Tuesday, May 19, 2015

ကြားဖူးတဲ့အကြောင်းအရာများ

ခုရက်ပိုင်း ၂ရက် ၃ရက်လောက်တော့ရှိပြီး မိုးတွေရွာနေတာ အိမ်မှာမနေချင်တာနဲ့ မိမိအဖွားလို ဖြစ်နေ
သောအဖွားအိမ်ကိုအလည်ထွက်လာရင်း အဖွားဒူးခေါင်းနာနေသောကြောင့် ဆေးလေးဝယ်ပြီး လက်ဖက်
ရည်လေးပါ တစ်ခါထဲဝင်ဝယ်လာခဲ့တယ်။ အဲဒီအဖွားက အသက်၉၄ နှစ်ရှိပေမယ် ချော်လဲလို့ဒူးနာတာက
လွဲရင် ကျန်မာရေးတော့တကယ်ကောင်းသည်။သူ့ဆီရောက်တော့ ဟိုအရင်က မိမိမကြားဖူးသောအ
ကြောင်းအရာများကိုကြားရတတ်သည်။

ဒါနဲရောက်တတ်ရာရာစကားပြောကြရင်း အဖွား၏မြေးဖြစ်သူ ညိုညို နှင့် အိမ်အရောင်းအ၀ယ်ကိစ္စများ
ပြောဖြစ်ကြတော့..
    " မိညိုရေ အွန်လိုင်းမှာတွေ့တဲ့တစ်ချို့အိမ်တွေဆိုရင် ပြင်ဆင်ထားတာ အရမ်းကောင်းတယ် ဈေးတွေ
ကျတော့လည်းတော်တော်လေးနည်းတယ် တစ်ခုခုတော့ချို့ယွင်းချက်ရှိနေမလားတော့ မသိဘူးနှော်..
ဥပမာ သရဲချောက်တတ်တာတို့ဘာတို့ပေါ့" ဆိုတော့ ညိုညိုက..

" ဖြစ်နိုင်တယ် .. ကျွန်မ အသိကောင်မလေးတွေ အိမ်တစ်အိမ်မှာသွားငှားနေတာ အဲဒီအိမ်ကညဖက်ဆို
လမ်းလျှောက်သံတွေ အိုးခွက် ပန်းကန် အသံတွေကြားနေရတယ်တဲ့။အဲဒါနဲ့ စုံစမ်းကြည့်တော့အရင်က
လင်မယားနှစ်ယောက် နေခဲ့တာတဲ့  ယောင်္ကျားဖြစ်တဲ့သူက ဆေးကြောင်ပြီး ဘာမီတွန်တွေအများကြီး
သောက်ထားတာသေသွားတော့ မိန်းမကလည်း ဆေးတွေအများကြီးလိုက်သောက်ပြီးသေသွားတာ အဲဒါ
ချိပ်ပိတ်ထားတာ သူတို့ကပထမဆုံးငှားတာဖြစ်နေတယ်တဲ့"
 "အဲဒီတော့ အိမ်ပြောင်းသွားရောလား"
" ဘယ်ကလာ ပြောင်းနိုင်မလဲ အိမ်ငှားခတွေလည်းပေးပြီးနေတော့ ကြောက်ကြောက်နဲ့ဒီလိုပဲဆက်နေ
ရတာပေါ့" ညိုညိုကပင် ဆက်၍..
" ဒါနဲ့ စကားမစပ်ပြောရဦးမယ် ကျွန်မတို့မြေးအဖွား အရင်က ကျွန်မတို့အခန်းကိုငှားထားပြီး ဘိုခြံ က
ကျွန်မ အစ်မ   မသီ တို့ဝယ်ထားတဲ့အိမ်လေးမှာသွားနေတုန်းကမှ တကယ်ခြောက်တာ  အဲဒီမှာနေတုန်း
ကမှ လူကိုမျက်တွင်းတွေချောင်လို့ မအိပ်ရဲလို့ အိပ်ကိုမရတာ"
" ဘယ်လိုလုပ်လို့ အိပ်မရတာလဲဟ "
" ညဖက် ၂နာရီဆိုရင် အိမ်ပြင်က နံရံတွေကို တုတ်နဲ့လျှောက်ခြစ်တာ ပတ်ပတ်လည်ပဲ  ဂျစ်.........ဆိုတဲ့
အသံကြီး ကြားနေရတော့ကြောက်လွန်းလို့ ပြီးတော့အဲဒီအိမ်က လူမနေတော့ မီတာချမပေးသေးတော့ မီး
ကလည်းမရသေး  ဘက်ထရီ မီးလေးနဲ့နေရတော့အတော်ဆိုးတာ၊ဒီကြားထဲဘက်ထရီ ကလစ်ကိုလာ
ဖြုတ်ချသေးတယ် ကျွန်မဆို အိမ်အပေါ်ထက်ကိုတက်မကြည့်ရဲဘူး တစ်ခါမှမတက်ဖူးဘူး၊ အိမ်အပေါ်ထပ်
ကဆိုရင်လဲ ဖိနှောင့်နဲ့ချပြီးနင်းတဲ့ခြေသံမျိုး တွေ ပစ္စည်းထုရိုက်ပစ်ချသံတွေဆူညံနေတာပဲ"
" ပရိတ်တွေဘာတွေ မရွတ်ဘူးလား" ဟု ကျွန်တော်ကမေးတော့..
" ရွတ်တာပေါ့  ဘုန်းကြီးတွေပင့် ပရိတ်ရွတ်၊  နောက်ပြီးမျက်နှာချင်းဆိုင်ကျောင်းကလည်း လောက်စပီကာနဲ့
ကျွန်မတို့အိမ်ဖက်လှည့်ပြီးရွတ်လည်းမရပါဘူး၊ အဲဒီည ကျတော့မှပိုဆိုးလာတယ် အိမ်ထဲမှာခြေသံတွေပတ်
လျှောက်နေပြီး ကျွန်မအခန်းရှေ့ကျရပ်သွားတယ် ပြီးတော့"  တောက် " ဆိုတဲ့အသံကြီး ဆိုတာအကြယ်ကြီး
ကြားရပြီး ပြန်လျှောက်သွားသံကြားရတယ်။"
သူကပဲဆက်ပြီး....
" အိမ်ပေါ်က ပစ္စည်းတွေ ပစ်ချတာ တ၀ုန်းဝုန်းနဲ့ အဲဒါနဲ့ မေကြီးက ထအော်ရော....ဟေ့ ပစ်ချချင်ရင်အဲဒီမှာ
ပစ်မချနဲ့ ငါ့ဆီကိုပစ်ချလိုက် ရောင်းချပြီးလှူရတန်းရအောင်   လို့အော်လိုက်တော့တစ်ခါထဲငြိမ်သွားတယ်၊
နောက်ပြီး ကိုထွန်းထွန်းနဲ့ နာမည်တူ ကိုထွန်းထွန်းဆိုတဲ့ တစ်ယောက်ကအိမ်မှာပြင်စရာဆင်စရာလေးတွေ
ပြင်ပေးရင်း ကျွန်မနဲ့ မေကြီးကအခန်းထဲမှာအိပ်တယ် သူကအပြင်မှာ ကုလားထိုင်လေးနဲ့အိပ်တာ..သူက
ပြောပြတာ  သူ့ရှေ့ကို ဘီးစပတ် ကြီးနဲ့မိန်းမကြီးတစ်ယောက်ဝင်လာတာ သူ့မှာလှုပ်လို့လဲမရ အော်လို့လဲ
မရနဲ့ တောင့်တောင့်ကြီးဖြစ်နေတာ အဲဒီမိန်းမကြီးက ကုလားထိုင်ဖျင်ကနေကျောကုန်းကို ကုတ်နေတာ
ကြောက်လိုက်တာမပြောနဲ့ ဘုရားကိုအာရုဏ်ပြု လိုက်တော့မှ လှုပ်လို့ရသွားရော မေကြီးနေတဲ့ဘုရားခန်း
ထဲပြေးဝင်ပြီးအော်ခေါ်တော့တာပဲ" သူကပဲဆက်ပြီး....
"  အဲဒီနားကအိမ်တွေဆိုရင် ဒီအိမ်ဖက်ကိုညဖက်ဆိုမဖြတ်ရဲကြလို့ ကျွန်မတို့လာနေတော့ကျေးဇူးတွေတင်
နေကြတာ..တစ်နေ့ ကိုထွန်းထွန်းရဲ့ ညီက ကြာဆန်သုတ် တွေဝယ်လာပြီး နှစ်ယောက် ထမင်းစားတဲ့
အခန်းထဲမှမစားပဲ မီးဖိုခန်းထဲမှာစားနေတာ တစ်လုပ် နှစ်လုပ်လောက်ပဲစားရသေးတယ် ဟိုကောင်လေး
ကကျွန်မကို  ..မညို....မညိုနောက်ကတံခါးကကျွန်တော့ကိုမျက်လုံးပြူးကြီးနဲ့စိုက်ကြည့်နေတယ်ဗျ..ဆိုတော့
ကျွန်မနောက်လှည့်ကြည့်တော့လဲ ဘာမှမတွေ့ဘူး...သူကလဲ အမလေးအစ်မရေ လက်ကြီးဝင်လာပြီဗျ
ဆိုပြီးပြေးတော့ကျွန်မလဲ ပန်းကန်ကြီးနဲ့ပြေးရတော့တာပေါ့"
"နောက်တော့ဘာတွေဆက်ဖြစ်သေးလဲ "
" နောက်တော့  မီတာလဲရလို့ မီးတွေ တစ်အိမ်လုံး လင်းနေအောင်ပတ်ပတ်လည်ထွန်းထားတော့မှ ဘာမှ
မတွေ့ရတော့ဘူး အခြောက်လဲမခံရတော့ဘူး" လို့သူက ပြောပါတယ်။
ဒါကြောင့်မို့ ကျွန်တော်ဖတ်ဖူးတဲ့စာတွေထဲမှာ နာနာဘာဝတွေဟာ အလင်းရောင် စူးစူး   အသံစူးစူး တွေနဲ့
တွေ့မိရင် သူတို့ကိုယ်ထည်တွေဟာ နူးညံ့တဲ့အတွက်ပြိုကွဲပျက်စီးစေတယ်လို့ပြောပါတယ်။ နောက်ပြီး ကျွန်
တော့်အသိ ကြွက်ကြီးကပြောဖူးတယ် မလေးရှားမှာ အိမ်တစ်အိမ်ရှိတယ်တဲ့ ဈေးပေါပေမယ့်ငှားတဲ့သူနည်း
တယ်တဲ့ ဘာလို့လဲဆိုတော့ အဲဒီအိမ်မှာရှိတဲ့သရဲက  မကောင်းတာလုပ်တဲ့သူ မိန်းမရှုပ် ဆေးချ အရက်
သောက်တဲ့သူတွေဆို ဘာမှမလုပ်ပေမယ့် ဘုရားရှိခိုးတဲ့သူ ပရိတ်ရွတ်တဲ့သူတွေဆို လည်ပင်းညှစ်တာတို့
လှေခါးက ကန်ချတာတို့  ကုလားထိုင်ပေါ်က ကန်ချတာတို့ လုပ်တတ်ပါတယ်တဲ့။

မယုံတဲ့သူများ မလေးရှားရောက်ရင် သွားစမ်းကြည့်ကြဖို့ပါ။


                                                  အားလုံးပျော်ရွှင်နိုင်ကြပါစေဗျာ.......

No comments:

Post a Comment