ကျွန်တော့်သူငယ်ချင်း... သူက စလုံးမှာ အလုပ်လုပ်နေပေမယ့် ပိတ်ရက်လေး နဲနဲရတာနဲ့ ကျွန်တော့်ဆီကို ရောက်ရောက်လာတတ်တယ်။ သူရောက်လာရင် ရောက်တတ်ရာရာ... ပြောနေကြတာပေါ့...
သူကပြောတယ်...
သူတို့အလုပ်ကို အလုပ်လာလုပ်မယ့် မြန်မာကောင်လေးတွေ ရောက်လာတယ်။
တစ်နေ့ သူအပြင်သွားမယ့်အလုပ် ကောင်လေးတစ်ယောက် ရောက်လာပြီး...
"အကို... အပြင်သွားရင် ကျွန်တော့်ကို ဒီဓာတ်ပုံလေးကို ပုံကြီးချဲ့ပေးစမ်းပါ"
ဆိုပြီး ပြောလာလို့ သူကလည်း...
"ရပါတယ်... အကိုလုပ်ပေးမယ်"
ဆိုပြီး ယူသွားလိုက်တယ်။
ဓာတ်ပုံလည်း ရလာရော ကောင်လေးကိုခေါ်ပြီး ပေးတာပေါ့လေ။ ပေးတာက ရိုးရိုးမပေးဘူး၊ အလာပသလာပလေးကလည်း ပြောလိုက်သေးတယ်...
"အေး... ကောင်းတယ် ညီ... ကောင်းတယ်... ကိုယ့်အမေပုံကို ခေါင်းရင်းမှာထားပြီး အိပ်ရာဝင်ခါနီး ရှိခိုးအိပ်... ကုသိုလ်လည်းရတာပေါ့..."
လို့ ပြောလိုက်တော့...
ကောင်လေးက တစ်ခုခုပြောချင်နေပုံရတယ်။
ဒါနဲ့ သူက...
"ပြောလေညီ... ဘာပြောမလို့လဲ"
ဆိုတော့...
ကောင်လေးက...
"အကို... အဲဒါ ကျွန်တော့်အမေပုံ မဟုတ်ဘူး... ကျွန်တော့်မိန်းမပုံ..."
လို့ ပြောလိုက်ရော...
အကြောရှည်မိတဲ့ ကျွန်တော့်သူငယ်ချင်းခမျာ အားနာလွန်းလို့ မျက်နှာဘယ်ထားရမှန်းတောင် မသိတော့ဘူးတဲ့...
အင်း......
ဆင်ခြင်မှ...
ဆင်ခြင်မှ......
No comments:
Post a Comment