Friday, January 21, 2011

ကေသရာဇာနှလုံးသား

အောင်မြင်မှုဆိုတာ.....ငါ့အတွက် အရေးကြီးတဲ့အရာ မဟုတ်သလို

ဆုံးရှုံးခြင်းဆိုတာကလည်း......ကော်ဖီခါးခါးတစ်ခွက် သောက်ရသလောက်ပါပဲ။

ငါ့မျက်ရည်တွေ ရှာမနေနဲ့......ရှားပါးပစ္စည်းတစ်ခု..

လောကဒဏ်ကိုကြောက်.....ငါဒူးမထောက်ဘူး

အရှုံးကိုကြောက်......ငါလက်မမြှောက်ဘူး

အမုန်းကိုကြောက်.....အားမပျောက်ဘူး..

ငါ့အတွက် ခွန်အား....ဗုဒ္ဓရဲ့တရားများ

ငါ့ရဲ့အင်အား......အဖေ့အမွေ စိတ်ဓာတ်များ

မင်းမသိတဲ့ အရှိတရား......ငါ့မှာရှိထား မေ့မသွားနဲ့

အဲဒါ...........ကေသရာဇာနှလုံးသား….    


No comments:

Post a Comment