းစဉ်းစားမိခဲ့တာလေးကိုပြန်ပြောပြတော့  သူက..ပုံပြင်မကျဘာမကျ  နဲ့တစ်ခုကိုပြောပြပါတယ်..         ဟိုအရင်တုန်းက လူတစ်ယောက်ဟာ ရေသောက်မလို့
လုပ်ရင်း မင်းစဉ်းစားသလိုစဉ်းစားတယ်တဲ့..
"  အင်း.......ရေခွက်ကဒီနှုတ်ခမ်းနားဆို လူတွေအများကြီး ဒီနေရာကသောက်မှာ၊တစ်ခြား
ဖက် ဆိုရင်လည်း ဘယ်သန်တွေက အဲဒီနေရာကသောက်မှာ..ရှေ့စပ်နားကဆိုလဲ
အဲလိုစဉ်းစားမိတဲ့သူတွေကသောက်မှာပဲ။နောက် လက်ကိုင်နားကနှုတ်ခမ်းစပ်ဆိုရင်တော့
ဘယ်သူမှစဉ်းစားမိမှာမဟုတ်ဘူး ဆိုပြီးစိတ်ချလက်ချ သောက်လိုက်တယ်တဲ့။ အဲဒီအချိန်မှာ
ခပ် လှမ်းလှမ်းမှာ သူသတိမထားမိပဲ ထိုင်နေတဲ့ အရူးတစ်ယောက်က...
" ဟား  ဟား ဟား ဟား........ငါ သောက်သလိုလိုက်သောက်တယ် ဟေ့"..တဲ့..
အင်းးးးးး...ဦးကတော့လေ...

အားလုံးပဲပျော်ရွှင် နိုင်ကြပါစေဗျာ.....

Sunday, June 12, 2011

မှားလို့မရဘူး

Tags: ရယ်စရာပေါ့ပေါ့ပါးပါး

ဟိုအရင်ကဆိုအဲဒီအကိုတွေနဲ့ အတူနေခဲ့ကြတာပါ၊မတွေ့ရတာလဲ အတော်
ပဲကြာနေပြီ။တစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်းပြီးအလုပ်လုပ်ခဲ့ရတဲ့အချိန်တွေ
ကိုတော့အမြဲအမှတ်ရနေဆဲပါ။တစ်ခြားနေရာတွေမှာအလုပ်လုပ်ကြတာတော့
ဘယ်လိုဆိုတာမသိဘူး၊မလေးရှားမှာက မလေးမလေးတွေ၊မလေးတရုတ်မ
လေးတွေကတော့ အရမ်းလှနေကြတော့ဒီမှာအလုပ်လုပ်တဲ့သူတွေ ကိုယ့်နိုင်ငံ၊
ကိုယ့်မြို့ကိုပြန်ကြရင်မျက်လုံးတွေ၊အပြောအဆိုတွေကတော့ အတော်လေးရိုင်းနေပြီးအစမှာတော့သိပ်အဆင်ပြေမှာမဟုတ်ကြဘူးလို့တော့ထင်ပါတယ်။
        လွန်ခဲ့တဲ့(၇)နှစ်လောက်က အလုပ်အတူလုပ်ခဲ့ကြတဲ့ ကိုကြီးတစ်ယောက်ပြော
ပြတာကို ပြန်စဉ်းစားမိပါတယ်။အဲဒီအချိန်ကကျွန်တော်ကမလေးမှာ ၂နှစ်လောက်
ရှိပြီ သူက နှစ်အတော်ကြာနေပြီ၁၀ နှစ်လောက်ဖြစ်ရောပေါ့။သူလည်းနှစ်တွေသာကြာရော
တစ်ခါမှအလည်မပြန်ခဲ့ရသေးပါ။သူကအဲဒီအချိန်မှာခွင့်နဲ့ အလည်ပြန်သွားခဲ့ပါတယ်
နောက်မြန်မာပြည်မှာ နားပြီးသူပြန်လာတော့ သူပြောပြတဲ့အကြောင်းတွေနားထောင်ရင်း
ညီအစ်ကိုတွေ ရယ်လိုက်ကြရတာအူကိုနာရော..သူကဘာပြောလည်းဆိုတော့..

"  ငါလည်းဟိုရောက်သွားရော.လာကြိုတဲ့သူတွေကိုလှမ်းကြည့်လိုက်တော့..ဟ..ငါ့မိန်းမ
ဘေးနားကစော်လေးက ငါ့ကိုရှိုးနေပါလားပေါ့။ နောက်မှ အဲဒါ   ငါ့သမီးဖြစ်နေလို့ ဟ"    .. တဲ့...

   အင်းးးးးး..မျက်လုံးတွေ...မျက်လုံးတွေ....

အားလုံပဲပျော်ရွှင်နိုင်ကြပါစေ..........

Sunday, May 22, 2011

မှုန်မှုန်ရဲ့ဖြစ်ပုံ

L-မှုန်ကြီးတစ်ယောက် တကုတ်ကုတ်နဲ့အလုပ်တွေရှုပ်နေတယ်။သူဘာလုပ်နေလဲဆိုတော့
ဟန်းဖုန်းတစ်လုံးနဲ့ သူကြိုက်နေတဲ့ကောင်မလေးဆီ sms ပို့ပေးဖို့ပါ။ဒီအကြံ ကိုပေးတာက
လည်းမြိုင်ရာဇာကြွက်ဖြူက ပေးတာပါ။ဒါကလည်းသူနေ့စဉ်လုပ်နေကျ အလုပ်ပါ။
               ကိုရီးယားခွေကလည်းကောင်းနေတော့သူသတိရတဲ့အချိန်မှာ sms ပို့ဖို့
ညဥ့်နက်သွားတာပေါ့။ဒါနဲ့ သူကတွေးတယ် ညဥ့်နက်နေရင် သူ့smsကို ကောင်မလေး
ဖတ်နိုင်မှာမဟုတ်ဘူးပေါ့လေ။ ဒါနဲ့ပဲမနက်မှပို့ဖို့ဆုံးဖြတ်လိုက်ပြီးစိတ်ချလက်ချအိပ်
လိုက်တယ်။
           ဒါနဲ့ပဲ မနက်ကျတော့ အလုပ်သွားချိန်ကလည်းနီးသွေားဖို့ပြင်ရဆင်ရတာတွေ
ကလည်းရှိနေတော့ ညတုန်းက အသင့်ရေးထားတဲ့sms ကိုပဲ ကမန်းကတန်းပို့လိုက်တယ်။
သူအလုပ်ထဲရောက်လို့သတိရတဲ့ အချိန်မှာပြန်ကြည့်လိုက်တော့
            good night........တဲ့

                                      အားလုံးပျှော်ရွှင်နိုင်ကြပါစေဗျာ......

နာမည်အပေးကောင်းသည်

တစ်ခြားတစ်နေရာမှာ အလုပ်တွေချည်းလုပ်နေရတော့ တစ်ခါတစ်လေ ကိုယ့်နိုင်ငံမှာရှိနေစဉ်က
လက်ဖက်ရည်ဆိုင်မှာလေသွားကန် လက်ဖက်ရည်လေး ဆမူဆာလေးနဲ့ ပေါက်စီလေးတွေတွေ့
နေရရင်နေ့တစ်ဝက်လောက်ကအိမ်ပြန်မရောက်။ဒီအကြောင်းလေးတွေသတိရရင် စိတ်ထဲမှာ
တော်တော်လေးပေါ့ပါးသွားတတ်တယ်။
         အရင်ကဆိုဒီကောင်ကျွန်တော့်ဆီအမြဲရောက်ရောက်လာတတ်တယ်။ကျွန်တော့်ရဲ့မများလှတဲ့သူငယ်ချင်းထဲက တစ်ယောက်ပါ။သူရောက်လာလျှင်လည်းသူသွားချင်နေတဲ့ကောင်မလေးရဲ့
လက်ဖက်ရည်ဆိုင်မှာပဲသွားထိုင်နေကြပါ။ဆိုင်နာမည်က  ကောင်း ..။ဒီကောင် အဲဒီဆိုင်က
ကောင်မလေးကိုလိုက်ကြောင် နေတာလည်းကျွန်တော်အသိ ။ကောင်မလေးကလည်းတော်တော်လေး
လှပါသည် သူကြိုက်မယ်ဆိုလည်း ကြိုက်ချင်စရာ။
       သူရောက်လာတော့ ဘယ်လိုလဲ မင်းကောင်မလေးနဲ့အခြေအနေဆိုတော့..သူက
" ငါ ပြောရမယ့်အလှည့်ကို မရောက်နိုင်ဘူး။ကြည့်လိုက်ရင်တစ်ယောက်ယောက်ကအမြဲလိုက်စကား
ပြောနေတာပဲ.ဟိုနေ့ကမိုးတွေ အရမ်းရွာနေတော့ ဘယ်ကောင်မှလိုက်မယ့်သူမရှိဘူး။အင်း..ဒီနေ့
တော့ငါ့အလှည့်တော့ရောက်ပြီပေါ့ ဆိုပြီး ၀မ်းသာအားရနဲ့လိုက်သွားတာ ဟိုကလှည့်လည်းကြည့်ရော
ငါလည်းဘာပြောရမှန်းမသိတော့ဘူး၊စကားလုံးရှာမရတော့ဘူး" တဲ့..အဲဒါနဲ့ကျွန်တော်က....
 " ညံ့ပါ့ကွာ...ထမင်းစားပြီးပြီလားလို့ မေးလိုက်ပေါ့" ဆိုတော့ သူကရေနွေးကြမ်း သီးအောင်
ရယ်တယ်လေ။
       တစ်နေ့...သူနဲ့ကျွန်တော် သူ့ကောင်မလေးရှိတဲ့ဆိုင်မှာထိုင်ဖို့ချီတက်သွားကြတယ်၊ဟိုလည်း
ရောက်ရောနေရာတွေ ဘာတွေယူပြီးတော့ သူက  သူ့ကောင်မလေးရှိတဲ့နေရာကိုလှမ်းကြည့်လိုက်
ပြီး...
    " ညီလေးရေ   ကျဆိမ့် နှစ်ခွက်" ဆိုပြီးမှာလိုက်တယ်..တော်တော်လေးလဲကြာရော...
               " ဂွပ် "
လက်ဖက်ရည်နှစ်ခွက်စားပွဲပေါ် ရောက်လာပါတယ်။ချပေးတဲ့သူကဖြစ်ကတတ်ဆန်း ချပေးတော့
ဘေးကိုအဖိတ်ဖိတ် အစင်စင်နဲ့ အထဲမှာတစ်ဝက်လောက်သာသာနဲ့ရောက်လာတယ်။ သိပ်တော့
နားမလည်စွာနဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သေးတယ်။တော်တော်လေးစောင့်နေတော့
ရေနွေးကြမ်းလဲလာမချပေး။အဲဒါနဲ့ ညီလေးရေ..ရေနွေးကြမ်း နဲ့မုန့်လေးပါချပေးပါဦးဆိုတော့လည်း
သကောင့်သားတွေက မသိချင်ယောင်ဆောင်နေကြသည်။ဧကန္တ သူတို့အစ်မ ကိုဟိုကောင်လိုက်
ကြောင်နေမှန်းသိသွားလောက်ပေပြီ။

တမင်လုပ်နေမှန်း သိလိုက်ပြီးတော့ နှစ်ယောက်စလုံးမကြေနပ်စွာနဲ့ ကောင်မလေးမျက်နှာကြောင့်
သည်းခံပြီး ကြိတ်မှိတ်သောက်ခဲ့ရသည်။နှစ်ယောက်လုံး တော်တော်လေးတော့ တင်းနေကြသည်။
ဒါတောင်ငွေ ရှင်းပြီးပြန်ခါနီး သကောင့်သားတွေအနားရောက်လာတော့ သူက ဘာပြောလဲဆိုတော့
    " ဟေ့ကောင် ကောင်း ဆိုတာဘာလဲ ကွ" 
  ဆိုပြီးမေးတော့ကျွန်တော်လည်း ခပ်ချဉ်ချဉ် ရှိတာနဲ့....
    " ကောင်း   ဆိုတာ  နမ (နွားမ) ပေါ့ကွ"
ဆိုပြီးခပ်တည်တည်နဲ့ပြောခဲ့တော့ သကောင့် သားတွေရှူးရှူး ရှားရှား ဖြစ်ပြီးကျန်ခဲ့လေရဲ့။
 
     အဲဒီအချိန်ကစပြီးကျွန်တော်တို့အုပ်စုရဲ့ ပါးစပ်ဖျားမှာ "ကောင်း" လက်ဖက်ရည်ဆိုင်ဟာ

" နွားမ " လက်ဖက်ရည်ဆိုင်ဖြစ်သွား ပါတော့တယ်။
      
    အားလုံးပဲပျှော်ရွှင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ.........

Saturday, April 16, 2011

ဒါငါတို့သင်္ကြန်

"ရေအလောင်းခံချင်ကြသောအမျိုးသမီးများခင်ဗျား၊ရေအလောင်းခံချင်ကြ
သောအမျိုးသမီးများခင်ဗျား၊တန်းစီပြီးစောင့်နေကြပါရန်။အတင်းတိုးဝှေ့ပြီး
နေရာလုမနေကြပါနဲ့လို့မေတ္တာရပ်ခံပါတယ် ခင်ဗျား"

        ထိုအသံများမှာကျွန်တော်တို့ service room မှလူများ အလုပ်မအား
သောကြားထဲမှ   mic  ဖြင့်တစ်ဖက်အိမ်မှကောင်မလေးများကိုလှမ်း၍စနောက်နေခြင်းဖြစ်ပါသည်။
တစ်ဖက်အိမ်မှ သေနာကောင်တွေ ဟုကျိန်ဆဲနေမည်သာ။

 "ကျွန်တော် ဟိုကောင်မလေးကိုရေလောင်းချင်တယ်ဗျာ ဘယ်လိုလုပ်ရမလဲ
မသိဘူး"ဟု DVDပြင်သော ဆရာသိန်းခေါ်( L-မှုန်ကြီး)မှပြောသည်။

ကျွန်တော်က." နင့်လက်နဲ့ရေခွက်ကိုကိုင်၊ခြေထောက်နဲ့ကောင်မလေးရှိတဲ့နေရာ
ကိုသွား ပြီတော့ဟောဒီလိုသွန်ချလိုက်" လို့ရွဲ့ပြီးပြောလိုက်တော့..မှုန်ကြီးက..

"ဒါတော့သူပြောမှလားဟ၊ဟိုမှာအိမ်ထဲကမထွက်လို့ပြောနေတာ။ပြီးတော့သူ့ကို
 သွားလောင်းရမှာခပ်ကြောက်ကြောက်ပဲ .မျက်နှာကြောကတင်းတင်းနဲ့"ဟု
L-မှုန်ကြီးမှပြောတော့ ကျွန်တော်က....

"ဟင်းးးး......အတောင်နှစ်ဆယ်ဝတ်မင်းယောကျာင်္းကြီးလုပ်နေပြီး ဆယ့်သုံးတောင်
အဲလေ.နှစ်တောင် ...လောက်တောင်မရှိတဲ့စကပ်ဝတ်ထားတဲ့မိန်မသားကိုကြောက်
နေရသေးတယ်။ငါစောင့်ကြည့်ပေးမယ်" ဟုမြှောက်ပေးလိုက်သည်။

L-မှုန်ကြီးလည်းအသင့်ခတ်စရာရေခွက်ကလည်းမရှိတော့ service ခန်းထဲမှ
rice cooker inner pot ကြီးနဲ့ရေကိုအသင့်ခတ်ထားတယ်။မိုးလေးကဖွဲဖွဲလေး
ကျနေတော့ စောင့်ရတာစိတ်မရှည်နိုင်တဲ့ မှုန်ကြီးမှ...

        "တောက်.....ငါရေလောင်းမယ့်နေ့ကျမှ မိုးကလည်းရွာနေသေးတယ်" ဟု
မကျေမနပ်နှင့်ပြောနေသေးသည်။နေ့လည်လောက်ရောက်တော့မှ သူကြောင်
နေသောကောင်မလေးနှင့်အခြားကောင်မလေး၃ယောက် ကင်မရာရှေ့မှာပေါ်
လာတော့. ကျွန်တော်မှ....
      "ဟေ့....လာနေပြီဟ..လာနေပြီ"လို့သတိပေးလိုက်တော့ လှစ်ကနဲL-မှုန်ကြီးပြေး
ထွက်သွားသည်။လက်ထဲမှာလည်းအသင့်ခတ်ထားသော2.6 liter inner potကြီးနှင့်။
ကျွန်တော်လည်းကင်မရာထဲမှသူ့ကိုကြည့်နေတယ်။မြင်ကွင်းထဲကပျောက်သွားပြီး
သိပ်မကြာခင်...
           ဗုန်းးးးး.....ဂွမ်း.......
ဟ..ဘယ်လိုဖြစ်တာလဲမသိ၊ရေလောင်းတာဒီလောက်တော့ မကြမ်းနိုင် ကောင်မလေး
အမျိုးတွေကပဲ ဗျင်းလိုက်ပြီလားမသိ  ကျွန်တော်လဲအပြင်ကိုထွက်ကြည့်လိုက်တော့
.ကောင်မလေးကိုမတွေ့ မှုန်ကြီးတစ်ယောက်ထဲကောင်မလေးတွေအိမ်ရှေ့မှာ
ဖလက်ပြ နေသည်။သူ့နောက်မှ ကောင်မလေး၂ယောက်ကတော့ ရယ်ချင်နေ
တာကို အောင့်အီးနေရတဲ့ပုံပေါက်နေသည်။သိပ်မကြာခင်ရှုံ့မဲ့ညစ်ပေလျှက်..
မှုန်ကြီးပြန်လာသည်။ကျွန်တော်က..

"ဘယ်လိုဖြစ်တာလဲဟ  မှုန်ကြီးတို့ဖြစ်လိုက်ရင်သူများနဲ့ကိုမတူဘူး" ဟုပြောရာ
 L-မှုန်ကြီးမှ...
"ဟူးးး.....ပြောမပြောချင်ပါဘူးဗျာ...ကောင်မလေးကိုရေသွားလောင်းတာ.သူ့
မလောင်းမိဘဲ ချော်လဲပြီး ကိုယ့်ဘာသာကိုယ်ပြန်လောင်းမိလို့".....တဲ့

      ပျော်စရာသင်္ကြန်မှာအားလုံးပဲပျော်ရွှင်ကြပါစေဗျာ.....