Sunday, January 30, 2011

ဒီလိုလဲလုပ်ဖူးတယ်


ကျွန်တော်ဟာအရင်ကဆိုစာအုပ်တော်တော်များများကို ဟိုဖတ်ဒီဖတ်ဖြင့် အတော်ပင်စပ်စပ်စုစုလုပ်ပါသည်။တစ်နေ့တွင်စာအုပ်တစ်အုပ်ကိုဖတ်မိပါ
သည်။မည်သူရေးထားသောစာအုပ်မှန်းတော့မမှတ်မိတော့ပါ၊ ကျန်းမာရေးနှင့်
ပတ်သက်သော စာအုပ်ဖြစ်ပါလိမ့်မည်။

ထိုစာအုပ်ထဲတွင်အားကစားသမားများအတွက်ရေးထားပါသည်။ အားကစား
သမားများသည် အားကစားလုပ်သောအခါ မီးနစ်အနည်းငယ်အကြာတွင်
ခန္ဓာကိုယ်မှအရည်များ(ချွေးများ)ထွက်ပြီး.နည်းလာသောအခါ ကြွက်သားများ
တစ်ခုနှင့်တစ်ခုပွတ်တိုက်မှုများလာသောကြောင့်အပူချိန်တက်လာပြီး
ကစားအားစွမ်းရည်များလျော့နည်းသွားတတ်ပါသည်တဲ့။

အရမ်းနည်းလွန်းသွားသောအခါကြွက်သားများ တစ်ခုနှင့်တစ်ခုလိမ်ရှက်ပြီး
ကြွက်တက်ခြင်းများဖြစ်တတ်ပါသည်။ထိုသို့မဖြစ်စေရန်ခန္ဓာကိုယ်အတွင်း
သို့အရည်များ၁၅မီနစ်ခန့်ကြိုတင်သောက်သုံးထားခြင်းဖြင့်.စွမ်းရည်ကျဆင်းမှု
မဖြစ်စေရန်ကာကွယ်ထားနိုင်ပါသည်တဲ့။

ထိုသို့သောက်သုံးရာတွင်ခန္ဓာကိုယ်အတွက်အချိုးအစားမျှတစေရန် ဓါတ်
ဆားရည်(သီးစုံဓါတ်ဆားရည်မဟုတ်ပါ)ကိုသောက်သုံးထားနိုင်သည်တဲ့။
အဲဒါနဲ့ကျွန်တော်လဲဘာလုပ်သလဲဆိုတော့ ဘောလုံးမကစားခင် ဓါတ်ဆား
ရည်ကိုရေသန့်ဗူး(သို့)ငှက်ပျောဖူးပုလင်းထဲသို့ထည့်ပြီးပုလင်းတစ်ဝက်ကျော်
လောက်ထိသောက်ပါတယ်။

သောက်ပြီးကမျင်းကြောနန့်ကြောထရန်ဘောလုံးကွင်းထဲသို့သွားပြီး
ကစားပါသည်။နယ်တွင်ကစားသော ကစားပွဲများသာဖြစ်ပါသည်။စနေ၊
တနင်္ဂနွေဆိုလျှင် ထိုအချိန်က ဘောလုံးပွဲများအမြဲရှိပါသည်။ဘောလုံးပွဲမရှိ
သောရက်များတွင်လည်း မိုးချုပ်ပြီးဘောလုံးကိုသိပ်မမြင်ရသောအချိန်
တွင်မှအိမ်သို့ပြန်ရောက်ပါသည်။

ထိုသို့ ဓါတ်ဆားရည်သောက်ပြီးကစားသောအခါ ရိုးရိုးတန်းတန်းကစား
သည်ထက်ကစားအားသိသိသာသာပိုကောင်းလာပါသည်။မောလည်
အရမ်းမမောပါ။ပင်ကိုယ်စွမ်းရည်ထက် ၂ဆ (သို့)၃ဆခန့်ပိုကစားနိုင်
ပါသည်။

ကျွန်တော် ကိုယ်တိုင်စမ်းသပ်ထားသော စမ်းသပ်ချက်ဖြစ်ပါသည်။
ဘောလုံးဝါသနာရှင်များ၊အားကစားသမားများအနေဖြင့် စမ်းသပ်လုပ်
ဆောင်သော်အန္တရာယ်မဖြစ်နိုင်ပါ။ထိုသို့လုပ်ဆောင်ချက်ဖြင့်တစ်တပ်
တစ်အားအကူအညီရခဲ့လျှင်ကျွန်တော့်အနေဖြင့်ဝမ်းသာရမည်ဖြစ်ပါသည်။

ဒါဟာကျွန်တော့်ရဲ့ စေတနာလက်ဆောင်ဖြစ်ပါသည်။

No comments:

Post a Comment