လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆို၊ အဲဒီဦးလေးနဲ့ လက်ဖက်ရည်ဆိုင်မှာ လေကန်နေကျ။ ခုတော့လည်း မတွေ့ဖြစ်တာ အတော်ကြာနေပြီလေ။ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကိုသန်းကြီးကလည်း ရေနွေးကြမ်း ခဏခဏတောင်းလို့ နှစ်အိုးတစ်ခါထဲ ချထားပေးရတယ်။ သူနဲ့ စကားပြောခဲ့စဉ်က အကြောင်းအရာလေးတစ်ခု… ခုထိ မှတ်မိနေသေးတယ်။
“သားရဲ့ မင်းသိလား။ ဘုရင့်ရှေ့မှာ လက်နက်ကိုင်ဆောင်ခွင့်ရှိတဲ့ လူမျိုးတစ်မျိုးရှိတယ်၊ ဘာလူမျိုးလဲ သိလား”
ကျွန်တော်က အသံတိတ် ခေါင်းခါပြလိုက်တယ်။
“အဲဒါ ဂေါ်ရခါးလူမျိုးကွ။ အသက်အသေခံပြီး သစ္စာရှိတယ်။ ငါတို့ ဗန္ဓုလက အဲဒီဂေါ်ရခါးလူမျိုး”
ကျွန်တော်က…
“ဟာ ဦးကလည်း မဟုတ်ကဟုတ်က ပြောတော့မယ်။ အထင်ကရ စစ်သူကြီးတစ်ယောက်က အဲလိုလူမျိုး ဖြစ်ပါ့မလား”
“ဟုတ်တယ်သားရဲ့။ မင်းမသိပဲနဲ့ ရမ်းငြင်းမနေနဲ့။ ဟိုးအရင် ဘုရင်တွေလက်ထက်မှာ နိုင်ငံခြားသား ကြေးစားစစ်သားတွေကို ခန့်ထားတတ်ကြတယ်။ နောက်ပြီး သူ့နာမည်ကလည်း ဗန္ဓုလမဟုတ်ဘူး…. အဗ္ဗဒူလာ”
“ဦးကလည်း လုပ်ချလိုက်ပြန်ပြီ။ သူက ဒီပဲယင်းရွာမှာ မွေးတာပါ။ ငယ်နာမည်က မောင်ရစ်တဲ့”
“ဦးရဲ့ သူငယ်ချင်းက သမိုင်းသုတေသနမှာရှိတယ်။ ဦးတို့ ဒီပဲယင်းရွာကို သွားရှာတာ သူနဲ့ပတ်သက်တဲ့ အထောက်အထား ဘာမှမတွေ့ခဲ့ရဘူး… နောက်ပြီး သူ့နာမည်က ဘာမှ မောင်ရစ်မဟုတ်ဘူး”…
“မောရစ်(စ်) အဗ္ဗဒူလာ”………….ပါတဲ့။
No comments:
Post a Comment