ကျွန်တော်တို့ Service Room လေးမှာ အလုပ်လုပ်တဲ့သူက ငါးယောက်ရှိတယ်။ စက်တွေစမ်းနေလို့ သီချင်းသံတွေ ဆူညံနေတတ်သလို၊ တစ်ခါတစ်လေတော့လည်း အလွန်အမင်း တိတ်ဆိတ်နေတတ်သည်။ ထိုသို့သောအခါမျိုးတွင် အလွန်ပင် ပျင်းစရာကောင်းလှသည်။ ထိုအခါမျိုးတွင် မနားတမ်း စကားပြောနိုင်သူက တရုတ်လူမျိုး Uncle Wong ပင် ဖြစ်သည်။
တစ်နေ့ အလွန်ပင် တိတ်ဆိတ်နေသောကြောင့် ကျွန်တော်က စကားစပေးလိုက်သည်။ သူကလည်း ဘိုလိုမှုတ်၊ ကျွန်တော်ကလည်း ဘိုစကားမတောက်တခေါက် ပြောပေါ့။ (ဟီးးးးးး ကန်တော့၊ ကန်တော့)
"အန်ကယ်... ပျင်းစရာကောင်းနေပြီ၊ တစ်ခုခုလေး ပြောစမ်းပါဦး။"
သူက...
"ဘာပြောရမှာလဲ"
"အန်ကယ် ငယ်ငယ်ကအကြောင်းပေါ့။ ဥပမာ... အန်ကယ်ငယ်ငယ်က အသည်းကွဲဖူးလား"
"ကွဲဖူးတာပေါ့ကွ"
"အဲဒီတော့ ဘာလုပ်လဲ၊ အရက်တွေဘာတွေ မသောက်ဘူးလား"
"သောက်တာပေါ့၊ အသည်းကွဲတဲ့သူတွေအတွက်က ဒါပဲလေ"
"အဲဒီတော့ ကောင်မလေးက သနားပြီး ပြန်မချစ်ဘူးလား"
"ဘယ်ကလာ ပြန်ချစ်ရမှာလဲ။ အရက်သမားဆိုပြီး လှည့်တောင်မကြည့်တော့ဘူး"
"ဟားဟား... အဲဒါနဲ့ အန်ကယ်က အန်တီကို ဘယ်လိုရခဲ့တာလဲ လုပ်စမ်းပါဦး"
"အဲဒါနဲ့ ငါလည်း အရက်မသောက်တော့ဘဲ ကောင်းကောင်းနေပြပြီး သူ့အနား ပြန်ကပ်ရတာပေါ့။ နောက် ဘယ်တော့မှ အရက်မသောက်တော့ပါဘူးဆိုပြီး ပြောပြီး ရအောင်ယူခဲ့တာ"
Uncle Wong အကြောင်းကို ကျွန်တော်သိသည်။ သူသည် အရက်အလွန်ကြိုက်တတ်သူ၊ အမြဲ ဘယ်အရက်က ဘယ်လိုကောင်းကြောင်း ပြောနေတတ်သူ ဖြစ်သဖြင့် မနေနိုင်သော ကျွန်တော်က...
"ဒါဆို အန်ကယ် ဘယ်အချိန်လောက်မှာ အရက်ပြန်သောက်တာလဲ"
သူက...
"သူနဲ့ ညားပြီး ၂ နှစ်၊ ၃ နှစ်လောက်ရောက်တော့မှ ပြန်သောက်တာလေ။ သူလည်း ညားပြီးပြီဆိုတော့ ဘာမှပြောလို့မရတော့ဘူးပေါ့"
တဲ့... စပ်ဖြီးဖြီးနဲ့ ပြောပြတယ်။
မှတ်သားလောက်ပါပေ့ အန်ကယ်ရယ်။
ဒီလိုနဲ့ အလုပ်လုပ်နေရင်း သူက...
"ထွန်းထွန်းရေ... ငါ မင်းကိုတစ်ခု ပြောပြဦးမယ်"
ဟုဆိုကာ ဘယ်ကဖတ်ထားသော စာများမှန်းမသိ၊ ဘယ်ခေတ် ဘယ်ကာလက ဟာတွေမှန်းမသိသော ရယ်စရာတစ်ခုကို ပြောပြပါသည်။
"ဒီလိုကွ... ဟိုးအရင်ကာလမှာ women ဆိုတဲ့ စာလုံးဆိုတာ မရှိသေးဘူး။ အကုန်လုံးက men တွေချည်းပဲ။ တန်းတူ အလုပ်လုပ်ခိုင်းတယ်။ ဒါပေမယ့် သူတို့က ပျော့တယ်။ အပြင်ပုံပန်း အနေအထားကလည်း မတူဘူး။ အဲဒီတော့ ခွဲခြားထားမှ ဖြစ်တော့မယ်ဆိုပြီး စဉ်းစားကြတယ်"
ကျွန်တော်ကတော့ "အင်း" ပဲလိုက်၍ နားထောင်နေသည်။
"အဲဒါနဲ့ တစ်ယောက်က အကြံပေးတယ်။ သူတို့မှာ ဒဗလျူ (W) လို ပုံစံလည်းရှိတယ်၊ အို (O) လိုပုံလည်းရှိတယ်။ အဲဒီတော့ men လို့မခေါ်ဘဲ menwo ဆိုပြီး ခေါ်ကြရင် မကောင်းဘူးလား"
ဆိုပြီး တိုင်ပင်ရင်း အတည်ပြုလိုက်ကြတယ်တဲ့။
ဒါပေမယ့် menwo က ခေါ်ရတာ မကောင်းဘူးဆိုပြီး တစ်ခါ women ဆိုပြီး ပြောင်းပြီးခေါ်လိုက်ကြတော့တာ။ ခုအချိန်ထိ woman, women ဆိုပြီး ဖြစ်လာတာတဲ့...
အင်း........... ပေါက်ကရ..... ပေါက်ကရ.......
မယဉ်ကျေးသော စကားလုံးများ ပါနေပါသဖြင့် သည်းခံကြပါခင်ဗျား။
ရယ်စရာသက်သက် ဖြစ်ပါသည်။
အားလုံး ပျော်ရွှင်ကြပါစေ...
No comments:
Post a Comment