Sunday, January 30, 2011

အသွားအပြန်

ဟိုး.. အရင် ရန်ကုန်က ဆောင်းတွင်းမနက်လေးတွေကို သတိရ

မိပါရဲ့။ အဲဒီတုန်းက ကျွန်တော့်အလုပ်က မိုးမလင်းခင် စောစောထ၊ ဖိနပ်

လေးကောက်စီး၊ ကြိုးတွေသေချာချည်ပြီး (RC-2) ကုန်းပေါ်ကိုတက်ပြီး အပြေး

ကျင့်နေကျ။ အဲဒီမှာ တစ်ပတ်လောက်ပတ်ပြီး တံတားလေးအပေါ်မှာ လေကောင်း

လေသန့်လေးရှူ၊ ခဏအနားယူ၊ ပြီးရင် လာလမ်းအတိုင်းပြန်ဆင်း၊ ခဏနား၊ ရေမိုးချိုး၊

လက်ဖက်ရည်ဆိုင်သွား၊ မုန့်ဟင်းခါးလေးနဲ့ လက်ဖက်ရည်လေးမှာပြီးထိုင်၊ လုံးဝ

ဖီးလ်ပါပဲ။

တစ်နေ့ ကုန်းပေါ်ပြေးတက်လာတော့ လမ်းမှာ အသက်ကြီးကြီး အဖိုးကြီး

တစ်ယောက်ကိုတွေ့ရော။ သူကလည်း လုံးဝမိုက်တယ်ဗျ၊ သူ့ဘာသူ မှန်မှန်လေးပဲ

ပြေးနေတယ်။ အဲဒါနဲ့ ကျွန်တော်က သူ့ရှေ့ကိုကျော်ပြေးတော့ သူက သူ့စပိဒ်ကို

နဲနဲမြှင့်ပြီး လိုက်တယ်ဗျ။ ဒါနဲ့ ကျွန်တော်က မောချင်ယောင်ဆောင်ပြီး

ပြေးနှုန်းနဲနဲချလိုက်တယ်၊ သူက ကျော်တက်သွားတယ်ခင်ဗျ။ ပြီးရင် ကျွန်တော်က

သူ့ထက်နဲနဲလေးပဲ ကျော်ပြေးလိုက်တယ်၊ သူက ပြန်ကျော်တာပဲ။ ဒီလိုနဲ့ သူ့ကို

စလာလိုက်တာ တော်တော်လည်းကြာရော သူမောပြီး မလိုက်နိုင်တော့ဘူးလေ။

သူလည်း လျှာထွက်သွားရော၊ ကျွန်တော်လည်း သူ့ကိုမစတော့ပဲ စပိဒ်မြှင့်ပြီးပြေး

ပေါ့လေ။ ထုံးစံအတိုင်း တံတားလေးပေါ်ထိုင်ပြီး ရေပြင်လေးကိုကြည့်၊ လေကောင်း

လေသန့်လေးရှူပြီး ကုန်းပေါ်ကပြန်ဆင်းလာတာပေါ့။ အဲဒီအချိန်မှာ Taxi

တစ်စီးက ဖြတ်သွားတော့ ကိုယ့်စပိဒ် ကိုယ်စမ်းချင်တာနဲ့ အားကုန်လိုက်တယ်လေ။

တော်တော်လေးလည်းကြာရော Taxi လည်း ဘယ်ရောက်သွားတယ်မသိဘူး။

ကိုယ်လည်း လျှာထွက်ပြီး ပြန်လာတာပေါ့။ အဲဒီမှာတင် ဗိုက်ထဲကအကြောတွေ

ပြတ်သွားတာလား၊ ဘာဖြစ်သွားတာလဲတော့ မသိပါဘူး။ လူလည်း တော်တော်ထိ

သွားလို့ (၃) ရက်လောက် ခွေနေရပါတော့တယ်......

သူငယ်ချင်းတွေက စိုးရိမ်တကြီးနဲ့ ပြောရှာတယ်.....

"သေမှ.......တဲ့.."

...ချစ်တာ.. ချစ်တာ။


No comments:

Post a Comment