Sunday, January 30, 2011

My friend

ကျွန်တော်လည်း ပျင်းပျင်းရှိတာနဲ့ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းနဲ့

ရောက်တတ်ရာရာ ဖေါနေတယ်။ ဘာရယ်မဟုတ်ပါဘူး၊ ဘာအကြောင်းနဲ့မှ

လည်း မဆက်စပ်ဘူး ကိုယ်ထင်ရာ ကိုယ်ပြောနေတာပေါ့။ ကျွန်တော်တို့ မြန်မာ

လူမျိုးတွေက သာကီဝင်မျိုးက ဆင်းသက်လာတာဆိုတော့ အိန္ဒိယမျိုးနွယ်ဖွား

ကုလားမျိုး..လားပေါ့။

ကျွန်တော်လည်း စာတစ်အုပ်ဖတ်ဖူးတဲ့အထဲက ကျန်စစ်သားက အနော်ရထာ

မင်းကြီးနဲ့ ကုလားမင်းသမီးက မွေးတာဆိုတော့၊ ကုလားသွေးစပ်တယ်

ဖြစ်လိမ့်မယ်ပေါ့။ တဖြည်းဖြည်းနဲ့ ပေါက်ကရစကားက ပိုကျယ်ပြန့်လာတယ်။

ဒါဆို ဟိုမင်းသား ရာဇကုမာရ်ကရော (ရာဇတ်ကူမားရ်) များဖြစ်နေမ

လားပေါ့။ ကြာနီကန်ဆရာတော်ရဲ့ တရားတွေထဲက စန္ဒကုမ္မာတို့၊ သူရိယ

ကုမ္မာတို့လည်း မလေးရှားက ကုလားနာမည်တွေနဲ့ ဆက်စပ်ကြည့်တော့...

ချန်ဒရာကူးမားရ်နဲ့ စူရိယကူမားရ် မဖြစ်နိုင်ဘူးလားပေါ့။

သူက ဆရာကြီးလေသံနဲ့ "ဖြစ်နိုင်တယ် သူငယ်ချင်း၊ မြန်မာလူမျိုးဟာ

ကုလားမျိုးနွယ်က ဆင်းသက်ဖို့ ၉၀% လောက် ဖြစ်နိုင်တယ်။ ငါ့မှာ အထောက်

အထားရှိတယ်" တဲ့။

ကျွန်တော်ကလည်း တယ်ဟုတ်ပါလားပေါ့၊ သူ့ကို အထင်တွေ ဘာတွေကြီး

သွားတာပေါ့။ အဲဒါနဲ့ "လုပ်စမ်းပါဦးဟ.. ဘာအထောက်အထားများလဲ" ပေါ့။

သူက...

"ဒီလိုကွ ငါလေ... ဟို... နေရာကိုသွားတော့ တရုတ်မလေးတွေ ရော၊

ကုလားမလေးတွေရော တွေ့ဖူးတယ်... တရုတ်မတွေရဲ့ အသားက ပွစိစိဟ၊

ကုလားမလေးတွေရဲ့ အသားကတော့... မြန်မာတွေရဲ့ အသားလိုပဲ...

ဟီး..ဟီး" တဲ့။

သူ့ကို အထင်ကြီးထားတဲ့စိတ်တွေ အဝီစိကို နှစ်ပတ်ဂျွမ်းနဲ့ ကျသွားပါတော့တယ်..။

(ရယ်စရာသက်သက် ဖြစ်ပါသည်။ မည်သည့်အကြောင်းအရာနှင့်မှ မသက်ဆိုင်ပါ။

အမှားပါလျှင် သည်းခံပါခင်ဗျား)


No comments:

Post a Comment