Saturday, March 12, 2011

စေတနာထက်သန်ပုံက

ပဲခူးတိုင်းထဲက ရွာကလေးတစ်ရွာကပါ။ ရွာမှကိုးကွယ်သော ဘုန်းဘုန်းမှာ အိန္ဒြေကြီးသလောက် အရှက်ကလည်း အင်မတန်ကြီးပါတယ်။

တစ်နေ့ ရွာထဲမှ အိမ်တစ်အိမ်မှ ဆွမ်းစားပင့်သောကြောင့် ကြွရောက်တရားဟောရမှာ ဖြစ်ပါတယ်...

ရွာမှအိမ်တွေဆိုတော့ အိမ်ကောင်းကောင်းများရှိသလို၊ ဝါးဖြင့်ပြုလုပ်ထားသော အိမ်များလည်းရှိသည်။ ဘုန်းဘုန်းမှာလည်း အယုတ်၊ အလတ်၊ အမြတ်မရွေး၊ ဆင်းရဲ ချမ်းသာမခွဲခြားဘဲ တရားရေအေး တိုက်ကျွေးပါသည်။

ထိုနေ့တွင် ဆွမ်းစားပင့်ထားသောအိမ်မှာ ဝါးဖြင့်ပြုလုပ်ထားသော အိမ်လေးဖြစ်ပါသည်။ ဘုန်းကြီးကြွလာတယ်ဟုဆိုသောကြောင့် အသိမိတ်ဆွေ တရားနာပရိသတ်များမှာလည်း တစ်ယောက်စ၊ နှစ်ယောက်စ ရောက်လာကြသည်မှာ အိမ်အပြည့်ဖြစ်လာသည်။

တရားမဟောမီ ဆွမ်းများအရင်ကပ်ကြပါသည်။ ဘုန်းဘုန်းဘုရားတို့မှာလည်း ဆွမ်းကို အိန္ဒြေဖြင့် ဘုန်းပေးနေကြကုန်၏။

ဆွမ်းဘုန်းပေးနေစဉ် မကြာမီအချိန်အတွင်းမှာပင် ပရိသတ်၏အလေးချိန်ကို မခံနိုင်သောအိမ်မှာ ကျိုးကျ၍ မြေခပါတော့သည်။

ဘုန်းဘုန်းဘုရားမှာလည်း ရှောင်လင်ကျောင်းမှ ကိုယ်တော်များနီးနီး လျှစ်ခနဲ အိမ်အောက်သို့ ရောက်သွားပါ၏။ သို့သော်လည်း သူ့ထက်မြန်သော ပဲဟင်းပန်းကန်၏ အစွမ်းကြောင့် ဘုန်းဘုရား၏ ထိပ်ပြောင်ပြောင်တွင် ပဲဟင်းများ ပေကြံကုန်တော့သည်။

အလှူ့ဒါယိကာမှာလည်း အားနာလွန်းလို့ အတင်းတောင်းပန်ပါသည်။ ဘုန်းဘုန်းမှာ ရှက်လည်းရှက်၊ ဒေါသလည်းထွက်လွန်းသောကြောင့် ဆွဲ၍ပင်မရ၊ ဆောင့်ကြီးအောင့်ကြီးဖြင့် ကျောင်းသို့ ပြန်ကြွလေ၏။

ဒါယိကာမှာလည်း အတင်းလိုက်၍ တောင်းပန်ရှာ၏။ ဘုန်းဘုန်းမှာလည်း ဒေါသကြောင့် အလှူ့ဒကာအား ပြောပါလေတော့၏။

"*^# အိမ်ကမခိုင်ဘဲ... ^&*! ဆွမ်းကကျွေးတော့... /*^%## တွေဖြစ်ကုန်တာပေါ့....."

တဲ့...

ဟီးဟီး... ဖြစ်ပုံ... ဖြစ်ပုံ...

အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ.....

(မိတ်ဆွေတစ်ဦး၏ ပြောပြချက်)


No comments:

Post a Comment