Sunday, January 30, 2011

မှန်တာပြောရင်သစ္စာ

မုန့်ဟင်းခါး.......
.အင်း အဲဒါကိုပဲ အရမ်းကြိုက်တဲ့ ကျွန်တော် ။ မလေး မှာကမုန့်ဟင်း
ခါးကောင်းကောင်းကလည်းမရှိ။ရှိတော့လည်းကိုယ့်အလုပ်နေရာနဲ့ကမနီး
တော့မသွားနိုင်၊အဲဒီတော့မရှိမယ့်ရှိမယ့်အနားကအသိဆိုင်ကမုန့်ဟင်းခါးပဲ
အားပေးနေရတာပေါ့။ကောင်းသလားဆိုတော့ကိုယ့်အသိမို့ဘယ်ပြောရက်
မှာလဲ..မကောင်းဘူး...လို့..........သစ္စာဖေါက်......ဟီးးးးးးးးးး..

တစ်ခါတစ်ခါမြန်မာပြည်ကမုန့်ဟင်းခါးနဲ့ညှပ်ခေါက်ဆွဲကိုပဲကြော်လေးနှစ်ခုနဲ့
အမြဲစားတာကိုသတိရပြီးသွားရည်ကျအိပ်မက်တောင်မက်မိပါရဲ့။
အဲဒီတုန်းကမုန့်ဟင်းခါးစားတာများတော့အနံ့ရတာနဲ့ဘယ်ဆိုင်ကမုန့်
ဟင်းခါးဆိုတာကို သိနေလောက်အောင်ကျွမ်းကျင်နေပြီ။ငတ်ကြီးကျ
ခဲ့တာကိုသတိရရင်းမုန့်ဟင်းခါးနဲ့ပတ်သက်ခဲ့တဲ့အကြောင်းအရာလေးကိုပါ
သွားပြီးသတိရမိတယ်။

မနက်၉နာရီဝန်းကျင်ငတ်ကြီးကျရအောင်ထွက်လာပြီးစားနေကျဆိုင်
တွေမစားပဲဟိုလိုက်ရှာဒီလိုက်ရှာနဲ့..တွေ့ပါပြီလမ်းထိပ်ကလေးတစ်ခုမှာ
ဆိုင်သစ်လေးတစ်ခု၊ဘယ်လောက်ကောင်းလဲသိရအောင်သွားစားကြည့်
မယ်ပေါ့။အဲဒါနဲ့ ညှပ်ခေါက်ဆွဲတစ်ပွဲ ပဲကြော် နှစ်ခုနဲ့ပေါ့ မှာလိုက်ပါလေ
ရော။အမျိုးသမီးကမုန့်ဖတ်တွေဘာတွေထည့်ပေါ့လေ၊ဒီအချိန်ထိကအေး
ဆေးပဲ။ဟင်းရည်ထည့်ရအောင် အိုးအဖုံးကိုဖွင့်လိုက်တာနဲ့ ဒီမုန့်ဟင်းခါး
မကောင်းဘူးဆိုတာမစားရသေးပဲသိလိုက်တယ်။သွားပါပြီ မစားချင်ပဲနဲ့
စားရတော့မယ် လို့တော့စိတ်ထဲကတွေးနေမိပြီးသား ဟင်းရည်နံ့က
ပုတ်အဲ့အဲ့ နဲ့။

သူကပြောတယ် ခုမှဆိုင်သစ်ကလေးပါတဲ့ အရသာရောဘယ်လို
နေလဲစားပြီးဝေဖန်ပေးပါတဲ့။ ရော....ခက်ကပြီ...ကျွန်တော်ကလည်း
တွေးတာပေါ့ ၊ကောင်းတယ်လို့ပြောလိုက်ရင်နောက်နေ့လည်းဒီအတိုင်းချက်
လာရင်မကြာခင်အရင်းပြုတ်သွားလိမ့်မယ်။ဒီနေ့တောင်သူများဆိုင်တွေကုန်
နေကြပြီသူ့ဆိုင်မှာကအများကြီးကျန်နေသေးသည်။မကောင်းဘူး ဆိုပြီးပြောရင်
လည်းကြိုက်မှာမဟုတ် ဒီတော့ဝေ့လည်ချောင်ပတ်လေးဖြေလိုက်မယ်ပေါ့။

ပြသနာကတော့ငံပြာရည်မကောင်းလို့ဖြစ်မည်ထင်သည်။အဲဒီတော့ ငံပြာရည်
ကြောင့်အနံ့တစ်မျိုးဖြစ်နေတယ်ထင်တယ်ငံပြာရည်ပြောင်းသုံးကြည့်ပါလား
ဆိုပြီးပြောလိုက်ရော ထိုအမျိုးသမီးမျက်နှာမှာ ရှစ်ခေါက်ချိုးတောင်မကတော့ဘူး
တစ်ဆယ့်ခြောက်ခေါက်ချိုးလောက်ပြောင်းသွားပြီး အမျိုးသမီးတွေဆိုတော့ဗျာ
ထုံးစံ အတိုင်းပေါ့။ဘာ၏ ညာ၏ ကွာစိပေါ့။

ကျွန်တော့်မှာလည်း အစထဲကမကောင်းလို့မြိုမကျရတဲ့ကြားထဲ သူ့ရဲ့အက်ဆစ်နဲ့
ရောထားတဲ့ စကားလုံးတွေကြောင့်ပိုက်ဆံရှင်းပြီးအသာလေးလစ်ခဲ့ရတာပေါ့။အင်း..
ကိုယ့် ဘာသာစားနေကျဆိုင်မှာစားရင် ဘာမှမဖြစ်ပဲ ကောင်းကောင်းလဲစားရမှာ
အတော်ရှည်ကြောထ တဲ့ ငါပါလားဆိုပြီး ကိုယ့်ဘာသာ ပြန်တွေးမိပါတယ်။
ခေတ် ကြီးကိုယ်က..မကောင်းတာကိုမကောင်းဘူးလို့..ပြောရင်မကြိုက်တဲ့
အချိန် အခါကိုး.......

               အားလုံးပဲပျှော်ရွှင်နိုင်ကြပါစေဗျာ.......

No comments:

Post a Comment