ငယ်စဉ်ကာလ ပျှော်ပါးလျှက်သာ
ငါ့ကမ္ဘာသည် ဒုက္ခမှုန်ပင်ဖုန်မတင်ခဲ့
ကံမျက်နှာပေး ကြည်စေအေး၏။
ရွယ်ရောက်စဉ်ခါ ပျှော်စရာဟု
ထင်မြင်မိသား အချစ်မှားသည်
ငါ့အားရိုက်လတ် ဘောင်ဘင်ခတ်၏။
နေဟုန်မာန်ခွင်း ငါ့စိတ်တွင်း၌
ပူလောင်ပြင်းပြ နေခက်လှသည်
ထက်မြက်ဖြူစင် ငါ့စိတ်သွင်သည်
ညှိုးရော်နွမ်းလျှ မိုက်မှောင်ကျ၏
ငါ့ဂုဏ်သိက္ခာ ငါ့သစ္စာသည်
ထိုထိုစကား အယုတ်များကြောင့်
ညှိုးရော်ယုတ်နွမ်း ရေသို့ခန်း၏။
ဒေါသမီးအလုံး ငါ့စိတ်ဖုံးသည်
ငါ၏မျက်လုံး မီးဟုန်ဟုန်းသို့
ငါ၏ခွန်အား မုန်တိုင်းလားသို့
ငါ့တောင်ပံများ သံမဏိအားသို့
ချေမှုန်းပစ်ချင် ငါ့စိတ်သွင်သည်
သည်းခံမှုအောက် ၀တ်တွားရောက်၏။
ရှင်တော်မြတ်ဘုရား ခြေရင်းဖျား၌
ဝတ်တွားသက်သေ တောင်းဆုခြွေမည်
ဝဋ်ကြွေးတုံ့တင် ရှိခဲ့လျှင်လည်း
ဤတွင်ဘ၀ သည်မျှနှင့်သာ
ကျေပါစေသား ရှင်ဘုရား။
ကမ္ဘာဆက်ဆက် သံသရာစက်၌
ဖြစ်လတ်တုံမူ ငါဆုယူမည်
ငါရှိလေရာ ဤနေရာမှ
တစ်ယူဇနာ ၀န်းကျင်ကွာ၌
သစ္စာမထား သူယုတ်များအား
မတွေ့ငြားစေ မမြင်စေတည့်
အချစ်ဆိုငြား ထိုစကားလည်း
မကြားရစေ မသိစေသတည်း..........။
ထွန်းထွန်း(kaythayarzarheart)
ကေသရာဇာနှလုံးသား
ဆုံးရှုံးခြင်းဆိုတာကလည်း......ကော်ဖီခါးခါးတစ်ခွက်သောက်ရသလောက်ပါပဲ.
ငါ့မျက်ရည်တွေရှာမနေနဲ့......ရှားပါးပစ္စည်းတစ်ခု..
လောကဒါဏ်ကိုကြောက်.....ငါဒူးမထောက်ဘူး
အရှုံးကိုကြောက်......ငါလက်မမြှောက်ဘူး
အမုန်းကိုကြောက်.....အားမပြောက်ဘူး..
ငါ့အတွက်ခွန်အား....ဗုဒ္ဒရဲ့တရားများ
ငါ့ရဲ့အင်အား......အဖေ့အမွေစိတ်ဓါတ်များ
မင်းမသိတဲ့အရှိတရား......ငါ့မှာရှိထားမေ့မသွားနဲ့
အဲဒါ...........ကေသရာဇာနှလုံးသား။