Sunday, May 22, 2011

မှုန်မှုန့် ဖြစ်ပုံ

L-မှုန်ကြီးတစ်ယောက် တကုတ်ကုတ်နဲ့ အလုပ်တွေရှုပ်နေတယ်။ သူဘာလုပ်နေလဲဆိုတော့ ဟန်းဖုန်းတစ်လုံးနဲ့ သူကြိုက်နေတဲ့ ကောင်မလေးဆီ SMS ပို့ပေးဖို့ပါ။ ဒီအကြံကို ပေးတာကလည်း မြိုင်ရာဇာကြွက်ဖြူက ပေးတာပါ။ ဒါကလည်း သူနေ့စဉ်လုပ်နေကျ အလုပ်ပါ။

ကိုရီးယားခွေကလည်း ကောင်းနေတော့ သူသတိရတဲ့အချိန်မှာ SMS ပို့ဖို့ ညဉ့်နက်သွားတာပေါ့။ ဒါနဲ့ သူကတွေးတယ်...

"ညဉ့်နက်နေရင် သူ့ SMS ကို ကောင်မလေး ဖတ်နိုင်မှာမဟုတ်ဘူး"

ပေါ့လေ။

ဒါနဲ့ပဲ မနက်မှပို့ဖို့ ဆုံးဖြတ်လိုက်ပြီး စိတ်ချလက်ချ အိပ်လိုက်တယ်။

ဒါနဲ့ပဲ မနက်ကျတော့ အလုပ်သွားချိန်ကလည်း နီးသွား၊ ပြင်ရဆင်ရတာတွေကလည်း ရှိနေတော့ ညတုန်းက အသင့်ရေးထားတဲ့ SMS ကိုပဲ ကမန်းကတန်း ပို့လိုက်တယ်။

သူ အလုပ်ထဲရောက်လို့ သတိရတဲ့အချိန်မှာ ပြန်ကြည့်လိုက်တော့...

**Good Night........**

တဲ့။

အားလုံး ပျော်ရွှင်နိုင်ကြပါစေဗျာ......


No comments:

Post a Comment