Sunday, January 30, 2011

ငါတို့နယ်ကရယ်စရာဟေ့

ဟိုးဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ရွာလေးတစ်ရွာကပေါ့၊ သူ့နာမည်

က ဦးတင်မြင့်တဲ့။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ရုပ်တိတန်သည်ဖြစ်စေ၊ မတန်

သည်ဖြစ်စေ သူ့ရဲ့ကြွားလုံးတွေကတော့ တောသူတောင်သားတွေကြားမှာ

ဟာဒယရွှင်ဆေးလို ဖြစ်နေခဲ့တာတော့ အမှန်ပင်။

သူက လယ်သမားတစ်ဦးဖြစ်သလို အားလပ်နေရင်လည်း တံငါသည်အလုပ်

လည်း ဝင်လုပ်လိုက်တာပါပဲ။ တစ်နေ့ သူရဲ့ကြွားလုံးကြောင့် ကာလသားတွေ

ကြားမှာ အုန်းခနဲ ပွဲကျသွားခဲ့တယ်။ သူက ဘာပြောလဲဆိုတော့...

"မင်းတို့သိတဲ့အတိုင်း ငါ့ နေရှင်နယ် ရေဒီယိုလေး ဘယ်လောက်ကောင်းလဲ

ဆိုတာ၊ တစ်နေ့ကွန် (ပိုက်ကွန်) ပစ်ရင်း ညနေစောင်းကြီးပေါ့၊ ရေထဲကျသွား

ပါလေရော၊ ငါလဲရှာတာ မိုးသာချုပ်သွားတယ် အဲဒီနေ့က မတွေ့ခဲ့ပါဘူး။

နောက်တစ်နေ့ကျတော့ မနက်စာစားပြီး လှေနဲ့ထွက်ရှာတာပေါ့၊ အဲဒီနေရာမှာပဲ

ရှာတာ။ ကွန်ကိုလဲ ဆွဲအမ၊ ရေပေါ်လဲရောက်ရော၊ ဟေ့ကောင်တွေ ရေ..."


"သတင်းခေါင်းစဉ်".............တဲ့

အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ.......


No comments:

Post a Comment