Saturday, July 2, 2011

ဦးလေးပြောတဲ့ပုံပြင်

နှစ်တွေလည်း တော်တော်ကြာခဲ့ပါပြီ။ အဲဒီဦးနဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်၊ ဟိုဟိုဒီဒီတွေ လျှောက်သွားပေါ့လေ။

တစ်နေ့... လျှောက်သွားနေရင်း ရေချမ်းစင် သန့်သန့်လေးတစ်ခု တွေ့တော့ သူက...

"ခဏလောက်... ဦးမောနေလို့ ရေလေးသောက်လိုက်ဦးမယ်"

ဆိုပြီး သူက ရေသောက်ပါတယ်။ ပြီးတော့ "မင်းရော သောက်ဦးမလား" ဆိုပြီး ရေခွက်ကို ပေးတော့ ကျွန်တော်ကလည်း ပေါက်တတ်ကရ စဉ်းစားပြီး ရေခွက်ကို နောက်လက်ကိုင် နှုတ်ခမ်းစပ်က သောက်လိုက်ပါတယ်။

ဒါကို သူကတွေ့တော့...

"သား... မင်းဘာလို့ ရေကို အဲဒီနေရာက သောက်တာလဲ"

ဆိုပြီး မေးတော့ ကျွန်တော်ကလည်း စဉ်းစားမိခဲ့တာလေးကို ပြန်ပြောပြတော့ သူက... ပုံပြင်မကျ ဘာမကျနဲ့ တစ်ခုကို ပြောပြပါတယ်...

ဟိုအရင်တုန်းက လူတစ်ယောက်ဟာ ရေသောက်မလို့လုပ်ရင်း မင်းစဉ်းစားသလို စဉ်းစားတယ်တဲ့...

"အင်း... ရေခွက်က ဒီနှုတ်ခမ်းနားဆို လူတွေအများကြီး ဒီနေရာက သောက်မှာ၊ တစ်ခြားဘက်ဆိုရင်လည်း ဘယ်သန်တွေက အဲဒီနေရာက သောက်မှာ။ ရှေ့စပ်နားကဆိုလည်း အဲလိုစဉ်းစားမိတဲ့သူတွေက သောက်မှာပဲ။ နောက်လက်ကိုင်နားက နှုတ်ခမ်းစပ်ဆိုရင်တော့ ဘယ်သူမှ စဉ်းစားမိမှာမဟုတ်ဘူး။"

ဆိုပြီး စိတ်ချလက်ချ သောက်လိုက်တယ်တဲ့။

အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းမှာ သူသတိမထားမိဘဲ ထိုင်နေတဲ့ အရူးတစ်ယောက်က...

"ဟား... ဟား... ဟား... ဟား... ငါသောက်သလို လိုက်သောက်တယ်ဟေ့..."

တဲ့...

အင်းးးးးး... ဦးကတော့လေ...


အားလုံးပျော်ရွှင်နိုင်ကြပါစေဗျာ…

2 comments:

  1. thanks for a chance to read n learn.

    ReplyDelete
  2. နောက်နေပြန်ပါပြီ...လာလည်တဲ့အတွက်ကျေးဇူးပါဗျာ.....

    ReplyDelete