အရင် ကျွန်တော်တို့ အလုပ်လုပ်တဲ့အနားမှာ ထားဝယ်ကောင်လေးတွေ ကောင်မလေးတွေ အတော်များသား။
ကောင်လေးတွေတင်မဟုတ်ဘူး၊ ယောကျာ်းရှာလေးတွေရော၊ အခြောက်တွေရောပါပဲ။ ဟိုး အရင့်အရင်တွေ
တုန်းက အနီးအနားမှာ မြန်မာတွေ တော်တော်များများ မတွေ့ဖူးပါဘူး။ မြန်မာဆိုင်တွေရောက်တော့မှ များများ
တွေ့ဖူးတာပါ။ Klang ဘက်ကိုရောက်တော့မှ အနီးအနားမှာ ဒီလောက်များမှန်း သိရတာ။
တစ်နေ့ အလုပ်ထဲမှာ ကရင်လေးက "ကိုထွန်းရေ... ဟိုတစ်နေ့က ကျွန်တော် အခြောက်တွေဖွင့်တဲ့
အရက်ဆိုင်ကို ရောက်သွားတာ၊ ကိုယ့်ဘာသာကိုယ် ဘယ်ရောက်သွားမှန်းမသိအောင် မျက်စိလည်သွား
တယ်။ ဘာလို့လဲဆိုတော့ ကောင်လေးတွေက အခြောက်တွေဖြစ်ပြီး မိန်းမလို စားပွဲထိုးနေကြတယ်လေ။
ကောင်မလေးတွေကျတော့ ယောကျာ်းလေးလိုဝတ်ပြီး အရက်ထိုင်သောက်နေကြတာ၊ အခြောက်လေးတွေ
က အရက်ငှဲ့ပေးပေါ့လေ။ အရက်ကလည်း မူးနေတော့ ကိုယ့်ဘာသာကိုယ် ဘယ်လိုနေရာမျိုး ရောက်လာပါလိမ့်
ဆိုပြီး တွေးနေမိတာ" ဆိုပြီး ရယ်ပြီးပြောတယ်လေ။
ကိုယ့်မျက်စိရှေ့မှာပဲ သူတို့ ယောက်ယက်ခတ်နေတာကို အမြဲတွေ့နေရတယ်လေ။ တစ်ချို့ကျတော့လည်း
လုံးရာက ပြား၊ တစ်ချို့ကျတော့လည်း ပြားရာက လုံးပေါ့လေ။ တစ်နေ့ ကျွန်တော့်အခန်းထဲမှာ L-မှုန်ကြီးက
စကားလာပြောနေတာပေါ့။ ကျွန်တော်ကတော့ အွန်လိုင်းပေါ်က ထွေထွေရာရာလေးတွေ ကြည့်ရင်း
အာပြဲမ ဆိုတဲ့ အခြောက်ရောက်လာတယ်လေ။ မှုန်ကြီးကလည်း စချင်တာနဲ့ အနားပြေးကပ်တော့ သူက
"ဟဲ့... ဘာကြီးလဲ" ဆိုပြီး ကြောက်ချင်ယောင်ဆောင်နေသေးတယ်။ မှုန်ကြီးက သူ့အကြံနဲ့သူ... သူကြိုက်တဲ့
ထားဝယ်မလေးကို အာပြဲမ အကူအညီနဲ့ ကြောင်ဖို့ ကြိုးစားနေဆဲကာလပေါ့။
အဲဒီအချိန်မှာ ကျွန်တော်ကလည်း သူတို့တွေ ဘာလို့ အခြောက်ဖြစ်ချင်တာလဲဆိုပြီး မေးကြည့်တာပေါ့။ သူက
ဘာပြောလဲဆိုတော့ ကောင်မလေးတွေ ချောတာလှတာတွေကိုပဲ သူကအားကျတာတဲ့။ ယောကျာ်းလေး
တွေလို ကြမ်းကြမ်းတမ်းတမ်းတွေ မကြိုက်ဘူးတဲ့။ သူ့ရည်မှန်းချက်က မိန်းကလေးတွေလို ခွဲစိတ်ဖို့ အလုပ်
လုပ်ပြီး ငွေစုနေတာတဲ့။ ဒီအချိန်မှာ မှုန်ကြီးက "နင် ခွဲစိတ်ပြီးသွားရင် ငါ့ကိုယူပါ" လို့ နောက်တော့ အာပြဲမက
"မယူနိုင်ပါဘူး" တဲ့။ သူက အပျိုကြီးလုပ်မှာလို့ ပြောတော့ ကျွန်တော့်မှာ ရယ်ချင်တဲ့စိတ်ကို မအောင့်နိုင်ပဲ လှမ်း
မေးလိုက်တယ်။
"နေပါဦးဟ... နင်က ခွဲစိတ်ဖို့ ငွေတွေ ကြိုးစားရှာ၊ ခွဲစိတ်ပြီးတော့လည်း အပျိုကြီးလုပ်မှာဆိုတော့ နင့်ရည်မှန်း
ချက်ကြီးက ဘာအသုံးကျတော့မှာလဲဟ" ဆိုတော့ အာပြဲမခမျာ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။
မှုန်ကြီးကတော့ တဟားဟားနဲ့ပေါ့.......
အားလုံးပျော်ရွှင်ကြပါစေဗျာ..................
No comments:
Post a Comment