Wednesday, May 22, 2013

တစ်ခါကတစ်နေရာ

ကျွန်တော်တို့ အလုပ်လုပ်ခဲ့တဲ့ အီလက်ထရောနစ်ကုမ္ပဏီတစ်ခုမှာပေါ့။ အလုပ်သမားတွေကတော့ စုံတယ်။

မြန်မာတွေရော၊ တရုတ်တွေရော၊ မလေးတွေရော၊ ဘင်္ဂလီတွေရော၊ နီပေါတွေရောပဲပေါ့။ ဒီထဲမှာ များသော

အားဖြင့် နီပေါတွေနဲ့ မြန်မာတွေက ပိုရင်းနှီးကြတယ်။ နီပေါတွေက သည်းခံတတ်တော့ ပိုပြီးခင်မင်စရာ

ကောင်းကြတယ်။ ကျွန်တော်ရှိနေခိုက်တော့ မှတ်မှတ်ရရ နီပေါနှစ်ယောက်ကတော့ ကာရ်မာ နှင့် ခရစ်ရှနာ

တို့ပါ။ သူတို့နဲ့ မြန်မာတွေကတော့ အမြဲတမ်း နောက်စနေကြတာပါပဲ။

တစ်နေ့ ကာရ်မာက အလုပ်ကအပြန်ဆိုတော့ မောမောနဲ့ ရေချိုးပတ်တဲ့ တဘက်တိုတိုလေးနဲ့ ပတ်နေတာကို

အသေးလေးနဲ့ L မှုန်ကြီးတို့က ကြည့်နေကြတယ်။ တံခါးအပေါက်ဝနားလည်း ရောက်ရော တစ်ယောက်က

တွန်းထုတ်ပြီး တစ်ယောက်က တဘက်ပိုင်းလေးကို ဆွဲယူ၊ တံခါးကို ဝိုင်းပိတ်ထားတော့ ဟိုနီပေါခမျာ အဝတ်

မပါဘဲ အပြင်ရောက်သွားတာပေါ့။ အော်လည်းအော်၊ ကြောက်အားလန့်အားနဲ့ တံခါးကိုလည်းထု၊ တော်တော်လေး

ကြာတော့မှ သူများလှမ်းထားတဲ့ မျက်နှာသုတ်ပုဝါကြီးပတ်ပြီး အပြင်က ဆဲပါတော့တယ်။ အိမ်ရှေ့က ကုလားမ

ကြီးကတော့ တံခါးပိတ်နေလေရဲ့...

တစ်နေ့ သူတို့တိုင်ပင်မထားကြပဲ ကိုအောင်မျိုးမြင့်ရယ်၊ ကာရ်မာရယ်၊ ခရစ်ရှနာရယ် အလုပ်မသွားကြပဲ

အခန်းထဲမှာ အပီယူနေကြတယ်။ ကိုအောင်မျိုးမြင့်က သောက်ထားလို့ ခေါင်းကိုက်ပြီး မဆင်းနိုင်တာ။

ကာရ်မာကတော့ ခါးနာလို့။ ခရစ်ရှနာကတော့ တော်တော်ကို ဖျားနေတာပါ။ ကျွန်တော်ကလည်း သူတို့ကို

အလုပ်ခွင်က မတူတော့ သိပ်သတိမထားမိပါဘူး။ နောက်တော့ အလုပ်ခန်းထဲ ဘိုးတော်ရောက်လာပါရော။

ကျွန်တော့်အနား ရောက်လာပြီး ဟိုကောင်တွေ ဘာလို့ အလုပ်မလာကြတာလဲလို့ မေးပါတယ်။

ကျွန်တော်ကလည်း အမှန်အတိုင်း ပြောပြလိုက်ပါတယ်။ တစ်ယောက်က အရက်သောက်ထားလို့ပါ၊

တစ်ယောက်ကတော့ နေမကောင်းလို့၊ တစ်ယောက်ကတော့ ဖျားနေလို့ပါဆိုပြီး နာမည်တွေတော့ မပြော

ပဲထားလိုက်ပါတယ်။ တော်တော်လေးကြာတော့ ဟိုဟိုဒီဒီပြောပြီး ဘိုးတော်ထွက်သွားပါတယ်။ သိပ်မကြာ

ခင် သူတို့အခန်းကို ရောက်သွားပါတယ်။ ဘိုးတော်ရောက်လာတော့ သောက်ထားတဲ့ ကိုအောင်မျိုးမြင့်ဆိုသူ

က မြန်မာပြည်က ပါသွားတဲ့ ပါရာစီတမောတို့ ဘာတို့ဆေးတွေကို လက်ထဲကိုင်ပြီး အနားကိုသွားရင်လည်း

သူ့အနံ့တွေထွက်မှာစိုးတော့ ခပ်ဝေးဝေးက နေမကောင်းကြောင်း ပြောမလို့ စကားကစရုံပဲရှိသေး...

"ဘော့စ်.... ##%^^&*"

ဘိုးတော်က သူ့လက်ထဲက ဆေးကတ်တွေတွေ့တာနဲ့ ဘာမှတောင် မပြောရသေးပဲ "ယူ အိုကေ၊ ယူ အိုကေ"

ဆိုပြီး ပြန်အိပ်ခိုင်းပါတယ်။ ခါးနာတဲ့တစ်ယောက်ကျတော့လည်း သိပ်ပြဿနာတော့ မရှိဘူး။ ခရစ်ရှနာ

အလှည့်လည်း ရောက်ရော ပါးစပ်တွေဟခိုင်းပြီး နမ်းကြည့်၊ ပါးစပ်ကလည်း ဆူ၊ အရက်သောက်ပြီး အလုပ်မဆင်း

ဘူးဆိုပြီး တော်တော်မကျေမနပ် ဖြစ်နေတာပေါ့။ ခရစ်ရှနာကလည်း သူမဟုတ်ပါဘူး၊ အခြားတစ်ယောက်

ပါဆိုပြီးလည်း အားနာပြီး မပြောရက်တော့ ကြိတ်ခံရတာပေါ့။ ကျွန်တော်တို့လည်း ပြန်လာကြရော။

အောင်မျိုးမြင့် အက်ရှင်တွေလုပ်လို့ သူခံရတယ်ဆိုပြီး ခါးလေးကုန်းကုန်း... ကုန်းကုန်းနဲ့ အမူအရာနဲ့လုပ်ပြတော့

အကုန်လုံး ရယ်လိုက်ရတာ အူတောင်နာတယ်။ အဲဒီကိစ္စက ခရစ်ရှနာ တစ်လလောက် အဆူခံလိုက်ရ

တယ်လေ...

တစ်နေ့ ကိုအောင်မျိုးမြင့်က ချက်ပြုတ်နေတဲ့အချိန်ဆိုတော့ သူက စချင်တော့ L မှုန်ကြီးကို ကိုအောင်မျိုးမြင့်

စိတ်ဆိုးသွားအောင် မြန်မာစကားနဲ့ "ငါ့သား ဘာတွေချက်နေတာလဲ" လို့ မေးချင်တယ်တဲ့။ အဲဒါနဲ့ L မှုန်ကြီးက

သင်ပေးတာပေါ့။ သူက မြန်မာတွေနဲ့နေတော့ စကားလုံးတော်တော်များများကို သိနေတော့ သူမသိတဲ့ စကား

လုံးနဲ့ "ဖေဖေလေး ဘာတွေချက်နေတာလဲ" လို့ သွားမေးလိုက်ဆိုတော့ သွားမေးတာပေါ့။ ကိုအောင်မျိုးမြင့်

ကလည်း ပြုံးပြုံးကြီးနဲ့ စကားပြန်ပြောနေတော့ သူပြန်ရောက်လာပြီး စဉ်းစားတယ်။ "ဖေဖေ" ရယ်၊ "ဖေကြီး" ရယ်၊

"အဖေ" ရယ်၊ "ဖေဖေလေး" ရယ်ဆိုတာ အတူတူပဲပေါ့ ဆိုပြီး... သူ့ကို မဟုတ်တာတွေ သင်ပေးတယ်ဆိုပြီး

L မှုန်ကြီးကို ထိုးပါလေရော။ မှုန်ကြီးကလည်း တဟားဟားနဲ့ "အဖေကို ပြန်လုပ်နေပြန်ပြီ... အဖေကို ပြန်လုပ်နေပြန်ပြီ..."

ဆိုပြီး ရယ်လည်းရယ်... ပြေးလည်းပြေးပေါ့......

                                အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ....


No comments:

Post a Comment