Sunday, January 30, 2011

ဝေးရာဆီသို့

ဟိရှ်....အုရှ်...အိရှ်......
အသံတွေက..လသာသာကွင်းပြင်ကြီးနှစ်ခုကနေထွက်လာတဲ့အသံတွေပါ။
ကရာတေးဆရာကိုမြင့်သန်းနှင့်ကွန်ဖူးဆရာကိုမှတ်ကြီးတို့ရဲ့သင်တန်းတွေဆီ
ကပါ။ဘောင်းဘီအဖြူရောင်ပွပွကြီးတွေနှင့်တစ်ညီတစ်ညာလှူပ်ရှားနေသော
လူငယ်အယောက်သုံးလေးဆယ်ဆီကထွက်လာတဲ့အသံတွေဖြစ်ပါတယ်။

ရွာမှာကလည်းအဲဒီအချိန်က တရုတ်သိုင်းကား တွေပြပြီးခေတ်စားနေတဲ့
အချိန်ဆိုတော့ရွာကလူငယ်တွေပိုးထနေတဲ့အချိန်ပေါ့လေ။ကျွန်တော်တို့ခမျာ
လည်းနှပ်ချေးတွဲလောင်း၊ဘောင်းဘီတိုလေးတွေဖြင့်ကန်သင်းလေးတွေပေါ်မှာ
ထိုင်ပြီး ကိုယ့်ထက်ကြီးတဲ့အကိုတွေကိုအားကျနေတာပေါ့ခင်ဗျာ။ ဘရုစ်လီ
လိုဖြစ်ချင်တဲ့စိတ်တွေတဖွားဖွားနဲ့ပေါ့လေ။

နဲနဲလေးအရွယ်လေးရောက်လာတော့ကရာတေးဆရာကိုမြင့်သန်းဆီမှာ
ကရာတေးသင်ဖို့အပူကပ်တာပေါ့လေ။ဆရာကိုမြင့်သန်းကလဲ ဟာ
မင်းအရွယ်ကသင်လို့မကောင်းသေးဘူး၊ကြံ့ခိုင်မှုမရှိသေးဘူးဆိုပြီး.
သင်မပေးဘူးဗျ။အဲဒါနဲ့အိမ်က ရောင်းဖို့ထားတဲ့ဖျင်စအဖြူတွေယူ
စက်ချုပ်တဲ့အစ်မကြီးဆီသွားအပ်တာပေါ့။အစ်မကြီးကပုံစံမသိလို့

."ဟို..ရှမ်းဘောင်းဘီလိုပွပွကြီးလေ အစ်မရယ်သိုင်းသင်တဲ့ဟာမျိုး"

ဆိုတော့မှ ပုံမကျပန်းမကျနှစ်ကိုယ်စာလောက်ရှိတဲ့ဘောင်းဘီတစ်
ထည်ရပါတော့တယ်။ဘောင်းဘီကို ၀တ်ခါးစီးကြိုးစီးပီးကို့ဘာသာကို
သဘောကျနေတာပေါ့လေ။ ဘာမှတောင်မသင်ရသေးဘူး
မှန်ရှေ့မှာကိုယ့်ပုံကိုယ်ကြည့်ပြီး အတော် မြောက်နေပြီ။

အဲဒါနဲ့ဆရာကိုမြင့်သန်းဆီ ကန်တော့စရာပစ္စည်းတွေဘာတွေနဲ့ပေါ့လေ၊
သွားပြီးအပူကပ်တော့ဟိုက နားညီးလွန်းလို့ ၊အေးကွာညကျရင်လာခဲ့
လို့ဆိုတော့ဝမ်းသာအားရနဲ့အကိုဝမ်းကွဲ ကုလားဆိုတဲ့ကောင်ကိုခေါ်ပြီး 
သွားကြတာပေါ့၊ဟိုရောက်တော့လမိုက်ညမို့ရေနံဆီမီးခွက်အကြီးကြီး
ဟိုဖက်တစ်လုံးဒီဖက်တစ်လုံးပေါ့လေ။

ဟိုကြတော့ ဆရာကိုမြင့်သန်းက အခြေခံထိုင်နည်းကစပြီး၊လက်သီးထိုး
တတ်အောင်ပြတယ် ဗျ၊ပြီးတော့မှအခြေခံလေ့ကျင့်ရေးဖောင် ဆိုပြီး
လက်သီးထိုးကွက်ကလေးကိုပြပေါ့၊ပြီးရင်လိုက်လုပ် ပေါ့၊မလုပ်တတ်၊
လုပ်တတ်အမှားမှားအယွင်းနဲ့ ချွေးတစ်လုံးလုံးနဲ့ညစ်ပတ်ပေရည်
နေတာပေါ့လေ။ဆရာကလဲဟိန်းလိုက် ဟောက်လိုက် ကန်လိုက်
ကျောက်လိုက်နဲ့ပေါ့။

"လက်သီးကိုဒီလိုဖြောင့်ဖြောင့်ကြီးမထိုးရဘူး၊တံတောင်ကိုနဲနဲကောက်
ထားရတယ်၊ဒါမှရန်သူနဲ့တွေ့ရင်လက်ကိုရိုက်ချိုးမခံရမှာ၊ခြေခွဲတာ၄၅ဒီဂရီ
မကျဘူး၊နောက်ခြေထောက်ကဒီလိုတက်ရင်ခံနိုင်ရတယ်"

ဆိုပြီးသူ့ကိုယ်လုံးကြီးနဲ့တံတောက်ခွက်ပေါ်ဆောင့်နင်းပေါ့လေ။တုတ်လေး
တစ်ချောင်းနဲ့ ဟိုနေရာကမှားတယ်၊ဒီနေရာကမှားတယ်ဆိုပြီးရိုက်လိုက်
သေးတယ်။တကယ့်ရန်သူအဓိပတိကြီးနဲ့ရင်ဆိုင်တိုက်ခိုက် ရတော့မလို
ဂရုတစိုက် နဲ့ ပါဝါပြ(အဲလေ) သေချာပြပေးနေတာပေါ့။ဒီလိုနဲ့ခက်ခက်ခဲခဲ
အခြေခံအကွက်လေး နဲနဲပါးပါးလောက်လဲတတ်ရော ကိုယ့်ကို ကိုတော်
တော်ဟုတ်လှပြီအောင့်မေ့နေတာ။ခြံထဲမှာလဲနေရာတွေဘာတွေသေချာရှင်း
 ဂုံနီအိတ်အနုကိုသေချာချုပ်သဲကမရှိတော့ ကျောက်စရစ်တွေထည့်ပြီးသဲအိတ်
လုပ်၊ ဘားဆွဲဖို့နေရာတွေလုပ်ပေါ့လေ၊တစ်ယောက်ထဲအလုပ်ရှုပ်နေတာ၊
ခြံထဲက ငှက်ပျောပင်တို့အုန်းပင်တို့ကလဲလေ့ကျင့် ရေးပစ္စည်းတွေဖြစ်နေ
တာပေါ့။အုန်းပင်ဆိုတာလည်းရန်သူကြီးတစ်ယောက်လိုအမြဲအကန်ခံနေ
ရတယ်၊ငှက်ပျောပင်တွေဆိုတာကလဲလက်ချောင်းတွေနဲ့ထိုးဖေါက်လို့
အပေါက်တွေချည်းပဲ၊အဖေ ကတော့ကိုယ့်ကိုသိပ်ကြည့်မရတော့ဘူး။

တစ်နေ့သူငယ်ချင်းတွေညီအကိုဝမ်းကွဲတွေရောက်လာကြတော့၊တစ်ချို့ကလဲ
ကွန်ဖူးဆရာကိုမှတ်ကြီးတပည့်တွေပေါ့လေ။သူတို့လဲသူတို့တတ်ထားတာလေး
တွေပြကြတာပေါ့၊ဒီလိုနဲ့ကိုယ့်အလှည့်ရောက်လာတော့ကိုတတ်ထားတာလေးတွေ
ွပြပြီးအရင်ကတည်းကမှသူများထက်အရစ်ရှည်တတ်တဲ့ကျွန်တော်က အုန်းပင်ပေါ်
ခြေ၃လှမ်းလောက်ပြေးတက်ပြီးအုန်းပင်ကြီးကို ယခင်လေ့ကျင့်တုန်း ထက်အား
နှစ်ဆလောက်ထည့်ပြီး ဖြောင်း ဆိုကန်ပြလိုက်တယ်။

အောင်မယ်ငီး......အကြောပေါ်သွားကျပြီဟ(စိတ်ထဲက ပြောတာ)။ဒီလိုနဲ့မြေ
ပေါ်ပြန်ကျတော့ ဘယ်လိုလဲပေါ့ ဟိုကောင်တွေကိုလှမ်းကြည့်လိုက်တော့ ပါးစပ်
အဟောင်းသားနဲ့အထင်ကြီးတဲ့မျက်လုံးတွေနဲ့ပေါ့လေ။ကိုယ့်မှာလဲဟန်ကိုယ့်ဖို့
နေနေရတာအတော်နာနေပြီ။ဒီလိုနဲ့ဟိုကောင်တွေပြန်သွားတော့မှအိမ်ပေါ်ပြေး
တက်ပရုပ်ဆီနဲ့အဖေမမြင်အောင် အသာနှိတ်ပေး နေရတာပေါ့။

တစ်နေ့သူငယ်ချင်းတွေဆီကပြန်လာတော့ခြံထဲကအဖြတ် ဒီငှက်ပျောပင်က
ကိုင်းကိုင်း ကိုင်းကိုင်းနဲ့အတော်ကန်ချင်စရာကောင်းနေတာကိုး၊အစထဲက
လက်မနေနိုင်ခြေမနေနိုင်နဲ့ကျွန်တော်က ကျား...ဆိုတစ်ချက်ပတ်ကန်
လိုက်တာ ငှက်ပျောပင်ကြီး ခါးကျိုးသွားတော့တယ်။

သေချာကြည့်တော့ "ဒုက္ခော"အသီးတွေနဲ့ဟ၊အသီးတွေမှရင့်ခါနီးနေပြီ မဖြစ်ဘူး
အသာလေးပုံ မပျက်အောင်တုတ်နဲ့ သေချာထောက် ပြီးထားထားတာပေါ့။
မေ့မေ့ပျောက်ပျောက်ရှိတော့မှ ခြံထဲကအဖေ့အသံကြားလိုက်ရတယ် "ငါဘိုးဘိုးကြီးပွဲ
ပြင်ဖို့စောင့်နေတဲ့ငှက်ပျောပင်ကြီးသေသွားပြီ၊ဒါဘယ်သူ့လက်ချက်လဲဟေ့...ဒါ
ဟိုကောင်ပဲဖြစ်ရမယ်"ဆိုတဲ့အသံလည်းကြားရောဘာရမလဲ နောက်ကျခြေထောက်
သစ္စာဖေါက်ပဲ ဟိုကောင် တွေ အိမ်ကိုပြေးပြီအဖေရေ့...တာ့တာ..

ဒါတောင်နောက်ကလှမ်းခေါ်နေသံကြားနေရတယ်..ဘာရမလဲဟိုဖက်ခြံထဲကလူကိုပဲ
လှမ်း နှုတ်ဆက်နေသလိုလို၊ဒီဖက်ခြံ ကပဲကိုယ့်ကိုစကားပြောနေသလိုလိုနဲ့ အဖေ့အသံ
မကြားရတဲ့နေရာ......

ဝေးရာဆီသို့.............


လူတိုင်းလူတိုင်း ငယ်စဉ်အခါက အရူးထခဲ့ ဆိုးခဲ့ကြမှာပါပဲနှော်။ကျွန်တော်ကလည်း
အရူးထခဲ့တဲ့အကြောင်းတွေရေးတယ်ပေါ့...

                အားလုံးပဲပျှော်ရွှင်နိုင်ကြပါစေဗျာ.....
         

No comments:

Post a Comment