Friday, February 4, 2011
ရင်ဆိုင်မယ့်လက်တစ်စုံ
သြော်
ငါဆိုတဲ့ငါ
ဘုမသိဘမသိနဲ့နေခဲ့တာ
ချစ်သူများနေ့တောင်
ဘာမှန်းမသိခဲ့ရပါလား
ဖြတ်သွားဖြတ်လာစုံတွဲတွေကိုငေးရင်း
ငါ့စိတ်ကူးတွေအစွန်းရောက်နေပြီလေ
တစ်ကယ်တော့စိတ်ကူးနဲ့လက်တွေ့
တစ်ထပ်ထဲကျမယ့်အချိန်ကိုစောင့်မျှော်ရင်း
နေနေခဲ့တာ ဘာလိုလိုနဲ့
ရောက်လာပြန်ပြီပေါ့
ချစ်သူများနေ့ရယ်
တစ်ကြိမ်တစ်ခါတော့
ငါ့နံဘေးနား အရောက်ပို့ပေးပါလား
သူသာရှိနေမယ်ဆိုရင် ငါ့အတွက်
အရာအားလုံး လက်လွတ်ရမယ်ဆိုရင်တောင်
ချစ်သူလက်ကိုဆွဲ ရဲရဲရင်ဆိုင်လိုက်ပါ့မယ်။
ကေကေ
(ခင်စရာကောင်းသော ညီမလေးတစ်ယောက်ဆီမှ အမှတ်တရ)
Subscribe to:
Post Comments (Atom)
Hi, i follow your blog. I am an educator and I am constantly gathering information, I invite you to visit the mine on philosophy, literature and film. If you want to know, the address is:
ReplyDeletehttp://alvarogomezcastro.over-blog.es
Greetings from Santa Marta, Colombia.