Friday, February 4, 2011

ရင်ဆိုင်မယ့်လက်တစ်စုံ






အော်

ငါဆိုတဲ့ငါ

ဘုမသိဘမသိနဲ့ နေခဲ့တာ

ချစ်သူများနေ့တောင်

ဘာမှန်းမသိခဲ့ရပါလား

ဖြတ်သွားဖြတ်လာ စုံတွဲတွေကို ငေးရင်း

ငါ့စိတ်ကူးတွေ အစွန်းရောက်နေပြီလေ

တကယ်တော့ စိတ်ကူးနဲ့ လက်တွေ့

တစ်ထပ်တည်းကျမယ့် အချိန်ကို စောင့်မျှော်ရင်း

နေခဲ့တာ ဘာလိုလိုနဲ့

ရောက်လာပြန်ပြီပေါ့

ချစ်သူများနေ့ရယ်

တစ်ကြိမ်တစ်ခါတော့

ငါ့နံဘေးနား အရောက်ပို့ပေးပါလား

သူသာရှိနေမယ်ဆိုရင် ငါ့အတွက်

အရာအားလုံး လက်လွတ်ရမယ်ဆိုရင်တောင်

ချစ်သူလက်ကိုဆွဲ ရဲရဲရင်ဆိုင်လိုက်ပါ့မယ်။

                                                    ကေကေ

(ခင်စရာကောင်းသော ညီမလေးတစ်ယောက်ဆီမှ အမှတ်တရ)


1 comment:

  1. Hi, i follow your blog. I am an educator and I am constantly gathering information, I invite you to visit the mine on philosophy, literature and film. If you want to know, the address is:

    http://alvarogomezcastro.over-blog.es

    Greetings from Santa Marta, Colombia.

    ReplyDelete