Sunday, January 30, 2011

ဖိုးဆိုချင်

လွန်ခဲ့တဲ့၎နှစ်လောက်ကရယ်စရာလေးတစ်ခုပါ၊ ကျွန်တော်တို့
ကသူ့ကိုသေးသေးလေးမို့ချစ်စနိုးနဲ့အသေးလေးလို့ခေါ်ကြတယ်။
အညာသားလေးတစ်ယောက်ပေါ့၊သူနေတဲ့ရွာကတော့ဝက်ခြေထောက်
ဆိုလား(အဲလေ)၀က်လက်ဆိုလားပဲ၊ရွှေဘိုနားကပါ။
ခုတော့သူက.".မိန်းမရယူရေး"ဆိုတဲ့စီမံကိန်းကြီးနဲ့မြန်မာပြည်ပြန်သွားပြီလေ
၊ပြန်လာတော့မယ်လည်းပြောနေလေရဲ့။ကျွန်တော်ကတော့ဘယ်ဆီကမှ
မသင်ဖူးတဲ့တတ်သလောက်မှတ်သလောက်လက္ခဏာပညာနဲ့သေချာကြည့်ပြီး

"ဘာမှမပူနဲ့အသေးလေး၊မင်းလက္ခဏာကအသက်၄၀လောက်ထိအထိ
ရဖို့မမြင်ဘူး"

လို့တော့အားပေးလိုက်လေရဲ့။ကျွန်တော်တို့နေတဲ့နေရာနဲ့ကုလားအိမ်
နှစ်အိမ်ကမျက်နှာချင်းဆိုင်အနေအထားပေါ့။ကျွန်တော်တို့အုပ်စုကလည်း
အလုပ်ကပြန်လာရင်အားကစားလေးနဲနဲပါးပါးလုပ၊်ရေမိုးချိုးစားသောက်
ပြီးရင်မြန်မာပြည်တုန်းကလိုသီချင်းလေးဘာလေးဆိုကြတာပေါ့လေ။
သူများတွေဆိုစဉ်ကဘာမှပြသနာမပေါ်ပေမယ့်အသေးလေးဆိုပြီ
ဆိုရင်အရှေ့အိမ်ကကုလားမကြီးကလာပြီး complaint လုပ်ပါရော။
သူ့အိမ်က..ကလေးကလန့်ပြီးငိုလို့ပါဆိုပြီး။နောက်တစ်ခါဆိုတော့လည်း
ကုလားမကြီးရောက်လာပြန်ပါလေရော.သိပ်မအော်ပါနဲ့ပေါ့။ကုလားမကြီး
လန့်လဲလန့်ချင်စရာ၊မလေးမှာကခဏခဏဓါးပြတိုက်ခံနေကြရတာကိုး၊
နောက်ပြီးသူဆိုနေတာကအဆိုတော်.မျိုးကြီး.သီချင်း။ဒီလိုနဲ့၃ခါမြောက်
မှာအသေးလေးလည်းသီချင်းမဆိုတော့ဘူး။နောက်ပြီးသူကမကျေမနပ်နဲ့
ခုချိန်ထိပြောနေတာက.....

"အလကားပါဗျာ.အဲဒီကုလားမကြီး...သူ့ယောင်္ကျားအရက်မူးပြီး
အော် ရင်တော့ဘာမှ..မဖြစ်ဘူး၊ကျွန်တော်သီချင်းဆိုရင်တော့.
ရောက်လာပြီ...ကျွန်တော်လည်း ၀ါသနာကို အဲဒီမှာတင်တစ်ခါထဲ
စွန့်လိုက်တော့တယ်"......တဲ့

  အားလုံးပဲပျှော်ရွှင်ကြပါစေဗျာ...

No comments:

Post a Comment