တစ်ခါက အဖိုး၊ အဖွား လင်မယားနှစ်ယောက်ရှိသတဲ့။ သူတို့နှစ်ဦးဟာ ဘာ
အလုပ်ပဲလုပ်လုပ် စိတ်တူကိုယ်တူရှိကြသတဲ့။ ကောင်းမှုကုသိုလ်တွေလုပ်တဲ့အခါ
မှာလည်း စိတ်တူကိုယ်တူပြုကြတာပေါ့။ တစ်နေ့ အလှူကြီးတစ်ခုကို နှစ်ဦးသားပြု
လုပ်ပြီးနောက် ဆုတောင်းကြတာပေါ့လေ။
အဖွားကြီးက ဘယ်လိုဆုတောင်းရမှန်းမသိတာနဲ့ အဖိုးကြီးဆုတောင်းတာကို
အသာနားစွင့်နေတာပေါ့လေ။ အဖိုးကြီးက "သည်သို့ ကောင်းမှုပြုရသော
အကျိုးအားကြောင့် လူဖြစ်သော်လည်း လူချမ်းသာ၊ နတ်ဖြစ်သော်လည်း
နတ်သမီးလေးတွေ တစ်ဖက်ငါးရာနှင့် စံစားပြီး အဆုံးစွန်ဘဝတွင် နိဗ္ဗာန်ချမ်းသာ
ကို ရရပါလို၏။" ဆိုပြီး ဆုတောင်းသံကိုကြားတော့ အဖွားကြီးက...
"ကြည့်စမ်း ဒီအဖိုးကြီး၊ သူ့မိန်းမ ငါတစ်ယောက်လုံးရှိရဲ့သားနဲ့ နတ်သမီးလေးတွေ
တစ်ဖက်ငါးရာနဲ့ စံစားချင်သေးတယ်။ ဘာရမလဲ၊ ငါလည်း နတ်သားလေးတွေ
တစ်ဖက်ငါးရာနဲ့ စံစားရအောင် သူ့လိုပဲ ဆုတောင်းလိုက်မယ်။" ဆိုပြီး
ဆုတောင်းတဲ့အမှုကို ပြုလိုက်သတဲ့။ ကောင်းမှုကုသိုလ်အကျိုးကြောင့် သူတို့
ဆုတောင်းတာ ပြည့်ဝသွားသတဲ့။
တစ်နေ့ နတ်ပြည်မှာ နတ်သဘင်အစည်းအဝေးလုပ်ပြီး အပြန်မှာ အဖိုးကြီးက
ဖြစ်တဲ့ နတ်သားနဲ့ အဖွားကြီးက ဖြစ်တဲ့ နတ်သမီး တွေ့ကြတဲ့အခါမှာ နတ်သမီးက
"ရှင် အဆင်ပြေရဲ့လား" ဆိုတော့ နတ်သမီးတွေအများကြီးနဲ့ နတ်သားက
"မင်းမြင်တဲ့အတိုင်းပဲလေ... ဟဲဟဲ..."။
ဒီအခါမှာ နတ်သမီးက "ရှင်ကတော့ အဆင်ကိုပြေလို့၊ ကျွန်မမှာတော့
အဆင်မပြေပါဘူးရှင်..." ဟု ပြောသောအခါ နတ်သားက ပြုံးစေ့စေ့ကြည့်နေ
သတဲ့။
ဒီအခါမှာ နတ်သမီးက...
"ရှင်က ဘာပြုံးနေတာလဲ... နတ်မှုရေးရာတွေ များနေတယ် ပြောမလို့...
ဟင်း..."
ဆိုပြီး ခြေကိုဆောင့်ကာ ထွက်သွားတော့တယ်။
အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေဗျာ.......
No comments:
Post a Comment